၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ လစဉ်သတင်းလွှာ

သင်တန်းပို့ချပေးခြင်း

မိုးမောက်မြို့နှင့် ဟင်္သာတမြို့နယ်တို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်းပို့ချခြင်း

ဟင်္သာတမြို့နယ်တွင် ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ကချင် ပြည်နယ်၊ မိုးမောက်မြို့တွင် နိုဝင်ဘာလ ၅ ရက်နေ့မှ နိုဝင်ဘာလ ၁ရ ရက်နေ့ထိလည်းကောင်း၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် တွင် နိုဝင်ဘာလ ၆  ရက်နေ့မှ နိုဝင်ဘာလ ၁ရ ရက်နေ့ထိ လည်းကောင်း ပို့ချပေးခဲ့သည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင်ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေး သင်တန်းနည်းပြအဖြစ် မဇွန်ပန်းမှ သင်တန်း ပို့ချ ပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြအဖြစ် ကိုတင်မျိုးထွဋ်မှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ၁၈ ဦးနှင့် သင်တန်းသား ရ ဦးတို့ တက်ရောက် ခဲ့ကြသည်။ သင်တန်းတက်ရောက်သူများသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ အရပ်ဘက် လူမှု အဖွဲ့အစည်း(CBOs)၊ ကျောင်းသားသမဂ္ဂ၊ စနေကွက်လပ်ဖြည့် ပရဟိတအဖွဲ့၊ KYSAC တို့မှ အဖွဲ့ဝင်များ၊ ဗန်းမော်လူငယ်၊ ECO Youth Camp၊ Mung Ding Pa Youth၊ Moemuk Youth တို့မှ လူငယ်များ၊ မသန်စွမ်းနှင့် ကျောင်းသား၊ကျောင်းသူများ ဖြစ်ကြ ပြီး ၎င်းတို့သည် ကချင်၊ ဗမာ၊ ရှမ်း-ဗမာ၊ လီဆူနှင့် ရှမ်း တိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချပေးခဲ့သော မိုးမောက်မြို့တွင် လယ်ယာမြေသိမ်းဆည်းခြင်း၊ တိုင်းရင်းသား အမည်ဖြင့် မှတ်ပုံတင်ပြုလုပ်ပါက အခက်အခဲကြုံတွေ့ရခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ မြေမြှုပ်မိုင်းထောင်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ မကြာခဏ ပြုလုပ်ခြင်း၊ တပ်မတော်မှလည်း ရွာသူရွာသားများကို  လုပ်အားပေးခေါ်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရ သည့်အပြင် ကချင်ပြည်နယ်တွင်း တိုက်ပွဲများရှိခြင်းကြောင့် ကျေးရွာတစ်ရွာမှ တစ်ရွာသို့ သွားလာရာတွင် လွတ်လပ်စွာ သွားလာ၍ မရသည်ကိုပါ ရင်ဆိုင်နေကြရသည်။

ဟင်္သာတမြို့နယ်တွင် ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေး သင်တန်းနည်းပြအဖြစ် ကိုအောင်သိန်းကြည်မှ သင်တန်းပို့ချ ပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြ အဖြစ် ကိုစိုင်းမြင့်သူမှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ ၁၅ ဦးနှင့် သင်တန်းသား ၁၅ ဦးတို့ တက်ရောက် ခဲ့ကြပြီး ၎င်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်သူ့ပါတီ၊ တောင်သူလယ်သမားသမဂ္ဂအဖွဲ့၊ အင်္ဂပူလူမှု ဖွံ့ဖြိုးရေးကွန်ယက်၊ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေး၊ ကရင်ပြည်သူ့ပါတီ၊ ကျောင်းသားသမဂ္ဂ၊ လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေး အဖွဲ့ချုပ်တို့မှ အဖွဲ့ဝင်များ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် အရပ်သားများဖြစ်ကြသည်။  သင်တန်း တက်ရောက်သူများသည် ကရင်၊ ဗမာ၊ တိုင်းရင်းသားများ ဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော ဟင်္သာတမြို့နယ်၌ လယ်ယာမြေသိမ်းဆည်းမှုများ၊ လမ်း၊တံတား ဖောက်လုပ်ရာတွင် ရွှေ့ပြောင်းခဲ့ရသော မြေများအတွက် နစ်နာကြေးငွေကို လုံလောက်စွာမပေးခြင်းများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ရင်ဆိုင်နေကြရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင် ရန်နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

အေအေပီပီနှင့် ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန တွေ့ဆုံ ဆွေးနွေး

အေအေပီပီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ တွေ့ဆုံ ဆွေးနွေး

နိုဝင်ဘာလ ၂ရ ရက်နေ့တွင် ​နေပြည်​​တော်​ရှိ ကျန်​းမာ​ရေးနှင့်​အားကစားဝန်​ကြီးဌာနရုံးတွင်​ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦး​​ကျော်စိုးဝင်း၊ MHAP မှ ​​ကောင်ဆယ်လာများဖြစ်သော ဒေါ်သန္တာ နှင့် ဦးမိုး​ေ​​ကျာ်​အောင်တို့သည် ​​ကျန်​းမာ​ေ​ရး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြား​   ေ​​ရးမှူးချုပ် ​​ေ​ဒါက်​တာသီတာလှနှင့်တွေ့ဆုံ၍ လူထုအ​ခြေပြု စိတ်​ကျန်​းမာ​ရေး​ နှစ်သိမ့်ဆွေးနွေးပေးခြင်းလုပ်​ငန်​းများ တိုးတက်​​ဖွံ့ဖြိုး​​ရေးအတွက်​ ​ဆွေး​နွေးခဲ့ကြသည်​။
အထွေထွေလှုပ်ရှားမှုများ

နိုင်ငံတကာမှ မဲစောက် အေအေပီပီသို့ လာရောက် လည်ပတ်

နိုင်ငံတကာမှ လာရောက်လည်ပတ်သူများကို ရှင်းလင်းပြောကြား

 

ထိုင်းနိုုင်ငံ၊ မဲဆောက်မြို့ရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ)သို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နော်ဝေမှ ဧည့်သည် နှစ်ဦး၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဟော်လန်မှ ဧည့်သည် တစ်ဦး၊ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် အင်္ဂလန်မှ ဧည့်သည် ခြောက်ဦးတို့ အသီးသီး လာရောက် လည်ပတ်၊ လေ့လာခဲ့ကြသည်။ အေအေပီပီ မှ မမိုုးပန်းဖြူမှ အေအေပီပီ ဖြစ်ပေါ်လာပုံနှင့် အေအေပီပီ လှုပ်ရှားဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များအကြောင်း ကိုလည်းကောင်း၊ နိုင်ငံရေးအကျဉ်းသားရေးရာ အခြေအနေ များအကြောင်းကို လည်းကောင်း ရှင်းလင်းပြောကြားပေးခဲ့ပြီး လေ့လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့သည်။ ထို့နောက် ၎င်းတို့သည် အေအေပီပီပြခန်းကို လေ့လာကြည့်ရှု ခဲ့ကြပြီး မမိုုးပန်းဖြူမှ ပြခန်းအတွင်း လိုုက်လံ ရှင်းလင်းပြသခဲ့ သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

သင်တန်းပို့ချပေးခြင်း

Mental health awareness and self-care training ကို ဟင်္သာတမြို့နယ်တွင်ပို့ချ

Mental health awareness and self-care training ကို ပို့ချပေးခြင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း၌ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းသည် Mental health awareness and self-care training ကို နိုဝင်ဘာလ ၁ရ ရက်နေ့တွင်    ပို့ချပေးခဲ့သည်။ သင်တန်းကို    သင်တန်းသူ၊     သင်တန်းသား စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့သည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင်ပြုလုပ်သော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း၌ MHAP မှ CETA သင်တန်းနည်းပြ ကိုထင်အောင်သည် Mental health awareness and self-care training ကို နိုဝင်ဘာလ ၁ရ ရက်နေ့တွင် ပို့ချပေးခဲ့သည်။ ထိုသင်တန်းကို သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၉ ဦး ပါဝင်တက်ရောက်ခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်းတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ် သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိသည်။

နိုဝင်ဘာလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ သုံးဦးသည် အမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းမှ အမျိုးသမီး သုံးဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ခြောက်ဦးကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ ထို့ပြင် နိုဝင်ဘာလတွင်း MHAP မှ အမျိုးသမီး ကောင်ဆယ်လာ နှစ်ဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေး ပေးမှုကို ပြီးမြောက်ခဲ့ပြီး နောက်ထပ် အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် အပတ်စဉ် တနင်္လာနေ့တိုင်း MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ နိုဝင်ဘာလအတွင်းတွင် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှုပြီးမြောက်ခဲ့သဖြင့် လက်ရှိတွင် နောက်ထပ် လူငယ် ၁ရ ဦးကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိ သည်။

နိုဝင်ဘာလအတွင်းတွင် စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ သုံးဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းလေ့ကျင့်ရေး သင်တန်းကျောင်းမှ မသန်စွမ်းသူ ခုနှစ်ဦးကို စတင်၍ နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

နိုဝင်ဘာလအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ AAPP-MHAP အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစု ဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေး ပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်   အခြား ထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကောင်ဆယ်လာ တစ်ဦးမှ  နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်တွင်ရှိသော HIV လူနာများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့သည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ် ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို နှစ်သိမ့်ဆွေးနွေးပေးလျှက် ရှိသည်။ နိုဝင်ဘာလအတွင်းတွင် အမျိုးသမီး လေးဦးနှင့် အမျိုးသား ခုနှစ်ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁၉ ဦးနှင့် အမျိုးသား ၁၁ ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေး လျှက်ရှိသည်။

 

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင်အတွင်းရေးမှူး+၉၅(၀) ၉၄၂၈၀၂၃၈၂၈

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈၁၁၇၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် Burmese Newsletter Template for November