အေအေပီပီမှ ဇွန်လအတွက် လစဉ်သတင်းလွှာ

Bago HR awarnes

             ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရွှေကစောင်းအထက်တန်းကျောင်း တွင် လူ့အခွင့်အရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲပေါင်း (၉) ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း (၇) ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၂) ကျောင်းတွင် ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ လူ့အခွင့်အရေး ဆွေးနွေးပွဲများသို့ ပဲခူးတိုင်းဒေသကြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေးရာ ကော်မတီ ဥက္ကဌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်နှင့်   ရေတာရှည်မြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမြတ်မင်း တို့မှ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပေးခဲ့သည်။ AAPP မှ ဦးအောင်မျိုးကျော်၊ ကိုကျော်ဦး၊ ကိုသန်းထိုက်ဝင်းတို့မှ AAPP အဖွဲ့သားများနှင့်​ ဦးစွာမိတ်​ဆက်​​ပေးပြီး ​ဟော​ပြောပွဲပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​များကိုရှင်​းပြပေးခဲ့ပါသည်။ ထို့ နောက် ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုသန်းထိုက်ဝင်းနှင့် မသီတာအေးတို့ မှ လူ့အခွင့်​အ​ရေး အ​ကြောင်​းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အချက် ၃ဝ နှင်​့ တာဝန်​ယူမှု၊ တာဝန်​ခံမှု အ​ကြောင်​းများကို​ ​ဟော​ပြော ရှင်​းလင်း​ဆွေး​နွေး​ပေးခဲ့ပြီး ကျောင်​းသား၊​ကျောင်​းသူများမှ အပြန်​အလှန်​​မေးခွန်​းများ​မေးမြန်​း​ခဲ့ပါသည်​။ ဟော ပြောပွဲများတွင် ရေတာရှည်မြို့နယ် NLD မှ ဦးမြတ်မင်း နှင့် ကိုမိုးကြီး၊ ရုပ်ရှင်နှင့်ဗီဒီယိုဟာသသရုပ်ဆောင် ပိုးလေး(ဟားငါးကောင်)နှင့် ပဲခူး တိုင်း လူရွှင်တော် ဥက္ကဌ ကိုအဲရိုးတို့မှ ပါဝင်အားဖြည့် ကူညီခဲ့သည်။

အဆိုပါ ဟောပြောပွဲများသို့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၃၄၇ဝ ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက် နားထောင်ခဲ့ကြသည်။ ဟောပြော ပွဲများပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPPမှ အချက် ၃ဝ ပါ အပြည်ပြည်ဆ်ိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း လက်ကမ်းစာ စောင်များကို ဝေငှခဲ့သည်။

အခြေခံ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင် ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းပို့ချပေးခြင်း

HR TJ in Rakhine

                                                                                          ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် သင်တန်း ပို့ချ

ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် သင်တန်းပို့ချပေးခြင်း

ဇွန်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) မှ အခြေခံလူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက် မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင် တန်းကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ နယ်တို့တွင် ကျင်းပပြုလုပ်ပေးခဲ့သည်။

ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ ရခိုင်ပြည်နယ်၊ သံတွဲမြို့ တွင် ပြုလုပ်ခဲ့သော (၁၂) ရက်တာ သင်တန်း၌ လူ့အခွင့်အရေး သင် တန်းနည်းပြအဖြစ် ဦးစောသန်းလှိုင်မှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့် အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြ ကိုစိုင်းမြင့်သူမှ သင် တန်းပို့ချပေးခဲ့သည်။ သင်တန်းသူ အမျိုးသမီး (၁၄) ဦး၊ သင်တန်းသား အမျိုးသား (၁၉) ဦးတို့ သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းတက် ရောက်သူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တောင်သူ လယ်သမားသမဂ္ဂ၊ AFFM တို့မှ အဖွဲ့ဝင်များ၊ ရခိုင်လူငယ်များနှင့် စိတ်ပါဝင်စားသူများဖြစ်ကြပြီး ၎င်းတို့သည် ရခိုင်လူမျိုးများ ဖြစ်သည်။ သင်တန်းပို့ချခဲ့သော သံတွဲမြို့တွင် လယ်ယာမြေသိမ်းဆည်းခြင်းကို ရင် ဆိုင်နေရသည်။

ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ပြုလုပ်ခဲ့သော (၁၂) ရက်တာ သင်တန်း၌ လူ့ အခွင့်အရေးသင်တန်းနည်းပြအဖြစ် မဇွန်ပန်းနှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြ ကိုတင်မျိုးထွဋ်တို့မှ သင် တန်း ပို့ချပေးခဲ့သည်။ သင်တန်းသူ အမျိုးသမီး (၁၉) ဦး၊ သင်တန်း သား အမျိုးသား (၈) ဦးတို့ သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်း တက်ရောက်သူများသည် ကယန်းမျိုးဆက်သစ်လူငယ်၊ ကယားပြည် နယ် ကျောင်းသားသမဂ္ဂ၊ ကော်ယော်အမျိုးသားစာပေနှင့် ယဉ်ကျေးမှု၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ ကရင်နီပြည် တောင်သူလယ်သမားများသမဂ္ဂ၊ ကရင်နီပြည် လူငယ်များ သမဂ္ဂ၊ အနာဂတ်အမျိုးသမီး အစည်းအရုံး၊ အမျိုးသမီးများတွက် အမျိုး သမီးဖောင်ဒေးရှင်း၊ ကယားအမျိုးသားစာပေနှင့်ယဉ်ကျေးမှု၊ ကယန်းအ မျိုးသားပါတီစသည့် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြစ်ကြသည့်ပြင် စိတ်ပါဝင်စားသူများလည်း သင်တန်းတက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ကယန်း၊ ကယော်၊ ကော်ယော်၊ ကယား၊ ကရင်၊ ပအိုဝ်းလူမျိုးများဖြစ် ကြသည်။ သင်တန်းပို့ချခဲ့သော လွိုင်ကော်မြို့နယ်တွင် လယ်ယာမြေ သိမ်းဆည်းခြင်း၊ လုပ်အားပေးခိုင်းစေခြင်းစသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ရင်ဆိုင်နေကြရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည် ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိပညာ များရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းနှင့် အမျိုး သမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက်ရှိ သည်။

ဇွန်လအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ လေးဦးသည် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီးနှစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် အမျိုးသမီး ၁၂ ဦးအား  ဆက်လက်၍ နှစ်သိမ့်ဆွေးနွေးပေး လျှက်ရှိ သည်။  ထို့ပြင် ဇွန်လအတွင်းတွင် MHAP မှ အမျိုးသမီး စူပါဗိုက်ဆာ တစ်ဦးနှင့် အမျိုးသမီး ကောင်ဆယ်လာနှစ်ဦးသည် အမျိုးသမီးများ ဖွံ့ ဖြိုးတိုးတက်ရေးဌာနမှ အမျိုးသမီးတစ်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီး မြောက်ခဲ့၍ လက်ရှိတွင် အမျိုးသမီးသုံးဦးကို နှစ်သိမ့်ဆွေးနွေးပေး လျှက်သည်။

ထို့ပြင် MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ အပတ်စဉ် တနင်္လာနေ့တိုင်း သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအ တွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်။ ဇွန်လအ တွင်းတွင် လူငယ် ၁၂ ဦးကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ဇွန်လတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ MHAP အဖွဲ့ဝင်များသည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ  နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၎င်းတို့ ၏ မိသားစုဝင်များနှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့် ဆွေးနွေး ပေးခဲ့သည်သည်။ ထို့ပြင် ပဲခူးမြို့ရှိ ကောင်ဆယ်လာတစ်ဦးမှ လည်း ပဲခူးမြို့အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၊ ၎င်းတို့၏ မိသားစုဝင်များ နှင့်   အခြားထိခိုက်လွယ်သူများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့ သည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကောင်ဆယ်လာ တစ်ဦးမှ  နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်တွင်ရှိသော HIV လူနာများကို နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့သည် ရွှေ့ပြောင်းမြန်မာ အလုပ် သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ် နာခဲ့ရသူများကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ ဇွန်လအတွင်းတွင် အမျိုးသမီး ရှစ်ဦးနှင့် အမျိုးသားနှစ်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီး မြောက်ခဲ့ပြီး လက်ရှိတွင် ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသား ၁၁ ဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

SKy age visit aapp

                                            AAPP ပြခန်းသို့ SKY AGE အပတ်စဉ် (၇) မှ ကျောင်းသူ၊ ကျောင်းသားများ လာရောက် လေ့လာ

SKY AGE အပတ်စဉ် (၇) မှ ကျောင်းသူ၊ ကျောင်းသားများ AAPP ပြခန်းသို့ လာရောက် လေ့လာ

ဇွန်လ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစောသက်ထွန်း တည်ထောင်ဖွင့်လှစ်ထားသည့် SKY AGE Free Mobile Education Group အပတ်စဉ် (၇) မှ ကျောင်းသူ၊ ကျောင်းသားများသည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဖွင့်လှစ် ထားသော “Memory of the Past” ပြခန်းသို့ လာရောက်လေ့လာ ခဲ့ကြသည်။ ပြခန်းတာဝန်ခံများဖြစ်သည့် AAPP မှ ဦးအောင်မျိုးကျော်၊ ဦးကျော်စိုးဝင်း၊ ဦးဇော်မိုးတို့မှ လာရောက်လည်ပတ်သည့်  ကျောင်းသူ၊ ကျောင်းသားများအား နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ထောင်တွင်း ဖြတ်သန်းခဲ့ရမှု အခြေအနေများအား ရှင်းလင်းပြသခဲ့ပါသည်။

SYCB

SYCB မှ ကျောင်းသူ၊ ကျောင်းသားများ AAPP ပြခန်းသို့ လာရောက် လေ့လာ

ဇွန်လ ၂၅ ရက်နေ့တွင် SYCB မှ ကျောင်းသူ၊ ကျောင်းသားများသည်  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဖွင့်လှစ်ထားသော “Memory of the Past” ပြခန်းသို့ လာရောက် လေ့လာခဲ့ကြသည်။ AAPP မှ ကိုလွင်မိုးမြင့်နှင် ကိုခင်မောင်စိုးတို့မှ ပြခန်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းပြခဲ့ကြသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဦးတိတ်နိုင်  အတွင်းရေးမှူး + ၉၅(၀) ၉၄၂၈ ဝ၂၃ ၈၂၈

ဦးဘိုကြည် တွဲဘက်အတွင်းရေးမှူး + ၉၅(၀) ၉၄၂၅၃ဝ ၈၈၄၀

ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈

ဒေါင်းလော့ရယူရန် June Newsletter Template 1