ICRC မှ ကိုယ်စားလှယ်အဖွဲ့ AAPP ပြခန်းသို့ လေ့လာ

ICRC visit AAPP

ဩဂုတ်လ ၂၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ Mental Health and Psycho-Social Service (MHPSS) ဆိုင်ရာ ကိုယ်စားလှယ် Ms. Sarah Henriette Mina Khenati နှင့် ဒေါက်တာ ကျော်ဇောဟန် (Health Field Officer of ICRC) တို့သည် AAPP ရန်ကုန်ရုံးသို့ လာရောက်လည်ပတ်ခဲ့ကြပြီး AAPP ၏ Memory of the Past ပြခန်းကို လေ့လာကြည့်ရှုခဲ့သည်။ ထို့နောက် Mental Health Assistance Program (MHAP) နှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခြင်း ပြုလုပ်ခဲ့ရာ Mental Health Assistance Program (MHAP) ၏ တာဝန်ခံ ဦးကျော်စိုးဝင်းမှ ရှင်းလင်း ပြောကြားခဲ့သည်။