OHCHR Regional Officer for South East Asia မှအေအေပီပီပြခန်းသို့လာရောက်လေ့လာ

31564010_1836661879726434_4095577827275142705_n

ယနေ့ ဧပြီလ ၂၉ ရက် ၂၀၁၈ နေ့နေ့လည် ၂ နာရီတွင် OHCHR Regional Office for South East Asia မှ John Coughlan (Human Rights Officer )နှင့် Raja Azwa Petra (Human Rights Officer Asia – Pacific Section) တို့သည် အမှတ် (၇၅) ဥဿဖရားလမ်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့ အေအေပီပီရုံးသို့ လာရောက်လည်ပတ်လေ့လာခဲ့ကြပါသည်၊ OHCHR Regional Office for South East Asia မှလာရောက်လည်ပတ်သူများအား အေအေပီပီမှ ဦးဘိုကြည် တွဲဘက်အတွင်းရေးမှူးနှင့် ဦးဇော်မိုး (မှတ်တမ်းနှင့်သုတေသနတာဝန်ခံ နှင့် နိုင်ငံခြားရေးဒုတိယတာဝန်ခံ -AAPP) တို့မှလက်ခံတွေ့ဆုံခဲ့ကြပြီး အေအေပီပီ၏လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများနှင့် လူ့အခွင့်အရေးအခြေအနေများအား ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အေအေပီပီမှ မတ်လ ၂၃ ရက်နေ့တွင်ဖွင့်လှစ်ပြသထားသည့် Memory Of The Past အမည်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ဘဝအခြေအနေများအား ထင်ဟပ်ပြသထားသည့် ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပြခန်းတာဝန်ခံများမှရှင်းလင်းပြောပြခဲ့ကြပါသည်။

31454125_1836661873059768_5861022155140109725_n