မြင်းခြံထောင်၌ နိုင်ငံရေးအကျဉ်းသားတဦး ထောင်တွင်း၌ ကွယ်လွန်
ရက်စွဲ။ ။ မေလ ၁၉ ရက် ၂၀၁၀
နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုကျော်စိုး ယနေ့နံက်တွင် မြင်းခြံ ထောင် တွင်း၌ ကွယ်လွန်သွားကြောင်း ကျနော်တို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ကြားသိရပါသည်။ အသက် ၃၉ နှစ် ရှိ ကိုကျော်စိုးသည် ၁၉၈၈ ခုနှစ်မှ ှစတင်၍ ထောင်တွင်း၌ ကွယ်လွန်သူများ စာရင်းတွင် ၁၄၄ ဦးမြောက် ကွယ်လွန်သူ ဖြစ်ပါသည်။ အေအေပီပီမှ ကိုကျော်စိုးကွယ်လွန်မှုအပေါ် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းကိုလည်း ဖေါ်ပြလိုပါသည်။
အမိုျးသားဒီမိုကရေစီအဖွဲ့ခုျပ် အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် အဖွဲ့ဝင်တဦးလည်းဖြစ်သူကိုကျော်စိုး (ခ) ကိုကျော်ကျော်စိုး (ခ) ကိုဂျက်ဖရီသည် တောင်ကြီးမြို့ သစ်တော ရပ်ကွက် တွင် နေထိုင်သူဖြစ်ပါသည်။ ကိုကျော်စိုးသည် ၂၀၀ရ ခုနှစ် စက်တင်ဘာလ ၁ရ ရက်နေ့တွင် တောင်ကြီးမြို့၌ အဖမ်းခံခဲ့ရပြီး ရန်ကုန်ရှိ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားခဲ့ရပါသည်။ ကိုကျော်စိုးသည် ပုဒ်မ ၁ရ (၁)၊ ပုဒ်မ ၁၃ (၁)၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် စွဲဆိုခြင်းခံရပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံခဲ့ရပါသည်။ ထို့နောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်ထောင်မှ မြန်မာပြည်အလယ်ပိုင်း မြင်းခြံ ထောင်သို့ ထောင်ပြောင်းခံခဲ့ရပါသည်။
ကိုကျော်စိုးသည် မြင်းခြံထောင်၌ အသက်ရှူရခက်သည့်ဝေဒနာ နှင့် အစာအိမ်နှင့်ပတ်သက်သည့် ဝေဒနာများအား ခံစားခဲ့ရကြောင်း သိရှိ ရပါ သည်။ အေအေပီပီအတွင်းရေးမှူးဖြစ်သူကိုတိတ်နိုင်မှ “ကိုကျော်စိုး ဆုံးသွား တာက ၁၉၈၈ ခုနှစ်ကနေ အခုအချိန်အထိ ၁၄၄ ယောက်မြောက် ်ဖြစ်ပါတယ်။ သူကျန်းမာရေး မကောင်းတော့ သူ့မိသားစုက ဆေးဝယ် ပေးမယ်၊ သေသေ ချာချာ ကုသပေးပါရစေဆိုပြီး မြင်းခြံထောင်က ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ အာဏာပိုင်တွေက ဆေးဝါး လုံလုံလောက်လောက် ရှိတယ်၊ သူတို့လဲသေချာကုပေးနေတယ်ဆိုပြီးအကြောင်းပြန်ခဲ့တော့ သူ့မိသားစုက သူ့အတွက်ဆေးတွေလည်း ပေးခွင့် မရဘူး၊ သူ့ကိုလည်း သေချာကုပေးခွင့်မရခဲ့ဘူး။ အခုတော့ ကိုကျော်စိုးအသက်ဆုံးတဲ့အထိ ဖြစ်သွားရတာပဲ။” “မြန်မာနိုင်ငံထဲက ထောင်တွေရဲ့ ဆိုးဝါးလှတဲ့ အခြေအနေ တွေ၊ သင့်တော်လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတာတွေ၊ ဆေးကုသခွင့် ငြင်းပယ်ခံရတာတွေ၊ နှိပ်စက်ညှဉ်းပမ်းခံရတာတွေက အကျဉ်းသားတွေ ကျန်းမာရေးထိခိုက်စေတဲ့ အခြေခံအကြောင်းရင်းတွေဖြစ်ပြီးတော့ အဲဒါတွေကြောင့် နိုင်ငံရေးအကျဉ်းသား မြောက်များစွာ ထောင်တွေထဲမှာ အသက်မဆုံးသင့်ပဲ ဆုံးခဲ့ကြရတာပါ” ဟု ရှင်းပြပါသည်။
ကွယ်လွန်သူ ကိုကျော်စိုးတွင် ဇနီးဖြစ်သူ မမေဟန်အိနှင့် ရ နှစ်အရွယ် သမီးငယ်တဦး ကျန်ခဲ့ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) – ၆၆ (၀) ၈၁ ၂၈ရ ၈၇၅၁
ကိုဘိုကြည် (တွဲဖက် အတွင်းရေးမှူး) – ၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃