ဩစတြေးလျ သံအမတ်နှင့်အဖွဲ့ အေအေပီပီပြခန်းသို့လေ့လာ

36688162_1207992012675957_6569003894838394880_n

၅ ဇူလိုင် ၂၀၁၈ နေ့ နေ့လယ် ၂ နာရီအချိန်တွင်ရန်ကုန်မြို့အေအေပီပီရုံးတွင် ဖွင့်လှစ်ပြသထားသည့် Memory of The Past အမည်ရပြခန်းအား ဩစတြေးလျနိုင်ငံ သံအမတ် Mr Nicholas Coppel (Ambassador) ဦးဆောင်သည့်အဖွဲ့မှလာရောက်လေ့လာခဲ့ကြပါသည်။ သံအမတ်နှင့်အဖွဲ့အား အေအေပီပီ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံ နှင့် နိုင်ငံခြားရေးဒုတိယတာဝန်ခံ ဦးဇော်မိုးတို့မှ ပြခန်းအတွင်းလိုက်လံရှင်းလင်းပြသခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အကျဉ်းထောင်တွင်းဖြတ်သန်းခဲ့ရမှုပုံရိပ်များအား ရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် အေအေပီပီရုံးဧည့်ခန်းဆောင်တွင် အေအေပီပီမှ ဦးဘိုကြည်၊ ဦးဇော်မိုးနှင့် မခင်ငြိမ်းချမ်းစိုးတို့မှ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အေအေပီပီမှ လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းအခြေအနေများ လူ့အခွင့်အရေးခြေအနေများနှင့်ပတ်သက်သည့် လုပ်ဆောင်နေမှုများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

36677469_1207992279342597_1070081184718913536_n