နယ်သာလန်သံရုံးမှကိုယ်စားလှယ်အဖွဲ့ အေအေပီပီပြခန်းသို့လာရောက်လေ့လာ

Netherland

စက်တင်ဘာလ ၁ရ ရက်နေ့၊ နေ့လည် ၂းဝဝ နာရီတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မဲစောက်ရုံးသို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံရုံးမှ Deputy Ambassador Thomas van Leeuwen (Head of Political and Economic Department)၊ Senior Political Officer Chayanuch Thananart နှင့် သံရုံးဝန်ထမ်းတစ်ဦးတို့ လာရောက်လည်ပတ်ခဲ့သည်။ AAPP မှ မမိုးပန်းဖြူမှ လက်ထောက်သံအမတ်ကြီးနှင့်အဖွဲ့အား တွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်နေသော လုပ်ငန်းများအကြောင်း၊ လက်ရှိနိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေများ၊ ထောင်တွင်းအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် လက်ထောက် သံအမတ်ကြီးနှင့်အဖွဲ့မှ သိလိုသည်များကို မေးမြန်းခဲ့ပါသည်။ ၎င်းနောက် မမိုးပန်းဖြူမှ လက်ထောက်သံအမတ်ကြီးနှင့်အဖွဲ့အား AAPP ပြခန်းအတွင်းသို့ လိုက်လံရှင်းလင်းပြသပေးခဲ့ပါသည်။ ထို့နောက် လက်ထောက်သံအမတ်ကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး နေ့လည် ၃းဝဝ နာရီတွင် AAPP ရုံးမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။

41913597_685161665196568_5680370728889745408_n