မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှဒုဥက္ကဌ ဦးစစ်မြိုင်နှင့်အဖွဲ့ AAPP ပြခန်းသို့ လာရောက်လေ့လာကြည့်ရှု

IMG_2537

ယနေ့ ၃ဝ ဧပြီလ ၂၀၁၈ နေ့ နေ့လယ် ၁ နာရီမှ ၂ နာရီ ၃ဝ ထိ “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဌ ဦးစစ်မြိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမှတ် (၇၅) ဥဿဖရားလမ်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့ AAPP ရုံးသို့ လာရောက်လည်ပတ်ခဲ့ကြပြီး၊ အေအေပီပီမှ ဖွင့်လှစ်ပြသထားသည့် Memory of The Past အမည်ရ ပြခန်းအား လေ့လာကြည့်ရှုခဲ့ကြပါသည်။ MNHRC မှ ဒုတိယဥက္ကဌ ဦးစစ်မြိုင်ဦးဆောင်သောအဖွဲ့အား အေအေပီပီမှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်နှင့် ဦးဇော်မိုး (မှတ်တမ်းနှင့်သုတေသနတာဝန်ခံ နှင့် နိုင်ငံခြားရေးဒုတိယတာဝန်ခံ)တို့မှ လက်ခံတွေ့ဆုံခဲ့ကြပြီး MNHRC နှင့် AAPP တို့ လုပ်ဆောင်လျက်ရှိသည့် လူ့အခွင့်အရေးကာကွယ်ရေးနှင့် မြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

IMG_2568