ကယား(ကရင်နီ)ဒေသမှ လူငယ်များ AAPP ပြခန်းသို့ လာရောက် လေ့လာ

Kayar (Kayani) visit AAPP

ဩဂုတ်လ ၉ ရက်နေ့တွင် The Wing Institute မှ စီစဉ်ပေးမှုဖြင့် ကယား(ကရင်နီ)ဒေသမှ လူငယ် ၂၈ ဦးသည်  နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ Memory of the Past ပြခန်​းသို့ လာ​ရောက်​​လေ့လာခဲ့သည်။ ထိုသို့လာရောက်လေ့လာရာတွင် AAPP မှ ပြခန်းတာဝန်ခံများမှ ကယား(ကရင်နီ) ဒေသမှ လူငယ်များ အား ပြခန်းအတွင်း လိုက်လံ ရှင်းလင်းပြသပေးခဲ့ပြီး နိုင်ငံရေး ဖြတ်သန်းမှုများ၊ နိုင်ငံအရေးအကျဉ်းသားများ၏ဘဝ အခြေအနေများ အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်မှ ကယား(ကရင်နီ) ဒေသမှ လူငယ်များအား လက်ခံ တွေ့ဆုံပြီး AAPP ၏ လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။