Robert F.Kennedy Human Rights နှင့် အဖွဲ့အေအေပီပီပြခန်းသို့ လာရောက်လေ့လာ

36887869_1645197848926287_1125128273018224640_n

ယနေ့ ၁ဝ ဇူလိုင် ၂၀၁၈ နေ့ နေ့လည် ၁၂ နာရီတွင် Robert F.Kennedy Human Rights အဖွဲ့မှ MR Michael Schreiber (Chief Operating Officer), NYU STERN (New York University Stern School of Business )မှ Mr.MICHAEL POSNER (Jerome Kohlberg Professor of Ethics & Finance Director, Center for Business & Human Rights, နှင့် Hon. Thomas H.Andrews တို့ဦးဆောင်သည့် အဖွဲ့သည် ရန်ကုန်မြို့ အမှတ် (၇၅) ဥဿဖရားလမ်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း အေအေပီပီရုံးတွင် ဖွင့်လှစ်ပြသထားသည့် Memory Of The Past အမည်ရ ဓါတ်ပုံပြခန်းသို့ လာရောက်လေ့လာခဲ့ကြပါသည်။ အေအေပီပီမှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံ နှင့် နိုင်ငံခြားရေးဒုတိယတာဝန်ခံ ဦးဇော်မိုး၊ (စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံ) ကိုကျော်စိုးဝင်း ၊ တို့မှ ပြခန်းအတွင်းလိုက်လံရှင်းလင်းပြသခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းဖြတ်သန်းခဲ့ရသည့် မှတ်တမ်းများအား ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထို့နောက် Robert F.Kennedy Human Rightsအဖွဲ့အားအေအေပီပီဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး အေအေပီပီမှ လူ့အခွင့်အရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ လက်ရှိ်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

36901605_1645196825593056_607339346663571456_n