အမရေိကန်သံရုံးမှ ကိုယ်စားလှယ်အဖွဲ့ အေအပေီပီသို့လာရောက် လေ့လာဆွေးနွေး

၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့၊ နေ့လည် ၃ နာရီခန့်တွင် — U.S. Embassy မှ John Ryan (Political Officer, Political-Economic Section), Micah L. Watson (Human Rights International Organizations) နှင့် Khine Mwan Lurnn (Political Specialist – Political and Economic Section) ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ)ရုံးသို့လာရောက်ပြီး Memory of the Past ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ ကိုဇော်မိုး (ဦးဆောင်ကော်မတီအဖွဲ့ဝင်) မှ လိုက်လံရှင်းပြပေးခဲ့ပါသည်။ ထို့နောက် အေအေပီပီမှတာဝန်ရှိသူများဖြစ်ကြသော ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှူး)၊ ကိုကျော်စိုးဝင်း (ဦးဆောင်ကော်မတီအဖွဲ့ဝင်) နှင့် ကိုဇော်မိုး (ဦးဆောင်ကော်မတီအဖွဲ့ဝင်)တို့မှ လက်ခံတွေ့ဆုံပြီး AAPP ၏ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေတို့ကိုဆွေးနွေးခဲ့ကြပါသည်။