ပြင်သစ်သံအမတ်H.E. Ambassador Christian Lechervy နှင့် ချက်သံအမတ်ကြီး H.E. Ambassador Jaroslav DOLEČEKတို့မှ နိုင်ကျဉ်းဟောင်းများတွေ့ဆုံ

ပြင်သစ်သမ္မတ ဖရန်ဆွာမီထရောင်းမှ ချက်ကိုုစလိုုဗက်ကီးယား အတိုုက်အခံများအား မနက်စာဖြင့် ဂုုဏ်ပြုဧည့်ခံခဲ့သော နှစ်(၃၀)မြောက် အမှတ်တရ အခမ်းအနားအဖြစ် ရန်ကုုန်မြို့ချက်ထရီယမ်ဟုိုတယ်တွင် ပြင်သစ်သံအမတ်ကြီး H.E. Ambassador Christian Lechervy နှင့် ချက်သံအမတ်ကြီး H.E. Ambassador Jaroslav DOLEČEK တိုု့မှ မြန်မာနိုုင်ငံမှ နိုုင်ငံရေးအကျဉ်းသားဟောင်း (၈)ဦးအား မနက်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ရာ နိုုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကိုုတိတ်နိုုင် (အတွင်းရေးမှူး) နှင့် ကိုုဇော်မိုုး (မှတ်တမ်းနှင့် သုုတေသနတာဝန်ခံ/ နိုုင်ငံခြားရေးရာ ဒုုတိယတာဝန်ခံ) တိုု့တက်ရောက်ခဲ့သည်။ ချက်သံအမတ်ကြီးမှ ယနေ့သည် နှစ်(၇၀)မြောက် အပြည်ပြည်ဆိုုင်ရာ လူ့အခွင့်အရေးနေ့အား ဂုုဏ်ပြုခြင်းဖြစ်သကဲ့သိုု့ ပြင်သစ်သမ္မတမှ ချက်ကိုုစလိုုဗက်အတိုုက်အခံများအား မနက်စာဖြင့် တည့်ခင်းဧည့်ခံရင်း နိုုင်ငံရေးဆွေးနွေးခဲ့ကြသည့် နှစ်(၃၀) ပြည့်နေ့အား ဂုုဏ်ပြု အမှတ်တရ ပြုလုုပ်ခြင်းလဲ ဖြစ်ပါကြောင်း၊ ထိုုနေ့တွင် ချက်ကိုုစလိုုဗက် အတိုုက်အခံ (၈)ဦးအားဖိတ်ကြားခဲ့ပြီး ယနေ့တွင်လည်း နယ်ပယ်အသီးသီးတွင် လူ့အခွင့်အရေးနှင့် ဒီမိုုကရေစီရေးအား လုုပ်ဆောင်နေကြသည့် မြန်မာနိုုင်ငံမှ နိုုင်ငံရေးအကျဉ်းသားဟောင်း (၈)ဦးအား ဖိတ်ကြားခြင်း ဖြစ်ကြောင်းပြောကြားပါသည်။ ထိုု့နောက် သံအမတ်(၂)ဦးနှင့် တက်ရောက်လာသူများမှ လက်ရှိမြန်မာနိုုင်ငံ၏ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်အတွက် စိန်ခေါ်ချက်များ၊ ၂၀၀၈ခုုနှစ် ဖွဲ့စည်းပုုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ လူ့အခွင့်အရေးအခြေအနေနှင့် လူ့အခွင့်အရေးတိုုးတက်ရေးအတွက် စိန်ခေါ်ချက်များ စသည်တိုု့အား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။