သူရဲကောင်းများအား ဂုုဏ်ပြုပွဲ
ကျန်ရှိနေသေးသော ကျဆုုံးသူရဲကောင်းများအား ၂၃ မတ် ၂၀၁၆ တွင် ဂုုဏ်ပြုပွဲ ကျင်းပမည် ဖြစ်ပါသဖြင့် ကျဆုုံး သူရဲကောင်းတစ်ဦးလ ျှင် ကျပ် ၅သိန်းနှုန်းဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုုက်သော်လည်းကောင်း ပါဝင်လှူဒါန်းနိုုင်ကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
နိုုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းမှတ်တမ်းများအရ အကျဉ်းထောင်တွင်းနှင့် စစ်ကြောရေးစခန်းများတွင် ကျဆုုံးသွားသော ကျဆုုံးနိုုင်ငံရေးအကျဉ်းသားပေါင်း ၂၀ဝ ကျော်ရှိပြီး၊ ၂ ဇန်နဝါရီ ၂၀၁၄ တွင် ပထမအကြိမ်အဖြစ် ကျဆုုံးသူရဲကောင်း ၅၅ ဦးတိုု့အတွက် တစ်ဦးလ ျှင် ကျပ် ၁ဝသိန်းနှင့် ဂုုဏ်ပြုလက်မှတ် တစ်ခုု စီအား ၎င်းတိုု့၏မိသားစုုဝင်များအား ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
ကျန်ရှိနေသေးသော ကျဆုုံးသူရဲကောင်းများအတွက် တစ်ဦးလ ျှင် ဂုုဏ်ပြုလက်မှတ်နှင့်တကွ ကျပ် ၅သိန်း ပေးအပ်ရန် ရည်ရွယ်ထားပြီး၊ နိုုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကျဆုုံးနိုုင်ငံရေးအကျဉ်းသား ၄ဝ အတွက် ကျပ် သိန်း၂၀ဝ မတည်ထားပြီးဖြစ်ပါသည်။
ကျန်ရှိနေသေးသော ကျဆုုံး သူရဲကောင်းများအား ဂုုဏ်ပြုနိုုင်ရန် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုုက်သော်လည်းကောင်း လှူဒါန်းနိုုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
လှူဒါန်းလိုုသူများ ဆက်သွယ်ရန်။ ။ ကိုုဘိုုကြည် (တွဲဘက် အတွင်းရေးမှူး)
ထိုုင်းဖုုန်း။ ။၀၈၁၉ ၆၂၈၇၁၃
မြန်မာဖုုန်း။ ။ ဝ၉ ၄၂၅၃၀၈၈၄၀
email: : leahleahaung@gmail.com
ကိုုအောင်မျိုးကျော် (Office Manager)
၀၉ ၄၂၈၁၁၇၃၄၈
tawwin09@gmail.com
နိုုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုုင်ငံ)
Assistance Association for Political Prisoners (AAPP-B)
မတ်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် ကျဆုံးနိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲတွင် အောက်ပါကျဆုံးနိုင်ငံရေးအကျဉ်းသားများအား မှတ်တမ်းတင်ဂုဏ်ပြုုပွဲ ပြုလုပ်မည်ဖြစ်ပါသည်။ ၎င်း တို့၏မိသားစုဝင်များမှ ဂုဏ်ပြုလွှာများ လက်ခံမည်ဖြစ်ပါသည်။ ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျဆုံးနိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။
ဒုတိယအကြိမ် ကျဆုံးနိုင်ငံရေးအကျဉ်းသားများဂုဏ်ပြုပွဲအတွက် ကျဆုံးနိုင်ငံရေးအကျဉ်းသားများစာရင်း ဒေါင်းလော့ရယူရန်
