နို်င်ငံတကာသဘောတူစာချုပ်များ တရားဝင်အတည်ပြုလက်မှတ်ရေးထိုးခြင်း

 နိုင်ငံတကာ သဘောတူစာချုပ်များ တရားဝင် အတည်ပြု လက်မှတ်ရေးထိုးခြင်း-မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး သဘောတူစာချုပ်၊ နောက်ဆက်တွဲစာချုပ်နှင့် ပဋိညာဉ်စာချုပ်များ လက်မှတ်ရေးထိုးသင့်သည့် အကြောင်းတရားများ” အစီရင်ခံစာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြင့် ယနေ့တွင် ထုတ်ဝေလိုက်သည်။ ထိုအစီရင်ခံစာတွင် နိုင်ငံတကာဥပဒေ အောက်/အရ မြန်မာနိုင်ငံ၏ လက်ရှိ တာဝန်ဝတ္တရားများ၊ မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုကာလတွင် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏  အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခက်အခဲအတားအဆီးများနှင့် UNCAT နှင့် ICCPR တို့ကို မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး အတည်ပြုရန်လိုအပ်သည်ကို သုံးသပ်၊အကြံပြုချက်များ စသည်တို့ ပါဝင်သည်။ ထိုအစီရင်ခံစာကို AAPP ၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်သည့်အပြင် ရန်ကုန်ရုံးနှင့် မဲစောက်ရုံးတို့တွင်လည်း ကိုယ်တိုင်လာရောက် ရယူနိုင်သည်။

အပြည့်အစုံကိုဒေါင်းလော့ရယူနိုင်ရန် ratification-mmbur