စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ပေးရေးအစီအစဉ် (MHAP)မှ ပြုစုသော အစီရင်ခံစာ တင်ပြခြင်း အခမ်းအနား

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည် မြှင့်တင်ပေးရေးအစီအစဉ် (MHAP)မှ ပြုစုသော “မြန်မာနိုင်ငံ တွင် ဖြစ်လေ့ဖြစ်ထရှိသော စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှု” အစီရင်ခံစာကို ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ပဲခူးတိုင်းလွှတ်တော်အဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။ ထိုအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဦးသန်းထိုက်ဝင်းမှ ဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးကြည်ဇင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး AAPP ၏ သမိုင်း အကျဉ်းချုုပ်ကို ဦးဗိုလ်ဗိုလ်လင်းမှ တင်ပြခဲ့သည်။ ထို့နောက် အစီရင်ခံစာ ပထမပိုင်းကို MHAP အစီအစဉ်တာဝန်ခံ ဦးကျော်စိုးဝင်းမှ လည်းကောင်း၊ အစီရင်ခံစာ ဒုတိယပိုင်းကို သင်တန်းနည်းပြ ဦးထင်အောင်မှ လည်းကောင်း ရှင်းလင်း တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တော်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးကျော်စိုးဝင်းနှင့် ဦးထင်အောင်တို့မှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။