DATABASE

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက် စုဆောင်းခြင်းကဏ္ဍမှ ကြိုဆိုပါသည်။ အချက်အလက် စုဆောင်းခြင်းကဏ္ဍတွင် လက်ရှိ (နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျဆုံးနိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ကွယ်လွန်သွားကြသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အချက်အလက်များကို) ရှာဖွေနိုင်ပြီး ၎င်းတို့ အကျဉ်းကျခြင်း နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကိုလည်း ရှာဖွေ ကြည့်ရှု့နိုင်သည်။ အချက်အလက်စုဆောင်းခြင်းကဏ္ဍသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများနှင့် အရေးကြီးသော သက်သေခံချက်များကို စုဆောင်းရန်နှင့် မှတ်တမ်းတင်ရန် ဖန်တီး ပြုလုပ်ထားခြင်းဖြစ်သည်။

အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ရာတွင် ထိရောက်မှုရှိစေရန်အတွက် အတိတ်ကာလတွင် ဖြစ်ပွား ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြန်လည် အမှတ်ရနေစေရန် လိုအပ်ပါသည်။ အချက်အလက်စုဆောင်းခြင်း ကဏ္ဍသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများနှင့် အရေးကြီးသော သက်သေခံ ချက်များကို စုဆောင်းရန်နှင့် မှတ်တမ်းတင်ရန် ဖန်တီး ပြုလုပ်ထားခြင်းဖြစ်သည်။

ထိုကဏ္ဍကို ဝင်ရောက်နိုင်ရန် နည်းလမ်း နှစ်မျိုးရှိသည်။ ပထမနည်းလမ်းတွင် ဖော်ပြပါလင့်ခ်ကို နှိပ်ခြင်းအားဖြင့်   မည်သူမဆို ဝင်ရောက်၍   (လက်ရှိနိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ကျဆုံးနိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ကွယ်လွန်သွားကြသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ စာရင်းနှင့်) မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ရုန်းကန်ခဲ့ရပုံများကို ဖော်ပြထားသည့် ဓာတ်ပုံတချို့ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ဒုတိယနည်းလမ်းသည် “Restriced Researcher Acess” ဖြစ်ပြီး ထိုနည်းလမ်းကို သုတေသီများ၊ သတင်းသမားများ၊ ပညာရေး ဆိုင်ရာ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသာ ဝင်ရောက်နိုင်သည်။ ဒုတိယနည်းလမ်းသည် နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်၍ ပို၍ အသေးစိတ်ကျပြီး ထိခိုက်လွယ်သော အမှုများကိုသာမက AAPP လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ထိခိုက်လွယ်သော သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည့်အတွက်ကြောင့် ဒုတိယနည်းလမ်းကို ဝင်ရောက် ကြည့်ရှုသူများသည် ‘Restricted Researcher Access’ account ကို မှတ်ပုံတင်ရမည်ဖြစ်သည်။ ထိုအကောင့်မှ သင်၏ လျှောက်ထားချက်ကို သုံးသပ်ပြီးနောက်မှာသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သတင်းအချက် အလက်များကို ပို၍ သိချင်ပါက ယခုဖော်ပြထားသော လင့်ခ်ကို နှိပ်၍ ဖတ်ရှုနိုင်သည်။

အချက်အလက်စုဆောင်းခြင်းကဏ္ဍကို အသုံးပြုချိန်တွင် အမည်၊ ဖမ်းဆီးခြင်းခံရသည့် ရက်စွဲ၊ မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုခံရခြင်း၊ နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြုသည့် အဖွဲ့အစည်းနှင့် ၎င်းတို့၏ ဥပဒေရေးရာ လုပ်ငန်းစဉ် အခြေအနေကဲ့သို့သော အမျိုးမျိုးသော ခေါင်းစဉ်များကို  အမျိုးအစားအလိုက် ခွဲခြားနိုင်သည်။ ၎င်းအပြင် သိလိုသည့် အမှုများကို ရှာဖွေရန်အတွက် “search function” ကို အသုံးပြုနိုင်သည်။

APP မှ အချက်အလက်စုဆောင်းခြင်းကဏ္ဍကို စတင် အကောင်အထည်ဖော်လျက်ရှိ၍ ထိုကဏ္ဍကို တိုးတက်စေရန်အတွက် ကူညီမှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထို့ပြင် အချက်အလက်စုဆောင်းခြင်းကဏ္ဍတွင် ကျွန်ုပ်တို့မှ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များထည့်သွင်းခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။  ထပ်မံမွမ်းမံရန် လိုအပ်သော သတင်းအချက်အလက်များကို တွေ့ရှိလျှင် သို့မဟုတ် ထပ်မံထည့်သွင်းထားသော သတင်းအချက်အလက်များကို သိရှိလိုလျှင် သို့မဟုတ် အကြံပြုချက်များကို ပေးပို့လိုလျှင် AAPP ၏ info@aappb.org ကို ဆက်သွယ်ပေးပို့နိုင်ပါသည်။

Solidarity,

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)