Political Officer Ian R. MacKenzie အေအေပီပီပြခန်းသို့ လာရောက် လေ့လာ

US ambassdor visit AAPP

ဩဂုတ်လ  ၂ ရက်နေ့တွင်  အမေရိကန်သံရုံးသို့ အသစ်ရောက်ရှိလာ သော Political Officer Ian R. MacKenzie သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့လာရောက်လေ့လာခဲ့သည်။ ထိုသို့လေ့လာရာတွင် AAPP မှ ပြည်တွင်း တာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုး၊ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးဌာန တာဝန်ခံ ဦးကျော်စိုးဝင်းတို့မှ လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေနှင့် AAPP ၏ လုပ်ဆောင်နေသော လုပ်ငန်းများအကြောင်းများ ရှင်းလင်းပြောပြခြင်း၊ သိလိုသည်များကို ဖြေကြားခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် AAPP ၏ Memory of the Past ပြခန်းကို ရှင်းလင်းပြသခြင်းများ ပြုလုပ်ခဲ့သည်။