အေအေပီပီမှဇူလိုင်လအတွက် လစဉ်သတင်းလွှာ

မွန်ပြည်နယ်အတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများ ပို့ချပေးခြင်း

HR awarness

ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်း အထကတွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ကျောင်းသားတစ်ဦးမှ သိလိုသည်များကို မေးမြန်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲပေါင်း (၃၃) ပွဲကို မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ်၊ ကျိုက်မရော မြို့နယ်နှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ  အခြေခံပညာအထက်တန်း ကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ စုစုပေါင်း (၃၂) ကျောင်းနှင့် အားကစားနှင့် ပညာရေး ပေါင်းစပ်အထက်တန်းကျောင်း (၁) ကျောင်းတွင်  ဟောပြော ပို့ချပေးနိုင်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၁) ကျောင်းကို လည်းကောင်း၊ ကျိုက်မရောမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၃) ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၅) ကျောင်းကို လည်းကောင်း၊ မော်လမြိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၁၈) ကျောင်းနှင့် အားကစားနှင့်ပညာရေး ပေါင်းစပ် အထက် တန်းကျောင်း (၁) ကျောင်းကိုလည်းကောင်း ဟောပြောပို့ချပေးနိုင်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း (၁၂၅၃၀) ဦး တက်ရောက် ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲများသို့ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ် ကြီးများဖြစ်ကြသော အထက ၅ (မော်လမြိုင်) ကျောင်းအုပ်ဆရာကြီး ဦးလှဌေး၊ အထက ၁၃ (မော်လမြိုင်) ၏ ယာယီတာဝန်ခံ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာသန်း၊ အထက သုခဝတီ (မော်လမြိုင်) ၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုညွှန့်တို့မှ အဖွင့်အမှာစကား ပြောကြား ဖွင့်လှစ်ပေးခဲ့သည်။ ထို့ပြင် အထက (၆) (မော်လမြိုင်)တွင် ပြုလုပ်သော ဆွေးနွေးပွဲကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်း သားရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုခင်မောင်ဝင်းတို့မှ AAPP အဖွဲ့သားများနှင့်​ ဦးစွာမိတ်​ဆက်​​ပေးပြီး ​ဟော​ပြောပွဲပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​များကို ရှင်​းပြပေးခဲ့ပါသည်။ ထို့နောက် မဇွန်ပန်း၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုအောင်သိန်းကြည် (ကိုနေဝန်း-MYEO)၊ ကိုခင်မောင်ဝင်း၊ ကိုမောင်မောင်နိုင်နှင့် ကိုပြည့်လွင်(ဖြူဖွေး) တို့မှ လူ့အခွင့်​အ​ရေး        အ​ကြောင်​းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အချက် ၃ဝ နှင်​့ တာဝန်​ယူမှု၊ တာဝန်​ခံမှု အ​ကြောင်​းများကို​ ​ဟော​ပြော ရှင်​းလင်း​ဆွေး​နွေး​ပေးခဲ့ပြီး ကျောင်​းသား၊​ကျောင်​းသူများမှ အပြန်​အလှန်​​ မေးခွန်​းများ​မေးမြန်​း​ခဲ့ပါသည်​။ ဟောပြောပွဲများတွင် ရုပ်ရှင်နှင့် ဗီဒီယိုဟာသသရုပ်ဆောင် ပိုးလေး(ဟားငါးကောင်)၊     မော်လမြိုင်မြို့နယ် လူရွှင်တော်အသင်းဥက္ကဌ ကိုဂွတ်ရှယ်၊ AAPP ၏ သင်တန်းသူဟောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးရေးစီမံကိန်း (CDD) မှ မိဆာန်၊ Youth Talk Organization မှ မောင်ထွဋ်အာကာ (ခ) ဝီနော် တို့မှ ပါဝင်အားဖြည့် ကူညီခဲ့သည်။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့် အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPPမှ အချက် ၃ဝ ပါ အပြည်ပြည်ဆ်ိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ ကလေးအခွင့်အရေး (CRC) လက်ကမ်းစာစောင်များကို ဝေငှ ခဲ့သည်။

ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (မွမ်းမံ) သင်တန်းပို့ချခြင်း

HR and TJ training

မစ်ကြီးနားမြို့တွင် ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လူ့အခွင့်အရေး၊     လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှု (မွမ်းမံ) သင်တန်းကို ဇူလိုင်လ ၅ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌ ပို့ချပေးခဲ့သည်။
သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် ကိုစောသန်းလှိုင်မှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြအဖြစ် ကိုစိုင်းမြင့်သူမှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို Grip Hands၊ ၈၈ – သွေးသစ် ၊ Youth Policy၊ JWH/KBC၊ NLD၊ အင်းချစ်သူစသည့် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ အင်းတော်ကြီး လူငယ်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း သင်တန်းသူ ၉ ဦး၊ သင်တန်းသား ၁၆ ဦး တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက် သူများသည် ဗမာ၊ ရှမ်း/ဗမာ၊ ကချင်၊ ရှမ်း၊ ရှမ်း/ကချင်၊ လအယ်/ဗမာ နှင့် ချင်းတိုင်းရင်းသားများဖြစ်ကြသည်။ သင်တန်းပို့ချပေးခဲ့သော ကချင်ပြည်နယ်တွင် အဓမ္မဖမ်းဆီးခြင်း၊ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရခြင်း၊ အိမ်ခြံမြေများ သိမ်းဆည်းခံရခြင်း၊ လွတ်လပ်စွာ သွားလာခွင့်ကို ချိုးဖောက်ခံနေရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေကြရသည်။
သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိ ပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ဖြစ်သည်။
စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

Austrialian Ambassador

ဩစတြေးလျသံအမတ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ဩစတြေးလျ သံအမတ်နှင့်အဖွဲ့ AAPP ပြခန်းသို့ လေ့လာ

ဇူလိုင်လ ၅ ရက်နေ့တွင် ဩစတြေးလျနိုင်ငံ သံအမတ် Mr Nicholas Coppel ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) ၏ ဓါတ်ပုံပြခန်းသို့ လာရောက် လေ့လာခဲ့ကြသည်။ သံအမတ်နှင့်အဖွဲ့အား AAPP တွဲဘက်အတွင်းရေး မှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုးတို့မှ ပြခန်းအတွင်း လိုက်လံရှင်းလင်း ပြသခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အကျဉ်းထောင်တွင်းဖြတ်သန်းခဲ့ရမှု ပုံရိပ်များအား ရှင်းလင်းပြသခဲ့သည်။ ထို့နောက် AAPP ရုံးဧည့်ခန်း ဆောင်တွင် AAPP မှ ဦးဘိုကြည်၊ ဦးဇော်မိုးနှင့် မခင်ငြိမ်းချမ်းစိုးတို့မှ သံအမတ်နှင့်အဖွဲ့အား တွေ့ဆုံခဲ့ပြီး AAPP မှ လက်ရှိ လုပ်ဆောင်နေသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်း အခြေအနေများ၊ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်သည့် လုပ်ဆောင်နေမှုများ အား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့သည်။

 
ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေး

kachin state gov meeting

ဇူလိုင်လ ၆ ရက်နေ့ တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အစည်း အဝေးခန်းမ၌ ကချင်ပြည်နယ်၊ ဗမာတိုင်းရင်းသား၊ လီဆူတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ ၈ လေးလုံး သွေးသစ်အဖွဲ့(မိုးညှင်း) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ AAPP မှ လက်ရှိလုပ်ဆောင်နေသည့်လုပ်ငန်းများကို ဆွေးနွေး တင်ပြခဲ့သည်။ အဓိကအားဖြင့် လူ့အခွင့်အရေးသင်တန်းများအကြောင်း၊ စိတ်ဓါတ် ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP) အကြောင်း တို့ကို ဆွေးနွေးခဲ့ကြ သည်။ AAPP ရန်ကုန် ရုံးတာဝန်ခံ ကိုအောင်မျိုးကျော်၊ စိတ်ဓါတ် ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံ ကိုကျော်စိုးဝင်း၊ TJ သင်တန်း နည်းပြ ကိုစိုင်းမြင့်သူ၊ ၈ လေးလုံးသွေးသစ်မှ ကိုကျော်မိုးသန်း၊ ကိုစိန်အေး၊ မြစ်ကြီးနားမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသောင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Robert F.Kennedy Human Rightsအဖွဲ့ AAPP ပြခန်းသို့ လာရောက် လေ့လာ

RFK visit to AAPP

ဇူလိုင်လ ၁ဝ ရက်နေ့တွင် Robert F.Kennedy Human Rights အဖွဲ့မှ MR Michael Schreiber (Chief Operating Officer), NYU STERN (New York University Stern School of Business )မှ Mr.MICHAEL POSNER (Jerome Kohlberg Professor of Ethics & Finance Director, Center for Business & Human Rights နှင့် Hon. Thomas H.Andrews တို့ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဓါတ်ပုံ      ပြခန်းသို့ လာရောက်လေ့လာခဲ့ကြသည်။ AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်းနှင့် သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုး၊ အေအေပီပီ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံ ကိုကျော်စိုးဝင်းတို့မှ ပြခန်းအတွင်း လိုက်လံရှင်းလင်းပြသခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ၏ ထောင်တွင်းဖြတ်သန်းခဲ့ရသည့် မှတ်တမ်းများအား ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် Robert F.Kennedy Human Rightsအဖွဲ့အား AAPP ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ပြီး AAPP မှ လူ့အခွင့်အရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ လက်ရှိ်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

NAUH (Seoul, Korea) အဖွဲ့မှ AAPP ပြခန်းသို့ လာရောက် လေ့လာ

NAUH visit to AAPP

ဇူလိုင်လ ၁ရ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှ Now, Action & Unity for Human Rights (NAUH) အဖွဲ့သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဓါတ်ပုံ ပြခန်းသို့ လာရောက်လည်ပတ်ခဲ့ပါသည်။ AAPP၏ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံ ဦးကျော်စိုးဝင်း၊ မှတ်တမ်း နှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုးတို့မှ ပြခန်းအတွင်း လိုက်လံရှင်းလင်းပြသခဲ့သည်။ ထို့နောက် NAUH အဖွဲ့အား AAPP ဧည့်ခန်းဆောင်၌ လက်ခံတွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်အချက်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

Stress Management and Self Care Training ကို ပို့ချပေးခြင်း

self care trainging at Sandhi Vov Institute

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သင်တန်းဆရာများဖြစ်ကြသည့် ကိုထင်အောင်နှင့် မခင်ငြိမ်းချမ်းစိုး တို့သည် Sandhi Governance Institute ၌ ပြုလုပ်လျှက်ရှိသော Political Leadership Training (4th Batch)(4th Term) သင်တန်းတွင် Stress Management and Self Care Training ကို  ဇူလိုင်လ ၂ ရက်နေ့နှင့် ဇူလိုင်လ ၃ ရက်နေ့တို့တွင်  သွားရောက် ပို့ချပေးခဲ့သည်။

AAPP-MHAP ကောင်ဆယ်လာများကို Stress Management and Self Care Training ကို ပို့ချပေးခြင်း

self care at aapp office

ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ သင်တန်းဆရာများဖြစ်ကြသည့် ကိုထင်အောင်နှင့် မခင်ငြိမ်းချမ်းစိုး တို့သည် AAPP-MHAP ကောင်ဆယ်လာများကို Stress Management and Self Care Training ကို ပို့ချပေးခဲ့သည်။

နှစ်သိမ့်ဆွေးနွေးပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက် ရှိသည်။

ဇူလိုင်လအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ လေးဦး သည် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး သုံးဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၁၂ ဦးကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ထို့ပြင် ဇူလိုင်လအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ နှစ်ဦးသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အမျိုးသမီး နှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ အပတ်စဉ် တနင်္လာနေ့တိုင်း သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအ တွက် နှစ်သိမ့် ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဇူလိုင် လအတွင်းတွင် လူငယ် ၁၂ ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက် ခဲ့ပြီး နောက်ထပ် လူငယ် ၁၈ ဦးကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

ဇူလိုင်လတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ MHAP အဖွဲ့ဝင်များသည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၎င်းတို့ ၏ မိသားစုဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေး ပေးခဲ့သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာ တစ်ဦးမှလည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကောင်ဆယ်လာ တစ်ဦးမှ  နတ် မောက်နှင့် တောင်တွင်းကြီးမြို့နယ်တွင်ရှိသော HIV လူနာများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့သည် ရွှေ့ပြောင်းမြန်မာ အလုပ် သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ် နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။ ဇူလိုင်လအတွင်းတွင် အမျိုးသမီး လေးဦးနှင့် အမျိုးသား တစ်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၁၄ ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂ ၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၀၃ ၈၈၄၀

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် Burmese Newsletter for July 2018