PAUNG SIE FACILITY မှကိုယ်စားလှယ်အဖွဲ့လာရောက်လည်ပတ်

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့၊ နေ့လည် ၃ နာရီ ၂ဝမိနစ်ခန့်တွင် – PAUNG SIE FACILITY မှ Anthony Neil နှင့် Myo Hein Htut (Programme Officer) တို့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရုံးသို့လာရောက်ပြီး Memory of the Past ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ အေအေပီပီ(AAPP)မှ တာဝန်ရှိသူများက လိုက်လံရှင်းပြပေးခဲ့ပါသည်။ ထို့နောက် အေအေပီပီမှတာဝန်ရှိသူများဖြစ်ကြသော် ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှူး)၊ ကိုကျော်စိုးဝင်း (စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်) နှင့် ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတာဝန်ခံနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်) တို့မှ လက်ခံတွေ့ဆုံပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေတို့ကို ဆွေးနွေးခဲ့ကြပါသည်။