၂၀၁၈ ခုနှစ် ဒီဇင်ဘာလ လစဉ်သတင်းလွှာ

ပဲခူးတက္ကသိုလ်တွင် လူ့အခွင့်အရေးနှင့် တာဝန်ယူမှုတာဝန်ခံမှု စကားဝိုင်းကျင်းပ ပြုလုပ်

ပဲခူးတက္ကသိုလ်တွင်  ပြုလုပ်သော တာဝန်ယူမှု၊တာဝန်ခံမှုဆိုင်ရာ စကားဝိုင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ပဲခူးတက္ကသိုလ်ဆရာများသမဂ္ဂ၊ ၈၈ ငြိမ်းပွင့်(ပဲခူး) တို့ ပူးပေါင်းစီစဉ်သည့် နှစ် ၇ဝ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်၊ လူ့အခွင့်အရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုစကားဝိုင်းကို  ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာလ ၁ဝ ရက်နေ့၊ နံနက်၉ နာရီခွဲတွင် စတင်ကျင်းပခဲ့သည်။ အဆိုပါစကားဝိုင်းကို ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ ဒေါ်အေးအေးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်၊ ညီမျှခြင်းမြန်မာအဖွဲ့အစည်းမှ ဦးအောင်ဇော်ထွေးနှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ တို့မှ ဦးဆောင်ဆွေးနွေးခဲ့သည်။ အခမ်းအနားသဘာပတိအဖြစ် ဒေါ်သင်းသင်းအောင်(မဇ္ဈိမမီဒီယာ)မှ ဆောင်ရွက်ပေးခဲ့သည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့်ကျောင်းသား/သူများ၏ မေးမြန်းချက်များအား ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည် ဖြေကြားပေးခဲ့သည်။

မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း

တောင်ကုတ်မြို့၌ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

ဒီဇင်ဘာလအတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)မှ လူ့အခွင့်အရေး၊     လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုသင်တန်း နှစ်ခုကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တို့တွင် ပို့ချ ပေးနိုင်ခဲ့သည်။

ဒီဇင်ဘာလ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၆ ရက်နေ့ထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ ပြုလုပ်ခဲ့သော (၁၂) ရက်တာ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် ဦးစောသန်းလှိုင်မှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြအဖြစ် ကိုကျော်ဦးမှ  သင်တန်း ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသား ၁၄ ဦးနှင့် သင်တန်းသူ လေးဦးတို့တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီ     အဖွဲ့ချုပ် (NLD)           လူငယ်များ၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ မွန်ပါတီ၊ မွန်စာပေနှင့် ယဉ်ကျေးမှု၊ ကရင်-မွန် မသန်စွမ်းသူများအဖွဲ့၊ ဟိန္ဒူ ဘာသာရေး အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်း (ကျိုက်ထို) စသည့် အဖွဲ့အစည်းများမှ အဖွဲ့အဝင်များနှင့် တက္ကသိုလ် ကျောင်းသား/သူများ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် မွန်၊ ဗမာ တိုင်းရင်းသားများနှင့် ဟိန္ဒူနှင့် မူစလင်လူမျိုးများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော မွန်ပြည်နယ်တွင် မတရားဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်နေရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၆ ရက်နေ့ထိ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ပြုလုပ်ခဲ့သော (၁၂) ရက်တာ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် မဇွန်ပန်းမှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရား မျှတမှုသင်တန်းနည်းပြအဖြစ် ကိုစိုင်းမြင့်သူမှ သင်တန်း ပို့ချ ပေးခဲ့သည်။ သင်တန်းကို သင်တန်းသား ၁၆ ဦးနှင့် သင်တန်းသူ ၁၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းတက်ရောက် သူများသည် အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့် အလုပ်သမားများ ဖြစ်ကြပြီး ရခိုင်၊ ဗမာ၊ ရခိုင်-ချင်းနှင့် ချင်း တိုင်းရင်းသားများ ဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ရခိုင်ပြည်နယ်တွင် လယ်ယာမြေ အငြင်းပွားမှုများ၊ လာဘ်ပေး၊လာဘ်ယူမှုများနှင့် ခွဲခြား ဆက်ဆံမှု များကို ရင်ဆိုင်နေရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိ ပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီနှင့်တွေ့ဆုံဆွေးနွေး

ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီနှင့်တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်  လွှတ်တော်အတွင်းရှိ အဆိုပါရေးရာကော်မတီ၏ အစည်းအဝေး ခန်းမတွင် ကော်မတီဥက္ကဌအပါအဝင် ကော်မတီဝင်ဆယ်ဦး နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကိုအောင်မျိုးကျော်၊ မသန်းသန်းဌေးနှင့် ကိုဝဏ္ဏနွယ် တို့သည် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး၊ ဥပဒေပြုပြင် ပြောင်းလဲရေးအကြောင်းအရာများကို ဆွးနွေးခဲ့သည်။

ပြင်သစ်သံအမတ်၊ ချက်သံအမတ်တို့နှင့် နိုင်ကျဉ်းဟောင်းများ တွေ့ဆုံ

ပြင်သစ်သံအမတ်၊ ချက်သံအမတ်တို့နှင့်တွေ့ဆုံ

ပြင်သစ်သမ္မတ ဖရန်ဆွာမီထရောင်းမှ ချက်ကိုုစလိုုဗက်ကီးယား အတိုုက်အခံများအား မနက်စာဖြင့် ဂုုဏ်ပြုဧည့်ခံခဲ့သော နှစ်(၃၀)မြောက် အမှတ်တရ အခမ်းအနားအဖြစ် ရန်ကုုန်မြို့၊ ချက်ထရီယမ်ဟုိုတယ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့၌ ပြင်သစ်သံအမတ်ကြီး H.E. Ambassador Christian Lechervy နှင့် ချက်သံအမတ်ကြီး H.E. Ambassador Jaroslav DOLEČEK တိုု့မှ မြန်မာနိုင်ငံမှ နိုုင်ငံရေး အကျဉ်းသားဟောင်း ရှစ်ဦးအား မနက်စာဖြင့် တည့်ခင်း ဧည့်ခံ ခဲ့ရာ နိုုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အတွင်းရေးမှူး ဦးတိတ်နိုုင်နှင့် မှတ်တမ်းနှင့် သုုတေသန တာဝန်ခံ/နိုုင်ငံခြားရေးရာ ဒုတိယတာဝန်ခံ ကိုုဇော်မိုးတိုု့ တက်ရောက်ခဲ့သည်။  ထိုု့နောက် သံအမတ်နှစ်ဦး နှင့် တက်ရောက်လာသူများမှ လက်ရှိမြန်မာနိုုင်ငံ၏ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်အတွက် စိန်ခေါ်ချက်များ၊ ၂၀၀၈ ဖွဲ့စည်းပုုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများ၊ လူ့အခွင့်အရေးအခြေအနေနှင့် လူ့အခွင့်အရေး တိုုးတက်ရေးအတွက် စိန်ခေါ်ချက်များ စသည်တိုု့အား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်တွေ့ဆုံဆွေးနွေး

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌရုံးခန်း၌ စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေး ခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှု အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲ ကျင်းပ နိုင်ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲအား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP)မှ  ရန်ကုန်ရုံးတာဝန်ခံ ကိုအောင်မျိးကျော်၊ စိတ်ဓါတ်ပြန်လည် မြှင့်တင်ရေးဌာန (MHAP)၏ စူပါဗိုက်ဆာ ကိုဗိုလ်ဗိုလ်လင်း၊ ကောင်ဆယ်လာ ကိုလွင်မိုးမြင့်တို့မှ အသေးစိတ်ဆွေးနွေးခဲ့သည်။ အဆိုပါ စိတ်ပိုင်းဆိုင်ရာ နာမကျန်း ဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှုအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲ ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်သည်။

အထွေထွေလှုပ်ရှားမှုများ
ကမာ္ဘ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်

ကမာ္ဘ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်

ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်(MNHRC)မှ ကျင်းပသည့် ကမာ္ဘ့ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၇ဝ ပြည့် အခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ် (MHAP)၏ သင်တန်းနည်းပြ ကိုထင်အောင်နှင့် ကောင်ဆယ်လာ ဦးမိုးကျော် တို့တက်ရောက်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် လူ့အခွင့်အရေးမြှင့်တင် ကာကွယ်သူများအဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဆရာမနှင်းပန်းအိမ်နှင့် ဒေါ်အေးသီတာတို့မှ တက်ရောက်ခဲ့ကြပြီး ဆရာမ နှင်းပန်းအိမ်မှ အမှတ်တရ စကားပြောကြားပေးခဲ့သည်။

မိုးဗြဲမြို့တွင်ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေး

မိုးဗြဲမြို့တွင်ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေး

ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကယားပြည်နယ်၊ မိုးဗြဲမြို့၌ အလင်းသစ်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆောင်စီစဉ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်မှ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို ဦးဆောင် ဆွေးနွေးပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားနှစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်

ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အင်းစိန်နိုင်ငံရေးအင်အားစုမှ နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သော ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် နှင့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးတို့အတွက် ထောက်ပံ့ငွေကို အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ကိုယ်စားသွားရောက်ပေးအပ်ခဲ့သည်။

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာမိတ်ဆက်ပွဲ ကျင်းပပြုလုပ်

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာမိတ်ဆက်ပွဲ

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ Green Hill Hotel ၌ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အကျဉ်းထောင်တွင်း လူဦးရေလျော့ချနိုင်ရေး အရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာမိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစီရင်ခံစာမိတ်ဆက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အရပ်ဖက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ မီဒီယာအသီးသီးမှ သတင်းထောက် များ၊ စိတ်ပါဝင်စားသူများတက်ရောက်ခဲ့သည်။ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်၊ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်နှင့်  မှတ်တမ်းနှင့် သုတေသန တာဝန်ခံ/နိုုင် ငံခြားရေးရာ ဒုတိယတာဝန်ခံ ကိုဇော်မိုးတို့မှ မီဒီယာများ၊ တက်ရောက်လာသူများ၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားပေးခဲ့သည်။

လူ့အခွင့်အရေးကြေညာစာတမ်းပါဒီဇိုင်းများ ရေးဆွဲနိုင်ရန် လေ့လာ

 

လူ့အခွင့်အရေးကြေညာစာတမ်းပါဒီဇိုင်းများ ရေးဆွဲနိုင်ရန် လေ့လာ

ရန်ကုန်မြို့၊ ၃၂ လမ်းအလယ်ဘလောက်ရှိ နောက်ဖေးလမ်း ကြားအဆင့်မြှင့်တင်ရေးအစီအစဉ်တွင် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တစ်ဖက် တစ်လမ်းမှ ပါဝင်ကူညီအားဖြည့်သည့်အနေဖြင့် နောက်ဖေး လမ်းကြား နံရံများတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)ပါ ရုပ်ပုံများဒီဇိုင်းရေးဆွဲရန် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးနှင့် AAPP အတွင်းရေးမှူး ဦးတိတ်နိုင်တို့ ကွင်းဆင်းလေ့လာခဲ့ကြသည်။

Sky Net Up to date မှ တွေ့ဆုံမေးမြန်း

Sky Net Up to date မှ တွေ့ဆုံမေးမြန်း

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ မိတ်ဆက်ခဲ့သော “အကျဉ်းထောင်တွင်း လူဦးရေထူထပ်နေခြင်းနှင့် လတ်တလော ဖြေရှင်းရန် လိုအပ်သည့်နည်းလမ်းများ” အစီရင်ခံစာနှင့် ပတ်သတ်၍ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Sky Net ရုပ်သံ၊ Up to Date အစီအစဉ်မှ AAPP ရုံးသို့ လာရောက်မေးမြန်းခဲ့ရာ AAPP မှ မှတ်တမ်းနှင့် သုတေသန တာဝန်ခံ ကိုဇော်မိုးမှ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားခဲ့သည်။

Channel B Media Group မှ တွေ့ဆုံမေးမြန်း

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ မိတ်ဆက်ခဲ့သော “အကျဉ်းထောင်တွင်း လူဦးရေထူထပ်နေခြင်းနှင့် လတ်တလော ဖြေရှင်းရန် လိုအပ်သည့်နည်းလမ်းများ” အစီရင်ခံစာနှင့် ပတ်သတ်၍ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Channel B Media Group မှ  AAPP အတွင်းရေးမှူး ဦးတိတ်နိုင်နှင့် ပြည်သူ့ပါတီ ဗဟိုကော်မတီဝင် ကိုသားကြီးတို့ကို တွေ့ဆုံ မေးမြန်းခဲ့သည်။

မဲစောက် အေအေပီပီ ပြခန်းသို့ နိုင်ငံတကာမှ လာရောက် လေ့လာ

မဲစောက် အေအေပီပီ ပြခန်းသို့ နိုင်ငံတကာမှ လာရောက် လေ့လာ

ထိုင်းနိုင်ငံ၊ မဲစောက်မြိုရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ ပြခန်းသို့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် နော်ဝေနိုင်ငံမှ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၁၃ ဦး၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဂျာမနီနိုင်ငံသား နှစ်ဦးနှင့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဂျပန်နိုင်ငံသား နှစ်ဦးတို့ လာရောက် လည်ပတ်ခဲ့သည်။ AAPP မှ မမိုးပန်းဖြူမှ ပြခန်းတွင်း လိုက်လံရှင်းလင်း ပြသပေးခဲ့သည်။ ထို့နောက် AAPP လှုပ်ရှားဆောင်ရွက်နေမှုများ၊ လက်ရှိကာလ မြန်မာနိုင်ငံတွင်းအခြေအနေနှင့် နိုင်ငံရေး အကျဉ်းသားရေးရာ အခြေအနေများကို ရှင်းလင်း ပြောကြားပေးခဲ့သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ပေးရေးအစီအစဉ် (MHAP)မှ ပြုစုသော အစီရင်ခံစာ တင်ပြခြင်း အခမ်းအနား

MHAP မှ ပြုစုသော အစီရင်ခံစာ တင်ပြခြင်း အခမ်းအနား

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည် မြှင့်တင်ပေးရေးအစီအစဉ် (MHAP)မှ ပြုစုသော “မြန်မာနိုင်ငံ တွင် ဖြစ်လေ့ဖြစ်ထရှိသော စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှု” အစီရင်ခံစာကို ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ပဲခူးတိုင်းလွှတ်တော်အဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။ ထိုအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဦးသန်းထိုက်ဝင်းမှ ဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးကြည်ဇင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး AAPP ၏ သမိုင်း အကျဉ်းချုုပ်ကို ဦးဗိုလ်ဗိုလ်လင်းမှ တင်ပြခဲ့သည်။ ထို့နောက် အစီရင်ခံစာ ပထမပိုင်းကို MHAP အစီအစဉ်တာဝန်ခံ ဦးကျော်စိုးဝင်းမှ လည်းကောင်း၊ အစီရင်ခံစာ ဒုတိယပိုင်းကို သင်တန်းနည်းပြ ဦးထင်အောင်မှ လည်းကောင်း ရှင်းလင်း တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တော်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးကျော်စိုးဝင်းနှင့် ဦးထင်အောင်တို့မှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

သင်တန်းပို့ချပေးခြင်း

Mental health awareness and self-care training ကို ပို့ချပေးခြင်း

Mental health awareness and self-care training ကို ပြင်ဦးလွင်မြို့တွင် ပို့ချ

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် စူပါဗိုက်ဆာ ဦးချစ်ကိုလင်းတို့သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း၌ Mental health awareness and self-care training ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်   ပို့ချပေးခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ကျင်းပသည့် Population Service International (PSI)/TOP site ၏ Management Level Training တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည်  Stress Management and Self-Care Training ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ထိ နှစ်ရက်တာ သွားရောက် ပို့ချပေးခဲ့သည်။

ထို့ပြင် မေတ္တာမွန်အထူးကုဆေးခန်း၏ ဖိတ်ကြားချက်အရ ကိုထင်အောင်သည် မြဝတီခရိုင်၊ မြဝတီမြို့ရှိ မေတ္တာမွန် ဆေးခန်းမှ သူနာပြု ၁ဝ ဦး၊ နှင့် ဝန်ထမ်းများအားလည်း Stress Management and Self-Care Training ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့ထိ   ပို့ချပေးခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ် သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။

ဒီဇင်ဘာလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ နှစ်ဦးသည် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းမှ အမျိုးသမီး တစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ငါးဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာလတွင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ တစ်ဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက် ရေးဌာနမှ အမျိုးသမီး တစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှုကို ပြီးမြောက်ခဲ့ပြီး နောက်ထပ် အမျိုးသမီး တစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် လူငယ် ၁ရ ဦးကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ဒီဇင်ဘာလအတွင်းတွင် စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ သုံးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်ရှိသော မသန်စွမ်းသူများ လေ့ကျင့်ရေး သင်တန်းကျောင်းမှ မသန်စွမ်းသူ ခုနှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ဒီဇင်ဘာလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့ အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကောင်ဆယ်လာ တစ်ဦးမှ  နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်တွင်ရှိသော HIV လူနာများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့သည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ် ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို နှစ်သိမ့်ဆွေးနွေးပေးလျှက် ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် အမျိုးသမီး သုံးဦးနှင့် အမျိုးသား နှစ်ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသား ၁၅ ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေး လျှက်ရှိသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂  ၈၇၈ ၇၅၁ (ထိုင်း)၊

  + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈ (မြန်မာ)

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈၁၁၇၃၄၈