အကျဉ်းထောင်တွင်းလူဦးရေလျော့ချနိုင်ရေးအရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာမိတ်ဆက်ပွဲ

အကျဉ်းထောင်တွင်းလူဦးရေလျော့ချနိုင်ရေးအရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာမိတ်ဆက်ပွဲအား ရန်ကုန်မြို့ အမှတ် (၀၂) ဖိုးစိန်လမ်း တာမွေမြို့နယ်ရှိ Green Hill Hotel တွင် ယနေ့ ၁၃ ဒီဇင်ဘာ ၂၀၁၈ နေ့ နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာမိတ်ဆက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာ အသီးသီးမှသတင်းထောက်များ၊စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်တွင် မီဒီယာများ၊ တက်ရောက်လာသူများ၏ မေးမြန်းမှုများအား ကိုတိတ်နိုင် (အတွင်းရေးမှူး- အေအေပီပီ)၊ ကိုဇော်မိုး (မှတ်တမ်းနှင့်သုတေသန) ကိုအောင်မျိုးကျော် (ရန်ကုန်ရုံးတာဝန်ခံ) တို့မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။