Now Action & Unity for Human Rights (NAUH) အဖွဲ့အေအေပီပီပြခန်းသို့လာရောက်လည်ပတ်

37224060_2123198341287854_1662583120181854208_n

၁ရ ဇူလိုင် ၂၀၁၈ နေ့ နံနက် ၁၁ နာရီတွင် NAUH (Now, Action & Unity for Human Rights) Seoul, Korea အဖွဲ့မှ ရန်ကုန်မြို့အေအေပီပီရုံးတွင်ဖွင့်လှစ်ပြသထားသည့် Memory of the Past အမည်ရ နို်င်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းဖြတ်သန်းခဲ့ရမှုအခြေအနေများအား ဖော်ပြထားသည့် ဓါတ်ပုံပြခန်းသို့ ှ လာရောက်လည်ပတ်ခဲ့ပါသည်။ ပြခန်းအတွင်းသို့ ကိုကျော်စိုးဝင်း၊ ကိုဇော်မိုးတို့မှ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက NAUH (Now, Action & Unity for Human Rights) Seoul, Korea အဖွဲ့အား အေအေပီပီ ဧည့်ခန်းဆောင်၌ လက်ခံတွေ့ဆုံခဲ့ပြီး အေအေပီပီ၏ လုပ်ဆောင်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်အချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

37282226_2123196454621376_5092099353393233920_n