ဗြိတိန်နိုင်ငံနိုင်ငံခြားရေးနှင့်ဓနသဟာယရေးရာဝန်ကြီးနှင့်အဖွဲ့ အေအေပီပီပြခန်းသို့လာရောက်လေ့လာ

UK foreign Secretary Mr.Jeremy Hunt နှင့်အဖွဲ့သည် AAPP ရန်ကုန်ရုံးသို့ ယနေ့ (၁၉-၉-၂၀၁၈) ညနေ ၄:၄၁ နာရီတွင် ရောက်ရှိလာခဲ့ပြီး Memory of the Past ပြခန်းသို့ လေ့လာကြည့်ရှုရာ AAPP မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ မသီတာ (စမ်းချောင်း)တို့မှ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့အား AAPP မှ အတွင်းရေးမှူးဦးတိတ်နိုင်၊ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်၊မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် မသီတာ (စမ်းချောင်း) တို့မှလက်ခံတွေ့ဆုံခဲ့ကြပြီး၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ၊ နိုင်ငံရေးအကျဉ်းသားအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။