အလုပ်သင်ဝန်ထမ်း အခွင့်လမ်းများ

အေအေပီပီ၌ အလုပ်သင်ဝန်ထမ်း တစ်ယောက်အဖြစ် လုပ်ကိုင်နေစဉ်ကာလအတွင်း သင်သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ၏ အကြောင်းအရာများကို ကျယ်ပြန့်စွာ လေ့လာသိရှိနိုင်မည်ဖြစ်ပြီး အေအေပီပီ၏ လုပ်ငန်းများကို ကူညီလုပ်ဆောင်ပေးရမည်ဖြစ်သည်။ အလုပ်သင်ဝန်ထမ်း အဟောင်းများသည် ၎င်းတို့အေအေပီပီတွင် ရှိ်နေ၊ အလုပ် လုပ်ကိုင်နေစဉ် ကာလအတွင်း နာရီအနည်းငယ် အခြေခံ အင်္ဂလိပ်စာ သင်ကြားမှုများကို တာဝန်ယူထားသည့် အတွက် အေအေပီပီမှ မြန်မာဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာ လေ့ကျင့်သင်ယူနိုင်ခွင့်များ ရရှိနိုင်ပါသည်။ ထိုတာဝန်သည် အေအေပီပီ အလုပ်သင်ဝန်ထမ်း၏ အဓိက တာဝန်တစ်ရပ်မဟုတ်သော်လည်း အလုပ်သင်ဝန်ထမ်း အတော်များများသည် အေအေပီပီ၏ မြန်မာဝန်ထမ်းများအား အင်္ဂလိပ်စာ သင်ကြားပေးလေ့ ရှိပါသည်။
အေအေပီပီ အလုပ်သင်ဝန်ထမ်း တစ်ဦး၏ အဓိကတာဝန် နှင့် ဝတ္တရားများ

  • အေအေပီပီ၏ လစဉ် ခရော်နော်လော်ဂျီ (Chronology) (မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများနှင့် စပ်လျဉ်းပြီး ၎င်းတို့၏ အခြေအနေများ အဓိက တိုးတက်မှုဖြစ်စဉ်များကို အချိန်အစီအစဉ်အလိုက် လစဉ် ရေးသားထားမှု) များအား ရေးသား ထုတ်ပြန်ခြင်း၊ သုတေသနစာတမ်းများကို စုဆောင်းပြင်ဆင် ထုတ်ဝေပေးခြင်း။
  • မြန်မာသတင်းဌာနများမှ ရရှိလာသော နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်သည့် သတင်းများ  မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားမှုကို တည်းဖြတ်ပေးခြင်း။
  • ရရှိလာသော သတင်းများ တိကျမှု ရှိစေရန်အတွက် ပြန်လည်မေးမြန်း စစ်ဆေးခြင်း။
  • နိုင်ငံရေးအကျဉ်းသားများနှင့် စပ်လျဉ်းပြီး လစဉ် ကိန်းဂဏန်းများ ရရှိရန် အေအေပီပီမှ ဝန်ထမ်းနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ စာရင်းအသစ်များစုဆောင်း ပြုလုပ်ခြင်း။
  • အထွေထွေ ရုံးလုပ်ငန်းများကို လုပ်ဆောင်ရခြင်း။

အလုပ်သင်တယောက်၏ လိုအပ်ချက်သတ်မှတ်မှု

    • မြန်မာပြည်နဲ့ ပတ်သက်ပြီး ထက်သန်သော စိတ်ဝင်စားမှုရှိရမည်။

 

  • အင်တာနက်ကို အခြေခံပြီး တိကျသော သတင်းအချက်အလက် ရှာဖွေသုတေသန ပြုလုပ်ကာ အသေးစိတ်အချက်အလက်များ ရရှိရန်ကိုလည်း လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။

 

  • (မြန်မာဘာသာစကား တတ်ကျွမ်းရန် မလိုအပ်သော်လည်း) အင်္ဂလိပ်ဘာသာစကား အပြောနှင့် အရေးတွင် အထူး ကျွမ်းကျင်ရမည်။
  • မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်ကို ကျွမ်းကျင်စွာ တည်းဖြတ်နိုင်ရမည်။
  • အကဲဖြတ် ဆန်းစစ်သုံးသပ်နိုင်မှုတွင် ကျွမ်းကျင်ရမည်။
  • အမှှီခိုကင်းစွာလုပ်ဆောင်နိုင်မှုနှင့် မိမိကိုယ်တိုင်စတင်လုပ်ဆောင်နိုင်စွမ်း ရှိရမည်။
  • သတ်မှတ်ရက်အတွင်း အလုပ်များ ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းရှိရမည်။
  • အနည်းဆုံး ၃ လ အလုပ်သင်ကာလအတွင်း တပတ်လျှင် ၅ ရက် အလုပ် လုပ်နိုင်ရမည်။

အေအေပီပီအဖွဲ့အစည်းအနေဖြင့် အလုုပ်သင်ဝန်ထမ်းများ၏ နေထိုင်စရိတ်အတွက် ထိုင်းငွေကြေး       (၃၀၀၀) ဘတ် ကို ၎င်းတို့၏ အလုပ်သင်ကာလ (၃) လ အတွင်း လစဉ်ထောက်ပံ့ပေးပါသည်။ သင်တို့အနေဖြင့် အထက်ပါဖော်ပြချက်များကို တာဝန်ယူ လုပ်ဆောင်နိုင်မည်ဆိုပါက မည်သည့်ကာလနှင့် မည်သည့်အချိန်မှ စတင်ပြီး အေအေပီပီတွင် အလုပ်လုပ်နိုင်မည်ဆိုသည်ကို စုံစမ်းသိရှိရန်အတွက် မိမိတို့၏ ဆက်သွယ်ရန်လိပ်စာ info@aappb.org သို့ ဆက်သွယ်ကာ သင်တို့၏ အလုပ်အကိုင်နှင့် ပတ်သက်ပြီး ကိုယ်ရေးရာဇဝင်ဖြည့်ထားသောပုံစံ၊   ထောက်ခံချက်ပေးထားသည့် စာရွက်စာတမ်းများနှင့် တကွ မည်သည့်ရက်တွင် စတင်လုပ်ဆောင်နိုင်သည်ကို ထည့်သွင်းဖော်ပြ ပေးစေလိုပါသည်။