အေအေပီပီမှထုတ်ပြန်သည့် ဇန်နဝါရီလအတွက် လစဉ်သတင်းလွှာ

news 1

                                        AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား

ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေး ပွဲ ပြုလုပ်ပေးခြင်း

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့် ရှောက်ရေးအသင်း (AAPP) မှ ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင် မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု အသိပညာပေး ဆွေးနွေးပွဲ (တစ်ရက် တာ)ကို ကြီးမှူးကျင်းပ ပေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် သနပ္ပင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်မှ အဖွင့်အမှာစကား ပြောကြား ပေးခဲ့ပြီး AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆရာ စောသန်းလှိုင်မှ လူ့အခွင့်အရေးအကြောင်းများ၊ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ အချက် ၃၀၊ ဆရာ ဦးရဲအောင်မှ ကောင်းမွန်သော စီမံအုပ်ချုပ်မှု တို့နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ပေးခဲ့သည်။ ဆွေးနွေးပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပါသည်။ AAPP မှ ကိုအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ဦး၊ ကိုမျိုးထွန်း၊ ကိုဇော်မိုး၊ ကိုခင်မောင်ဝင်း၊ ကိုတင့်ထူးလွင်နှင့် ပဲခူးတိုင်း၊ အရှေ့ခြမ်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဘိုတောက်တို့မှ ဆွေးနွေးပွဲတွင် ပါဝင်အား ဖြည့် ကူညီပေးခဲ့ကြသည်။ ထို့ပြင် AAPP မှ UDHR အိတ်ဆောင်စာအုပ်များ၊ ပိုစတာများ ဝေငှခဲ့သည့်အပြင် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေး နည်းဥပဒေ၊ အခန်း (၄) ကိုလည်း ဝေငှခဲ့ပါ သည်။

မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရား မျှတမှု သင်တန်း ပို့ချပေးခြင်း

news 3

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်ပို့ချသော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မူမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမူ သင်တန်းကို လစဉ် ပို့ချ ပေးလျှက်ရှိသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဇန်နဝါရီလ ရ ရက်နေ့မှ ဇန်နဝါရီလ ၁ရ ရက်နေ့ အထိ ၁၁ ရက်တာ သင်တန်း တစ်ခုကို လည်းကောင်း၊  ကချင်ပြည်နယ် ပူတာအိုမြို့၌ ဇန်နဝါရီလ ၁ရ ရက်နေ့မှ ဇန်နဝါရီလ ၂ရ ရက်နေ့ အထိ ၁၁ ရက်တာ သင်တန်း တစ်ခုကို လည်းကောင်း ကျင်းပပြုလုပ်ပေးနိုင်ခဲ့သည်။မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြုလုပ်သော သင်တန်း၌ သင်တန်း နည်းပြများအဖြစ် လူ့အခွင့်အရေးသင်တန်းနည်းပြ မဇွန်ပန်း နှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မူဆိုင်ရာ မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမူ သင်တန်း နည်းပြ ကိုစိုင်းမြင့်သူတို့မှ သင်တန်းပို့ချပေးခဲ့သည်။ အမျိုးသမီး ၁၅ ဦး နှင့် အမျိုးသား ၁၉ ဦးတို့ သင်တန်းတက်ရောက်ခဲ့ကြသည်။ သင်တန်းတက်ရောက်သူများသည် မွန်ပြည်ရယ် အရပ်ဘက် အဖွဲ့အစည်းများ ကွန်ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် လူငယ် အဖွဲ့တို့မှ အဖွဲ့ဝင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ   အဖွဲ့ဝင် များ ဖြစ်ကြပြီး  မွန်၊ ဗမာ နှင့် ကရင် တိုင်းရင်းသား များဖြစ်ကြသည်။

news 2

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင်ပို့ချသော လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းတွင် သင်တန်း တက်ရောက်သူများမှ ပါဝင် ဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ပြုလုပ်သော သင်တန်း၌ သင်တန်း နည်းပြများအဖြစ် လူ့အခွင့်အရေးသင်တန်းနည်းပြ ကိုနေဝန်း နှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မူဆိုင်ရာ မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမူ သင်တန်း နည်းပြ ကိုကျော်ဦးတို့မှ သင်တန်းပို့ချပေးခဲ့သည်။ အမျိုးသမီး ၁ဝ ဦး နှင့် အမျိုးသား ၁၃ ဦးတို့ သင်တန်းတက်ရောက်ခဲ့သည်။ သင်တန်း တက်ရောက်သူများသည် ဘာသာရေး အသင်းအဖွဲ့၊ အရပ်ဖက် အဖွဲ့အစည်း၊ ကလေးသူငယ် ပြုစု စောင့်ရှောက်ရေး၊ အမျိုးသမီး အဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြစ်ကြပြီး စိတ်ပါဝင်စားသူ တစ်ဦးချင်းစီ လည်း သင်တန်း တက်ရောက်ခဲ့ကြသည်။ သင်တန်း တက်ရောက်သူ အများစုမှာ လီဆူ၊ ရဝမ်၊ ကချင်နှင့် ရှမ်း ( ခန္တီး)၊ တိုင်းရင်း သားများဖြစ်ကြသည်။ သင်တန်းပို့ချခဲ့သော မွန်ပြည်နယ်အတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်များကို ရင်ဆိုင်နေရသည်။ ကျိုက်မရောဒေသတွင် လယ်ယာ မြေသိမ်းဆည်းခြင်းများရှိခဲ့သည်။ ထို့ပြင် ကျောက်မိုင်း စီမံကိန်းများ ကြောင့် ပြည်သူများ ကျန်းမာရေး ထိခိုက်ခြင်း၊ အလုပ်အကိုင် ရှားပါး ခြင်းကြောင့် အမျိုးသမီးငယ်များ လူကုန်ကူးခံရ ခြင်းများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။ ပူတာအိုဒေသသည်လည်း ကချင်ပြည်နယ် အတွင်း လူမှုရေး၊ စီးပွားရေး၊၊ ပညာရေး နိမ့်ကျမှုရှိနေပြီး လူငယ် အများစုမှာ မူးယစ်ဆေးဝါးသုံးစွဲလျှက်ရှိသည်။

သင်တန်းပို့ချခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည် ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိ ပညာ များရရှိလာရန် စွမ်းဆောင်မြှင့်တင်ပေးခြင်းဖြစ်သည်။

စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်

နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ် သော ရန်ကုန်မြို့ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာနနှင့် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းသို့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း သွားရောက်၍ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေး အတွက် နှစ်သိမ့်ဆွေးနွေးပေးမှုများ  ပြုလုပ်လျှက် ရှိသည်။

ဇန်နဝါရီလအတွင်းတွင် MHAP မှ အမျိုးသမီး ကောင်ဆယ်လာသုံးဦး သည် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ အမျိုးသမီး သုံးဦးကို  နှစ်သိမ့် ဆွေးနွေးပေးမှုပြီးမြောက် အောင်မြင်ခဲ့၍ အမျိုးသမီး ရှစ်ဦးအား  ဆက်လက်၍ နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။  ထို့ပြင် MHAP မှ အမျိုးသမီး စူပါဗိုက်ဆာ တစ်ဦးနှင့် အမျိုးသမီး ကောင်ဆယ်လာ ငါးဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဌာနမှ အမျိုးသမီး သုံးဦးကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပါသည်။ ထို့ကြောင့် ယခု လက်ရှိတွင် အမျိုးသမီး ၁ဝ ဦးကို နှစ်သိမ့်ဆွေးနွေး ပေးလျှက်ရှိသည်။

ထို့ပြင် MHAP မှ ကောင်စယ်လာများသည် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းသို့လည်း အပတ်စဉ် တနင်္လာ နေ့တိုင်း သွားရောက်၍ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်း ပြုလုပ်လျက်ရှိပါသည်။ ဇန်နဝါရီလတွင် MHAP မှ ကောင်စယ်လာ ခြောက်ဦးမှ လူငယ် ၁၁ ဦးကို နှစ်သိမ့် ဆွေးနွေးပေးခဲ့သည်။

ဇန်နဝါရီလအတွင်းတွင် ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့မှ ကောင်ဆယ်လာ သုံးဦးသည် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပါ သည်။ ထို့ကြောင့် ယခုလက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁ဝ ဦးနှင့် အမျိုးသား ၁ဝ ဦး၊ စုစုပေါင်း ၂ဝ ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

 

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၆၆() ၈၁၂၈၇၈၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆() ၈၁၉၆၂၈၇၁၃

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် Newsletter (Burmese Template)