ပြည်သူ့လွှတ်တော်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီနှင့် အေအေပီပီတို့တွေ့ဆုံဆွေးနွေး

ယနေ၁၂ ဒီဇင်ဘာ ၂၀၁၈ နေ့တွင် ပြည်သူ့လွှတ်တော်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ဖိတ်ကြားချက်အရ လွှတ်တော်အတွင်းရှိ အဆိုပါရေးရာကော်မတီအစည်းအဝေးခန်းမတွင် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး၊ဥပဒေပြုပြင်ပြောင်းလဲရေးအကြောင်းအရာများဆွေးနွေးအကြံပြုခဲ့ပါသည်။ ကော်မတီဥက္ကဌအပါအဝင်ကော်မတီဝင်ဆယ်ဦးနှင့်အေအေပီပီမှ ကိုအောင်မျိုးကျော်၊မသန်းသန်းဌေး၊ကိုဝဏ္ဏနွယ်တို့တက်ရောက်ဆွေးနွေးကြပါပြီး၊အစည်းအဝေးအား ညနေ၃နရီခွဲမှ၅နာရီအထိကျင်းပခဲ့ပါသည်။