ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ ကိုယ်ရေးအကျဉ်း

အေအေပီပီမှုတွဲအမှတ်နိုင်ငံရေးအကျဉ်းသားအမည်။ မင်းထင်ကိုကိုကြီး
လိင်။ ကျား
လူမျိုး ဗမာမွေးသက္ကရာဇ်။
အသက် ၅၈နှစ်
မှတ်ပုံတင်အမှတ်။
ကိုးကွယ်သည့်ဘာသာ။ ဗုဒ္ဓဘာသာ
မိဘအမည်။ ဦးပန် + ဒေါ်ခင်အိ
ပညာအရည်အချင်း။ အင်ဂျင်နီယာအလုပ်အကိုင်။ ကဗျာဆရာ၊ ဒါရိုက်တာ
နေရပ်လိပ်စာ။ နံသာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန် (မင်းဘူးဇာတိ)
ဖမ်းဆီးရက်စွဲ။ ဧပြီလ ၁၂ရက်နေ့ ၂၀၁၉ခုနှစ်
ဥပဒေပုဒ်မ။ ၅၀၅ (က)
အမိန့်ချမှတ်တမ်း။ သြဂုတ်လ ၂၉ရက်နေ့ ၂၀၁၉ခုနှစ်
ကြားနာသည့်တရားရုံး အင်းစိန်မြို့နယ်တရားရုံး
ကျနှစ်။ ၁နှစ်
ရှေ့နေအမည်။ တရားလွှတ်တော်ရှေ့နေဦးရောဘတ်ဆန်းအောင်
တရားသူကြီးအမည်။
တရားလိုအမည်။ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းထောင်အမည်။
အင်းစိန်လွတ်ရက်။
ကျန်းမာရေးအခြေအနေ။     ။အသဲကင်ဆာဝေဒနာခံစားနေရပါသည်။
လက်ရှိအခြေအနေအကျဉ်းချုပ်။ကိုမင်းထင်ကိုကိုကြီးသည် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁နှစ် ကျခံနေရသည်။

ဘဝဖြတ်သန်းမှု။ကဗျာဆရာ၊ ဒါရိုက်တာအဖမ်းအဆီးအသေးစိပ်။ကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂၀၀၈ အခြေခံဉပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်၏ရပ်တည်မှုနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ် ပေါ်တွင် ဝေဖန်ရေးသားမှုများပြုလုပ်ခဲ့၏။ သူ၏ ဝေဖန်ရေးသားမှု ၁၁ချက်အတွက် တပ်မတော်က မင်းထင်ကိုကိုကြီးအား ၂ ရက် ဧပြီလ ၂၀၁၉ နေ့ကလည်း ယင်းဝေဖန်ရေးသားချက် ၁၁ ချက်အတွက်ပင် အင်းစိန်မြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးချိန်းခေါ်ယူခဲ့ပြီးနိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ဖြင့် အာမခံမပေးပဲအင်းစိန်အကျဉ်းထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ထို့အပြင် ပုဒ်မ ၆၆ (ဃ) ဖြင့် အင်းစိန်ရဲစခန်းတွင် ၂၉ရက် မတ်လ ၂၀၁၉ နေ့က ထပ်မံတိုင်ကြားအမှုဖွင့်ခဲ့သည်။ထောင်မှတ်တမ်းအသေးစိပ်။ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် ဧပြီလ ၁၂ရက်နေ့ ၂၀၁၉ခုနှစ်တွင်ဖမ်းဆီးခြင်းခံရပြီး အင်းစိန်ထောင်သို့ပို့ဆောင်ခြင်းခံခဲ့ရပါသည်။ ထို့နောက် သူသည် အင်းစိန်ထောင်တွင်းမှ ၄လကြော်လောက်အမှုရင်ဆိုင်ခဲ့ရပြီး သြဂုတ်လ ၂၉ရက်နေ့ ၂၀၁၉ခုနှစ်တွင် အင်းစိန်မြို့နယ်တရားရားမှ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းခံခဲ့ရပါသည်။ဒေါင်းလော့ရယူရန် Min Htin Ko Ko Gyi\’s Burmese Profileယခုကိုယ်ရေးမှတ်တမ်းကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် မှတ်တမ်းတင် ပြုစုခဲ့သည်။