ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် MHAP အအေပေီပီတွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌရုံးခန်း၌ စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှုအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကျင်းပနိုင်ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲအား လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်နှင့် အေအေပီပီမှ ကိုအောင်မျိးကျော်(ရန်ကုန်ရုံးတာဝန်ခံ)၊ ကိုဗိုလ်ဗိုလ်လင်း(စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေးဌာန- စူပါဗိုက်ဆာ)၊ ကိုလွင်မိုးမြင့်(ကောင်ဆယ်လာ)တို့မှ ယနေ့ ၁၄ ဒီဇင်ဘာ ၂၀၁၈ နေ့တွင် အသေးစိတ်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှုအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကို လာမည့် ၂၈ ဒီဇင်ဘာ မနက် ၁ဝနာရီမှ၁၂နာရီထိ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပါသည်။