အေအေပီပီမှဧပြီလအတွက်လစဉ်သတင်းလွှာထုတ်ပြန်

အခြေခံလူ့အခွင့်အရေးနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု ဆွေးနွေး ပွဲများ ကျင်းပပြုလုပ်ခြင်း

Hr and good gov

ရွှေတောင်မြို့နယ်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ တက်ရောက်သူတစ်ဦးမှ ပါဝင်ဆွေးနွေး

ဧပြီလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံ အုပ်ချုပ်မှု အသိပညာပေး ဆွေးနွေးပွဲပေါင်း ရှစ်ပွဲကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တစ်မြို့နယ်တို့တွင် ကြီးမှူးကျင်းပပေးနိုင်ခဲ့သည်။ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့ နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်မြို့နယ်တို့တွင် ဟောပြောဆွေးနွေးပွဲ တစ်ပွဲစီကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲ နှစ်ပွဲကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲတစ်ပွဲကိုလည်းကောင်း ကျင်းပနိုင်ခဲ့သည်။ ထိုဆွေးနွေးပွဲများသို့ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ရပ်/ကျေးကော်မတီဝင်များအပါအဝင် စုစုပေါင်း (၅၆၅) ဦး တက်ရောက်ခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်ချစ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦးနှင့် ဒေါ်နီနီဒွန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ သက်ဆိုင်ရာ မြို့နယ် အလိုက် တာဝန်ရှိသူများဖြစ်ကြသော ရွှေတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ ပြည်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်၊ သဲကုန်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေး မှူး ဦးထွန်းသာလှနှင့် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြသိန်းတို့မှ အဆိုပါဆွေးနွေးပွဲများတွင် အဖွင့်အမှာစကား ပြောကြား ပေးခဲ့ကြသည်။
ဆွေးနွေးပွဲများတွင် AAPP မှ ဦးအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်နှင့် ကိုမျိုးထွဋ်အောင်တို့မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပေးခဲ့ကြသည်။ ထို့နောက် ကိုဝဏ္ဏနွယ်နှင့် ကိုကျော်ဦးတို့မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အချက် ၃၀၊ နိုင်ငံသား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ဟောပြော ရှင်း လင်း ဆွေးနွေးပေးခဲ့ပါသည်။ ထို့ပြင် ကိုအောင်မျိုးကျော်နှင့် ကိုဝဏ္ဏနွယ်တို့မှ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။ ဆွေးနွေးပွဲများတွင် AAPP မှ
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အိတ် ဆောင် စာအုပ်များ၊ ကောင်းမွန်သော အုပ်ချုပ်မှုစံနစ်၏ အရေးကြီး သော အချက်များနှင့် ရပ်ကွက်နှင့် ကျေးရွာ နည်းဥပဒေ အခန်း (၄) ပါ အချက်များ၊ ပိုစတာ များကို ဝေငှခဲ့ပါသည်။

မင်းလှမြို့နယ်တွင် အခြေခံ လူ့အခွင့်အရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

HR discussion in Bago

မင်းလှမြို့နယ်တွင် ပြုလုပ်သော အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲ

ဧပြီလ ၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ သင်တောကန် ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား အခြေခံ လူ့အခွင့်အရေးအသိပညာပေး ဟောပြောပွဲကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြီးမှူး ကျင်းပခဲ့သည်။ အခမ်းအနားတွင် AAPP မှ ကိုမျိုးထွဋ်အောင် မှ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် AAPP မှ ကိုဝဏ္ဏနွယ်မှ လူ့အခွင့်အရေးအကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အချက် ၃၀၊ နိုင်ငံသား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၅၅) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် AAPP မှ UDHR လက်ကမ်းစာစောင် နှင့် ပိုစတာများ ဝေငှခဲ့ပါသည်။

လူ့အခွင့်အရေးအကြောင်း ဦးဆောင်ဆွေးနွေး

HR discussion in Insein                 AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ လူ့အခွင့်အရေးအကြောင်း ဦးဆောင်ဆွေးနွေး

ဧပြီလ ၁ ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် Social Research Development Group(အင်းစိန်)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် လူ့အခွင့်အရေး-ရပ်ကျေးဥပဒေနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆိုင်ရာဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ လူ့အခွင့် အရေးအကြောင်းကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။ ဆွေးနွေးပွဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများနှင့် စိတ်ပါ ဝင်စား သူ ၅ဝ ခန့်တက် ရောက်ခဲ့သည်။

ရန်ကုန်တိုင်းနှင့် ကချင်ပြည်နယ်တို့တွင် သင်တန်း ပို့ချပေးခြင်း

HR and TJ

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသတွင်ပြုလုပ်သော သင်တန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လူ့အခွင့်အရေး၊     လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့ထိ လည်းကောင်း၊ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသတွင် ဧပြီလ ၂ဝ ရက်နေ့မှ ဧပြီလ ၃ဝ ရက်နေ့ထိလည်းကောင်း ပြုလုပ်ခဲ့ သည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ကျင်းပပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် ကိုဝဏ္ဏနွယ်မှ သင်တန်းပို့ချပေးခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နည်းပြအဖြစ် ကိုတင်မျိုးထွဋ်မှ ပို့ချပေးခဲ့သည်။ သင်တန်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ အဖွဲ့ဝင်များ၊ ကျောင်းသား၊ကျောင်းသူ များနှင့် စိတ်ပါဝင်စားသူပြည်သူများအပါအဝင် အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ကိုးဦးတို့ သင်တန်းတက်ရောက်ခဲ့ကြသည်။ သင်တန်းတက် ရောက်သူများမှာ  ဗမာ၊ ရခိုင်၊ ပအိုဝ်း၊ မွန်နှင့် ရှမ်း-ကရင်တိုင်းရင်းသား များဖြစ်ကြသည်။ သင်တန်းပို့ချပေးခဲ့သော ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်တွင် ကလေးသူငယ်တချို့  ပညာသင်ကြားခွင့်မရဘဲ အလုပ်လုပ် နေကြရခြင်းနှင့် ထိုက်တန်သော လုပ်အားခမရခြင်း၊ အချိန်ပို လုပ်အားခ အပြည့်အဝမရခြင်း၊ လုပ်ငန်းခွင် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ပြည့်ဝ သည့် ဆေးဝါးကုသမှု မခံယူရခြင်း  စသည့် လူ့အခွင့်အရေး ချိုးဖောက် မှုများကို ရင်ဆိုင်နေကြရသည်။

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၌ ကျင်းပ ပြုလုပ်သော သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြအဖြစ် မဇွန်ပန်းမှ သင်တန်းပို့ချပေး ခဲ့ပြီး လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း နည်းပြအဖြစ် ကိုကျော်ဦးမှ ပို့ချပေးခဲ့သည်။ သင်တန်းကို ကျောင်းသူ၊ ကျောင်းသားများအပါအဝင် အမျိုးသမီး (၁၂) ဦး၊ အမျိုးသား (၁၅) တို့ သင်တန်း တက်ရောက်ခဲ့ကြ ပြီး ၎င်းတို့သည် ရှမ်း၊ ဗမာနှင့် ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော အင်းတော်ကြီးဒေသတွင် တရားဥပဒေစိုးမိုးမှုနည်း ပါးသောကြောင့် ရာဇဝတ်မှုများ မကြာခဏဖြစ်ပွားခြင်း၊ ဒေသခံများ ခြိမ်းခြောက်ခံနေရခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင် ဆိုင်နေရသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိ ပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

ဩစတေးလျနိုင်ငံမှ သံအရာရှိနှင့်အဖွဲ့ AAPP ပြခန်းသို့ လာရောက် ကြည့်ရှု

US Ambassador visit

    AAPP မှတ်တမ်းနှင့်သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတိယတာဝန်ခံ ဦးဇော်မိုးမှ ဩစတြေးလျသံအရာရှိနှင့်အဖွဲ့အား AAPP ပြခန်းတွင်း ရှင်းလင်းပြသ

ဧပြီလ ၂၆ ရက်နေ့ တွင် ဩစတေးလျနိုင်ငံ သံရုံးမှ သံအရာရှိများဖြစ် သည့် Jerey Kruse (Deputy Head of Mission), Alex Street (First Secretary), and Jonathan McManus (Senior Policy Officer) တို့သည် ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ပြခန်းသို့ လာရောက်လေ့လာခဲ့ကြပါသည်။ AAPP မှ တာဝန်ရှိသူများဖြစ်သည့် AAPP တွဲဘက်အတွင်းရေးမှူး   ဦးဘိုကြည်၊ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် မှတ်တမ်းနှင့်သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတိယတာဝန်ခံ ဦးဇော်မိုးတို့မှ ပြခန်းတွင်းလိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် AAPP ၏ လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ် ဆောင်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လူ့ အခွင့်အရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

အမေရိကန်သံအမတ်ကြီးနှင့်အဖွဲ့ အေအေပီပီပြခန်းသို့ လာရောက် လေ့လာ

US embassdor

                                 AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ အမေရိကန်သံအမတ်ကြီးနှင့်အဖွဲ့ ကို AAPP ပြခန်းတွင်း  ရှင်းလင်းပြသ

ဧပြီလ ၂ရ ရက်နေ့တွင် အမေရိကန်သံရုံးမှ  Scott Marciel (US Ambassador), Sean R.Smith (Political Officer), Khine Mwan Lurnn (Political Specialist) နှင့် သံရုံးမှဝန်ထမ်း နှစ်ဦး တို့သည် ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပြခန်းသို့ လာရောက်လေ့လာခဲ့ပြီး AAPP တွဲဘက် အတွင်းရေးမှူး   ဦးဘိုကြည်၊ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ် တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် မှတ်တမ်းနှင့် သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတိယတာဝန်ခံ ဦးဇော်မိုးတို့နှင့် AAPP ၏ လက်ရှိ လုပ်ဆောင်နေသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း စဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လူ့အခွင့်အရေးအခြေအနေ များကို ဆွေးနွေးခဲ့ကြပါသည်။

OHCHR Regional Officer for South East Asia မှ AAPP သို့ လာရောက်လေ့လာ

OHCHR visit

AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ AAPP မှတ်တမ်းနှင့်သုတေသန တာဝန်ခံ၊ နိုင်ငံခြားရေးဒုတိယတာဝန်ခံ ဦးဇော်မိုးနှင့် OHCHR တို့ တွေ့ဆုံ ဆွေးနွေး

ဧပြီလ ၂၉ ရက်နေ့တွင် OHCHR Regional Office for South East Asia မှ John Coughlan (Human Rights Officer )နှင့် Raja Azwa Petra (Human Rights Officer Asia – Pacific Section) တို့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (AAPP) ရုံးသို့  လာ ရောက် လည်ပတ်လေ့လာခဲ့ကြသည်။  OHCHR Regional Office for South East Asia မှ လာရောက်လည်ပတ်သူများအား AAPP တွဲဘက် အတွင်းရေးမှူး   ဦးဘိုကြည်နှင့် မှတ်တမ်းနှင့်သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတိယတာဝန်ခံ ဦးဇော်မိုးတို့မှ လက်ခံတွေ့ဆုံခဲ့ကြပြီး AAPP ၏ လက်ရှိ လုပ်ဆောင်နေသောလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများနှင့် လူ့အခွင့်အရေးအခြေအနေ များအား ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် AAPP ၏ ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပြခန်းတာဝန်ခံများမှ ရှင်းလင်း ပြောကြားခဲ့ကြသည်။

MNHRC မှ ဒုဥက္ကဌနှင့်အဖွဲ့ AAPP ပြခန်းသို့ လာရောက်လေ့လာကြည့်ရှု

MNHRC visit

                                      AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ MNHRC အဖွဲ့ဝင်များကို AAPP ပြခန်းတွင်း  ရှင်းလင်းပြသ

ဧပြီလ ၃ဝ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဌ ဦးစစ်မြိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့ လာရောက်လည်ပတ်ခဲ့ကြပြီး၊ AAPP ပြခန်းအား လေ့လာ ခဲ့ကြသည်။ ထို့နောက် AAPP မှ တွဲဘက်အတွင်းရေးမှူး   ဦးဘိုကြည် နှင့် မှတ်တမ်းနှင့်သုတေသနတာဝန်ခံ၊ နိုင်ငံခြားရေးဒုတိယတာဝန်ခံ ဦးဇော်မိုးတို့နှင့် MNHRC နှင့် AAPP တို့ လုပ်ဆောင်လျက်ရှိသည့် လူ့အခွင့်အရေးကာကွယ်ရေးနှင့် မြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေး

AAPP and Health and suport

                           ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် AAPP တို့ တွေ့ဆုံဆွေးနွေး

ဧပြီလ ၃ဝ ရက်နေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ဒေါက်တာ သီတာလှ (ကုသရေး ဒု-ညွှန်ချုပ်)၊ ဒေါက်တာ သောင်းလှိုင် (ပြည်သူ့ကျန်းမာရေးဒု-ညွှန်ချုပ်)၊ ဒေါက်တာထက်လင်း၊ ဒေါက်တာဟန်နီဝင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ ကိုအောင်မျိုးကျော် (ရန်ကုန်ရုံးတာဝန်ခံ)၊ ကိုကျော်စိုးဝင်း (စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံ) တို့ တွေ့ဆုံခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

AAPP ၏ Memory of The Past ပြခန်းအား ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာ

ဧပြီလ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ Memory of the Past ပြခန်းအား  Swedish Burma Committee မှ ဧည့်သည်တော်များလာရောက် လေ့လာခဲ့ကြပြီး ဧပြီလ ရ ရက်နေ့တွင် ပေါ်တူဂီနိုင်ငံမှ ဧည့်သည်များ၊ တောင်ဒဂုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ လာရောက်လေ့လာကြသည်။ ပြခန်းတာဝန်ခံများမှ ပြခန်းတွင်း ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကောင်ဆယ်လာများသည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်လျှက် ရှိသည်။

ဧပြီလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာ လေးဦး သည် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး သုံးဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။ ထို့ကြောင့် ယခု လက်ရှိတွင် အမျိုးသမီး ကိုးဦးအား  ဆက်လက်၍ နှစ်သိမ့်ဆွေးနွေးပေး လျှက်ရှိသည်။  ထို့ပြင် MHAP မှ အမျိုးသမီး စူပါဗိုက်ဆာ တစ်ဦးနှင့် အမျိုးသမီး ကောင်ဆယ်လာ သုံးဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ အမျိုးသမီး ငါးဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက် ရှိပြီး ဧပြီလအတွင်းတွင် အမျိုးသမီး တစ်ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့သည်။

ထို့ပြင် MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် ငှက်အော်စမ်း လူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ အပတ်စဉ် တနင်္လာနေ့တိုင်း သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး အတွက် နှစ်သိမ့် ဆွေးနွေးပေးခြင်း ပြုလုပ်လျှက်ရှိပါသည်။ ဧပြီလ အတွင်းတွင် လူငယ် ၁၁ ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့သည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ လူကုန်ကူးခြင်းခံရသူများ၊ လိင်အလုပ်သမားများ၊ ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို ဆက်လက် နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ ဧပြီလအတွင်းတွင် ကောင်ဆယ်လာ သုံးဦးသည် အမျိုးသမီး လေးဦးနှင့် အမျိုးသား တစ်ဦးတို့အား နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပါသည်။ ထို့ကြောင့် ယခုလက်ရှိ တွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ငါးဦးတို့ကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး +၉၅(၀) ၉၄၂  ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆() ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းလွှာအားဒေါင်းလော့ရယူရန် Burmese Newsletter Template for April