အေအေပီပီမှ ဖေဖော်ဝါရီလအတွက် လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

မန္တလာဒီဂရီကောလိပ်၌ ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၉)ပွဲကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(GTI)၊ မန္တလေး နည်းပညာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလာဒီဂရီ ကောလိပ်၊ ရတနာပုံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၊ ပုသိမ်ကြီးမြို့နယ်ရှိ ကွန်ပျူတာ တက္ကသိုလ်(UCSM) တွင်လည်းကောင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ရှိ အစိုးရ နည်းပညာ ကောလိပ်(မြင်းခြံ)တွင် လည်းကောင်း၊ ကျောက်ဆည်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွင် လည်းကောင်း ဟောပြောပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ ကျောင်းသူ၊ကျောင်းသား ၂၈၅ဝ ဦးကျော်နှင့် ဆရာ၊ဆရာမများ တက်ရောက်နားထောင်ခဲ့ကြ သည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်၊ ကိုလွင်မိုးမြင့်တို့မှ AAPP အဖွဲ့သားများနှင့် ဦးစွာမိတ်ဆက်ပေးပြီး AAPP ဖြစ်ပေါ်လာပုံနှင့် ဟောပြောပွဲ

ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြပေးခဲ့သည်။ ထို့နောက် ကိုဝဏ္ဏနွယ်မှ လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက် (၃၀) တို့ကို ပါဝါပွိုင့်များဖြင့် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်အမေးအဖြေများ ပြုလုပ်ခဲ့ သည်။ ထို့နောက်တွင် လူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်အတွက် ကာတွန်းတို တစ်ကားပြသပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းလိုက်နာတတ်စေရန်၊ တာဝန်ယူမှုရှိလာစေရန်၊ ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင်ကြိုးစားစေရန်တို့ကို ရုပ်သံ ဇာတ်လမ်းတိုများ ပြသ၍ အပြန်အလှန် ဆွေးနွေးခဲ့ သည်။ ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို မေးခွန်းများမေးမြန်းခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည် ဖြေကြားခဲ့ကြသည်။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အိတ်ဆောင် စာအုပ် များနှင့် ပိုစတာများကို ဝေငှခဲ့သည်။

ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

ဖေဖော်ဝါရီလအတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်း နှင့်  အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နှစ်ခုကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဖားကန့်မြို့နယ် တို့တွင် ပို့ချပေးနိုင်ခဲ့ သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ပြုလုပ်ခဲ့သော (၁၁) ရက်တာ သင်တန်း၌ လူ့အခွင့်အရေး သင်တန်းနည်းပြအဖြစ် ကိုနေဝန်းမှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ   တရားမျှတမှု သင်တန်းနည်းပြ အဖြစ် ကိုကျော်ဦးမှ သင်တန်း ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ကိုးဦးနှင့် သင်တန်းသား ကိုးဦးတို့တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် လော်ဝေါ်ပါတီ လူငယ်၊ ကချင်လူငယ်များဆိုင်ရာ အစည်းအရုံး (AKYU)၊  လီဆူ စာပေနှင့်ယဉ်ကျေးမှု၊ လွတ်လပ်သော တိုင်းရင်း ခရစ်ယာန် သာသနာအသင်းတော်၊ ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) စသည့် အဖွဲ့အစည်းများမှ  အဖွဲ့ဝင် များနှင့် ဂျန်မိုင်ကောင်း(JMK) စစ်ဘေးရှောင် စခန်း၊ ဂျော်မဆက်(JMS) စစ်ဘေးရှောင်စခန်းရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။ ထို့ပြင် သင်တန်းတက်ရောက်သူများသည် ကချင်နှင့် လီဆူ တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချ ခဲ့သော မြစ်ကြီးနားမြို့နယ်တွင် တိုက်ပွဲများကြောင့် မတရား ဖမ်းဆီး၊တရားစွဲဆိုမှုများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ရင်ဆိုင်နေကြရသည်။

 ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ပြုလုပ်ခဲ့သော (၁၁) ရက်တာ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် ကိုနေဝန်းမှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြအဖြစ် ကိုကျော်ဦးမှ သင်တန်း ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ရှစ်ဦးနှင့် သင်တန်းသား ၁၄ ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်း တက်ရောက်သူများသည် ကချင်အမျိုးသား လူမှုဖွင့်ဖြိုးရေး ဖေါင်ဒေးရှင်း၊ ရှမ်းနီ စာပေနှင့် ယဉ်ကျေးမှု၊ ကချင်လူငယ် ကော်မတီတို့မှ အဖွဲ့ဝင်များ၊ တိုင်းရင်းသား ဘာသာသင် ဆရာ၊ ဆရာမများ၊ ကျေးရွာလူငယ်များ၊ ဌာနေပြည်သူ့စစ်၊ ကျောင်းသူ၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် (စရဖ)၊ မီးသတ်တပ်ဖွဲ့ဝင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

သင်တန်းတက်ရောက်သူများသည် ရှမ်းနီ၊ ကချင်နှင့် ဗမာ တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ဖားကန့် မြို့နယ်တွင် မတရား ဖမ်းဆီး ချုပ်နှောင်မှုများနှင့် မတရား ညှဉ်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်နေကြရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင် ရည် မြှင့်တင် ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ လာရောက်လည်ပတ်

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် တွေ့ဆုံဆွေးနွေး

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီမှ Stephan Sakalian (Resident Representative), Sai Kong Kham (Senior Advisor) နှင့် Sarah Avrillaud (Protection Coordinator) တို့ ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)သို့ လာရောက်လည်ပတ် ခဲ့ကြ သည်။ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်၊ AAPP ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်းနှင့်သုတေသန တာဝန်ခံ နှင့် နိုင်ငံခြားရေးဒုတာဝန်ခံ ဦးဇော်မိုး၊ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် တာဝန်ခံ ဦးကျော်စိုးဝင်းတို့မှ ၎င်းတို့ကို လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိ AAPP မှ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ၊ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် အေအေပီပီမှ လုပ်ဆောင်နေမှုများ၊ UNCAT နှင့် နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်များအား နိုင်ငံတော်အစိုးရမှ လက်မှတ် ရေးထိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက် များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြခန်းတာဝန်ရှိသူများမှ ပြခန်းတွင်း လှည့်လည်ပြသခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းဖြတ်သန်းမှု အခြေအနေများအား ရှင်းလင်းပြောကြား ပေးခဲ့ သည်။

အထွေထွေလှုပ်ရှားမှုများ
Myanmar Institute of Theology မှ ကျောင်းသူ၊ကျောင်းသားများ လာရောက်လေ့လာ

Myanmar Institute of Theology မှ ကျောင်းသူ၊ကျောင်းသားများ AAPP ပြန်ခန်းအားလေ့လာ

ဖေဖော်ဝါရီလ ရ ရက်နေ့တွင် Myanmar Institute of Theology မှ ကျောင်းသူ၊ကျောင်းသား ၄၃ ဦးသည် ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) သို့ လာရောက်လေ့လာခဲ့ကြသည်။ AAPP မှ မှတ်တမ်းနှင့်သုတေသန တာဝန်ခံနှင့် နိုင်ငံခြားရေးဒုတာဝန်ခံ ဦးဇော်မိုး၊ AAPP အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်မျိုးထွဋ်နှင့် ဦးကိုကိုအောင်တို့မှ AAPP ၏ သမိုင်းကြောင်းနှင့် လုပ်ဆောင် နေသည့် လုပ်ငန်းများအကြောင်း၊ အခြေခံလူ့အခွင့်အရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြခန်းကို ကြည့်ရှုလေ့လာ ကြရာ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် AAPP အဖွဲ့ဝင် ဦးသန်းထိုက်ဝင်းတို့မှ ရှင်းလင်း ပြသခဲ့ကြပြီး မေးမြန်းသည်များ ကို ရှင်းလင်းဖြေကြားခဲ့ကြသည်။

နိုင်ငံတကာမှ မဲစောက် AAPP သို့ လာရောက် လေ့လာ

Washington University မှ ကျောင်းသူ၊ကျောင်းသားများကို ရှင်းလင်းပြောကြား

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သို့ ဖေဖော်ဝါရီလ ၁၂  ရက်နေ့ တွင် ဂျပန်နိုင်ငံမှ ရှစ်ဦး၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံရှိ Washington University မှ ကျောင်းသူ၊ကျောင်းသား ၁၈ ဦး၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Harrow Internation School မှ  ကျောင်းသူ၊ကျောင်းသား ၃ဝ ဦးနှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကျောင်းသူ၊ ကျောင်းသား ၁၃ ဦးတို့ လာရောက် လေ့လာခဲ့ကြသည်။ AAPP မှ မမိုးပန်းဖြူမှ AAPP ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ လက်ရှိကာလ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ များနှင့် နိုင်ငံရေးအကျဉ်းသားရေးရာ အခြေအနေများကို ရှင်းလင်း ပြောကြားပေးခဲ့ပြီး ပြခန်းတွင်း လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

သင်တန်းပို့ချပေးခြင်း

Basic Coping Skills, Stress Management and Self-Care Training ကို ပို့ချပေးခြင်း

ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ဖေဖော်ဝါရီ ရ ရက်နေ့ထိ  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) မှ သင်တန်းနည်းပြ ဦးထင်အောင်သည် Basic Coping Skills, Stress Management and Self-Care training ကို ထားဝယ် အမျိုးသမီး သမဂ္ဂ အဖွဲ့ဝင် ၂၉ ဦးကို ပို့ချပေးခဲ့သည်။

Stress Management and Self-care Training ကို ပို့ချပေးခြင်း

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ ရန်ကုန်မြို့ရှိ Sandhi Governance Institute ၌ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) မှ သင်တန်းနည်းပြ ဦးထင်အောင်နှင့် MHAP စူပါဗိုက်ဆာ မသန်းသန်းဌေးတို့သည် Stress Management and Self-care Training ကို ပို့ချပေးခဲ့သည်။ ထိုသင်တန်းကို သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့သည်။ 

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာ သုံးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း သို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့် ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။ ဖေဖော်ဝါရီလအတွင်းတွင် အမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းမှ အမျိုးသမီး ခြောက်ဦးကို နှစ်သိမ့် ဆွေးနွေး ပေးခဲ့သည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဖေဖော်ဝါရီလအတွင်းတွင် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ဖေဖော်ဝါရီလအတွင်းတွင် MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ နှစ်ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ်အုပ်ချုပ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ လေ့ကျင့် ရေး သင်တန်းကျောင်းသို့ သွားရောက်၍ နှစ်သိမ့်ဆွေးနွေးပေးမှု များ ပြုလုပ်ပေးလျှက်ရှိသည်။ ဖေဖော်ဝါရီလအတွင်းတွင် မသန်စွမ်းသူ ငါးဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ သည်။

ဖေဖော်ဝါရီလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ လူကုန်ကူး ခြင်းခံရသူများ၊ အဓမ္မပြုကျင့်ခြင်းခံရသူများ၊ ဆင်းရဲမွဲတေမှုကို ခံစားနေကြရသူများစသည့် ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်း များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက်လွယ်သူ များကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP မှ ကောင်ဆယ်လာများသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ဖေဖော်ဝါရီလအတွင်းတွင် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ခြောက်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား ၁၂ ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး + ၆၆(၀) ၈၁ ၂၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉ ၆၂၈ ၇၁၃

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် Burmese Newsletter Template for February