၈၈၈၈ နှစ် ၃ဝ ပြည့်အခမ်းအနားတွင် AAPP မှ ပြခန်းဖွင့်လှစ် ပြသ

Kyaw Soe and Phay Myint

၈၈၈၈ အမှတ်တရပြခန်းကို လာရောက်လည်ပတ်သော ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို AAPP မှ ဦးကျော်စိုးမှ ရှင်းလင်း ပြသ

ရန်ကုန်တက္ကသိုလ်၌ ဩဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့ထိ ကျင်းပပြုလုပ်သော ၈၈၈၈ နှစ် ၃ဝ ပြည့် အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ ၈၈၈၈ အမှတ်တရ ပြခန်းကို ဖွင့်လှစ်ပြသခဲ့သည်။ ထိုပြခန်းသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အပါအဝင် ဧည့်သည်အများအပြား လာရောက် လေ့လာခဲ့ကြသည်။ AAPP မှ တာဝန်ရှိသူများမှ ပြခန်းတွင်း လိုက်လံ လှည့်လည်ပြသခဲ့ပြီး ရှင်းလင်းတင်ပြခဲ့သည်။