Mental Health Awareness and Self-care Training ကို ပို့ချပေးခြင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) သင်တန်းနည်းပြ ကိုထင်အောင်သည် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ပြုလုပ်သော လူ့အခွင့်အရေး (နည်းပြ)နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (မွမ်းမံ)သင်တန်း၌ Mental Health Awareness and Self-care Training ကို ဇွန်လ ၁၈ ရက်နေ့တွင် ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၄ ဦး တက်ရောက်ခဲ့သည်။