reparation Working Group အဖွဲ့ဝင်များနှင့်အမရေိကန် သံကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေး

၁ဝ ရက်ဇွန်လ ၂၀၁၉ နေ့ နေ့လယ် ၂း၃ဝ အချိန်တွင် Ambassador Kelley Currie, Ambassador Scot Marciel (US Ambassador to the Republic of the Union of Burma), Mr. Ari Bassin (Senior Advisor, US Department of State)တို့နှင့် Reparation Working Group အဖွဲ့ဝင်များဖြစ်ကြသော ကိုတိတ်နိုင်(နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း)၊ ကိုဘိုကြည် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း) ကိုဇော်မိုး (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)၊ ကိုဟန်ကြီး (လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ)၊ ကိုရဲအောင် (ပွင့်လင်းမြန်မာလူ့အဖွဲ့အစည်း)၊ ကိုသွင်လင်းအောင် (စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့)၊ မသက်သက်အောင် (အနာဂတ်အလင်းတန်းများဆုံမှတ်တို့ American Centre၌ တွေ့ဆုံခဲ့ပြီး Reparation Working Group စုဖွဲ့သည့်ရည်ရွယ်ချက်၊ RWGမှလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ၊ Reparation Policy၊ RWG ၏လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ပြီး သံအမတ် (၂) ဦးနှင့် Senior Advisor တို့မှသိလိုသည်များအားဆွေးနွေးခဲ့ရာ RWG အဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက်လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ၊ ပြန်လည်ကုစားရေးမူဝါဒ၊ (Reparation Policy) ပေါ်ပေါက်လာနိုင်ရေး၊ အခွင့်အလမ်းတို့အား ဆွေးနွေးခဲ့ကြပြီး ညနေ ၄ နာရီတွင်တွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါသည်။