အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲ

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲအား နေပြည်တော်ရှိ Hotel Max တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ ၂၀၁၈ခုနှစ်၊မတ်လ ၈/၉ရက်နေ့များတွင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး အေအေပီပီမှ ကိုတိတ်နိုင်မှ ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်အားရှင်းလင်းတင်ပြခဲ့ပါသည်။ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်မှ ကော်မရှင်၏ ထောင်အတွေ့အကြုံများကိုရှင်းပြခဲ့ပါသည်။ အေအေပီပီမှ ကိုဘိုကြည်မှ အကျဉ်းထောင်စနစ်ပြုပြင်လဲရေးအတွက်အကြံပြုချက်များကိုတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးခွန်းများပြန်လည်မေးမြန်းခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Main Facilitator အဖြစ် ကိုအောင်သူငြိမ်း က ကူညီပေးခဲ့ပြီး။ တိုက်ရိုက်ဘာသာပြန်ဆိုမှု ကို ကိုစိုးမြတ်သူ -နိုင်ကျဉ်းဟောင်း က ကူညီပေးခဲ့ပါသည် ICRC မှ Mr Shane Clive Bryan မှ International Minimum Standards on Treatment of Prisoners နှင့် International Experience In Detention In Brief တို့ကို နှစ်ပိုင်းခွဲ၍ တင်ပြဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်းပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် အကျဉ်းထောင်စနစ်ပြုပြင်လဲရေး Concept နှင့် Mechanism တို့အား အစုလိုက်ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအားပြန်လည်တင်ပြခြင်းတို့ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်မှအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရေးရာကော်မတီအချို့မှ ကော်မတီဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရှေ့နေချုပ်ရုံး၊ တရားသူကြီးချုပ်ရုံး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဌနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှတာဝန်ရှိသူများ စုစုပေါင်း ၃၉ဦးခန့်တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် အဓိကထားဆွေးနွေးခဲ့ပါသည်။