စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၇၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၉၈၉) ဦးရှိပြီး ထိုအထဲမှ (၂၁၄၁၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၈၂၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းသားများ၏အခွင့်အရေး အပြည့်အဝမရရှိကြဘဲ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခံနေကြရသည်။ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို အကြောင်းပြချက်မရှိဘဲ တိုက်ပိတ်ထားသည်မှာ (၂) နှစ် နီးပါးကြာမြင့်နေပြီဖြစ်ပြီး ၎င်းတို့ထံမှ ငွေကြေးအကျပ်ကိုင်မှုများလည်း ရှိကြောင်း သိရှိရသည်။ ထို့ပြင် ဧရာဝတီတိုင်း၊ ဟင်္သာတအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများထံ အကြောင်းပြချက်အမျိုးမျိုးဖြင့် ငွေကြေးတောင်းခံမှုများရှိနေပြီး ဖိနှိပ်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နီးပါး အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်းများ ပိုမိုဆိုးရွားစွာ လုပ်ဆောင်လျက်ရှိသောကြောင့် ပြည်သူများမှာ အသက်အန္တရာယ်ကြားထဲတွင် ရှင်သန်နေထိုင်နေကြရသကဲ့သို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသည့် စစ်ဘေးရှောင်အရေအတွက်မှာလည်း ပိုမိုများပြားလာလျက်ရှိသည်။ ထို့ပြင် ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသား ၃ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

