စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ ထောက်ပံ့ကူညီရေး အစီအစဉ် (MHAP)

နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစုဝင်များသည် စိတ်ဒဏ်ရာရခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ဒဏ်ရာဖြစ်စေသော ဖြစ်ရပ်များကို ကြုံတွေ့ပြီးနောက် ခံစားရသော စိတ်ဖိစီး ကစင့်ကလျားဖြစ်မှုများ (PSTD) နှင့် စိုးရိမ်ကြောင့်ကြမှုများကို အများအားဖြင့် ခံစားကြရသောကြောင့် အေအေပီပီ နှင့် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တို့ ပူးပေါင်းကာ စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ ကူညီထောက်ပံ့ရေး အစီအစဉ် (MHAP) ကို စတင်လုပ်ဆောင်ခဲ့ကြပါသည်။

(MHAP) အစီအစဉ်ကို စတင်ပြီး ပူးပေါင်းလုပ်ဆောင်စဉ်ကာလတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ယေဘူယျ  တွေ့ကြုံခံစားရလေ့ရှိသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများအား ကုသနိုင်ရန်အတွက် တိကျသောနည်းများကို ရှာဖွေနိုင်ရန် အရည်အသွေးပြည့်မီသော သုတေသနအဖွဲ့မှ  နိုင်ငံရေးအကျဉ်းသားဟောင်းများ ခံစားရလေ့ရှိသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများအား ရှာဖွေ သတ်မှတ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါသည်။  ၂၀၁ဝ ခုနှစ် တွင် MHAP အစီအစဉ်အား ဂျွန်ဟော့ပ်ကင်း ယူနီဗာစတီနှင့် (JHU) နှင့်ပူးတွဲကာ မဲဆောက် နယ်စပ်ဧရိယာတွင် စတင်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ နိုင်ငံအတွင်း ( ရန်ကုန် နှင့် မန္တလေးမြို့ များ) တွင် ချဲ့ထွင် လုပ်ဆောင်ခဲ့ပါသည်။  သုတေသနအဖွဲ့၏ ကိန်းဂဏန်းများအရ စိတ်ဒဏ်ရာရခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း၊ စိတ်ဒဏ်ရာဖြစ်စေသော ဖြစ်ရပ်များကို ကြုံတွေ့ပြီးနောက် ခံစားရသော စိတ်ဖိစီးကစင့်ကလျားဖြစ်မှုများ (PSTD) နှင့် စိုးရိမ်ကြောင့်ကြမှုများကို အတိကျဆုံး ချဉ်းကပ်ကုသနိုင်မှုသည် Congnitive Based Therapy, Congnitive Processing Therapy, Interpersonal Psychotherapy, Exposure Therapy နှင့် Behavioral Activation များပါဝင်သည့် Common Elements Treatment Approach (CETA) ဟုခေါ်ဆိုသည့် နည်းစနစ်ပင်ဖြစ်သည်။  စိတ်ဒဏ်ရာရရှိသူများအနေဖြင့် စိတ်ဓါတ်ကျဆင်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဒဏ်ရာရခြင်းများကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ကုသနိုင်ရန်အတွက်  ထိုအဓိက ကုသမှုနည်းစနစ်များမှတစ်ဆင့် ထိုစိတ်ဒဏ်ရာရှိသူများအား နည်းအမျိုးမျိုး သင်ကြားပေးနိုင်ရန် ရည်ရွယ်ပါသည်။

လက်တွေ့အနေဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ၂၀၁၁ ခုုနှစ်မှစ၍ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။ အစကနဦးပိုင်းတွင် စိတ်ကျမ္မာရေးဆိုင်ရာပညာပေးရေးနှင့် ပတ်သက်၍ ဗဟုသုတ အားနည်းနေသေးသဖြင့် JHU မှ အထောက်အကူပြုနိုင်မည့် ပုံစံသစ်များကို ဖန်တီးပေးခဲ့သည်။ ပုံစံသစ်များကို ဖန်တီးခြင်းဖြင့် အမေရိကန်နိုင်ငံနေ သင်တန်းဆရာများမှ မြန်မာနိုင်ငံရှိ MHAP အဖွဲ့များအား စိတ်ကျမ္မာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုနှင့် ကုသမှု စနစ်အမျိုးမျိုးကို သင်ကြားပေးနိုင်ရန် ရည်ရွယ်ပါသည်။  အမေရိကန်နိုင်ငံရှိ ကြီးကြပ်ကွပ်ကဲသူမှ ပြည်တွင်း ကြီးကြပ်သူများအား အထောက်အကူပြုသင်တန်းများ သင်ကြားပေးနေစဉ်အတွင်း ပြည်တွင်းကြီးကြပ်ကွပ်ကဲသူများမှ နှစ်သိမ့်ဆွေးနွေးမှု ပေးမည့်သူများအား စဉ်ဆက်မပြတ် အထောက်အကူပြုသင်တန်းများ၊ ဦးဆောင်မှုများ ပေးနေရမည်ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ကုသမှုအစီအစဉ်နှင့် စပ်လျဉ်းပြီး ဆုံးဖြတ်မှုများအားလည်း အနီးကပ် စောင့်ကြည်အကဲခတ်သွားမည် ဖြစ်သည်။

aaaaaaaaaaaaaa

Trainers- လေ့ကျင်သင်ကြားပေးသူများSupervisors- ကြီးကြပ်ကွပ်ကဲသူများ

Counselors-  နှစ်သိမ့်ဆွေးနွေးမှု ပေးသူများ

Clients –  စိတ်ဓါတ်ကျဆင်း၊ စိတ်ဒဏ်ရာ ရရှိသူများ

၂၀၁၃ ခုနှစ် မေလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း အရေအတွက်  (၉၆) ဦးကိုတွေ့ဆုံ၍ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ယခုလက်ရှိကာလအထိ မဲဆောက်မြို့တွင် ဦးရေ (၁၈၀) ဝန်းကျင်ကို နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ် ပေးနိုင်ခဲ့ပါသည်။ အနှစ်ချုပ်အနေဖြင့် ပြောရမည်ဆိုလျှင် MHAP အစီအစဉ်သည် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများ ဖလှယ်ရာ နှင့် ဆွေးနွေးစကားများပြောဆိုနိုင်ရာ နေရာတစ်ခုကို ပြုလုပ်ဖန်တီးပေးထားသည့် အဓိက ကူညီပံ့ပိုးပေးမှု အစီအစဉ်တစ်ခုပင်ဖြစ်သည်။  ထို MHAP အစီအစဉ်သည် အေအေပီပီ၏ ကူညီထောက်ပံ့ရေး အစီအစဉ်များထဲမှ အအောင်မြင်ဆုံး အစီအစဉ်တစ်ခုဖြစ်ပြီး MHAP ၏ နှစ်သိမ့်ဆွေးနွေးမှုအစီအစဉ်မှ အကျိုးကျေးဇူးဖြစ်ထွန်းခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ အကောင်းမြင် သဘောထားတုန့်ပြန်မှုများကိုလည်း လက်ခံသိရှိခဲ့ရပါသည်။  ထိုကဲ့သို့ MHAP အစီအစဉ်ဖြင့် ပူးတွဲလုပ်ဆောင်ရသည့်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အထောက်အကူဖြစ်စေသည့် စိတ်ကျမ္မာရေး မြှင့်တင်ပေးရေးနှင့်ဆိုင်သော နေရာဌာနများအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် တိုးချဲ့နိုင်သလို ကျွမ်းကျင်သော နှစ်သိမ့်ဆွေးနွေးပေးသူများ အရေအတွက်ကိုလည်း တိုးမြှင့်နိုင်မည်ဟု အေအေပီပီမှ ယုံကြည်ပါသည်။မြန်မာနိုင်ငံအတွင်းတွင် ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလမှ မတ်လအထိ သင်တန်းများ စတင်ပေးအပ်နိုင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် ရန်ကုန်မြို့တွင် နှစ်သိမ့်ဆွေးနွေးမည့်သူ အသစ် (၅) ဦး နှင့် ကြီးကြပ်ကွပ်ကဲသူ (၁) ဦး၊ မန္တလေးမြို့တွင် နှစ်သိမ့်ဆွေးနွေးမည့်သူ (၃) ဦးနှင့် ကြီးကြပ်ကွပ်ကဲသူ (၁) ဦး မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းတွင် MHAP အဖွဲ့အား ရန်ကုန်မြို့၌ နှစ်သိမ့်ဆွေးနွေးမည့်သူ (၁၄) ဦးနှင့် ကြီးကြပ်ကွပ်ကဲသူ (၄) ဦး၊ မန္တလေးမြို့၌ နှစ်သိမ့်ဆွေးနွေးမည့်သူ (၂) ဦး၊ ကြီးကြပ်ကွပ်ကဲသူ (၁) ဦး နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နှစ်သိမ့်ဆွေးနွေးမှု ပေးမည့်သူ (၅) ဦး၊ ကြီးကြပ်ကွပ်ကဲသူ (၁) ဦး ရှိသည်အထိ တိုးချဲ့နိုင်ခဲ့ပါသည်။  ထို MHAP အဖွဲ၏ ဦးဆောင် ကြီးကြပ်ကွပ်ကဲသူအဖြစ် ကိုကျော်စိုးဝင်း (မဲဆောက်မြို့တွင် နေထိုင်သူ) နှင့် ဒုတိယ ဦးဆောင်ကြီးကြပ်ကွပ်ကဲသူ အဖြစ် ကိုစောသက်ထွန်း (ရန်ကုန်မြို့တွင်နေထိုင်သူ) မှ တာဝန်ယူလုပ်ဆောင်ကြပါသည်။   ထိုသူ (၂) ဦးသည် မဲဆောက်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ MHAP အဖွဲ့(၃) ဖွဲ့တို့အတွက် တာဝန်ယူ စီမံခန့်ခွဲရသူများလည်း ဖြစ်ပါသည်။