အေအေပီပီမှ ထုတ်ပြန်သည့်ဒီဇင်ဘာလအတွက် လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း

လူ့အခွင့်အရေးဆိုင်ရာဟောပြော၊ ဆွေးနွေးပွဲပေါင်း ခုနှစ်ပွဲကို တက္ကသိုလ်၊ ကောလိပ်နှင့် အထက်တန်း ကျောင်းသူ၊ ကျောင်းသားများအားပို့ချပေး ခြင်း

HR lecture at Pyay

ပြည်ကွန်ပျူတာတက္ကသိုလ်တွင် AAPP မှ ကိုဝဏ္ဏနွယ်မှ  အခြေခံလူ့အခွင့်အရေးဆိုင်ရာဟောပြော၊ပို့ချ

ဒီဇင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း ခုနှစ်ပွဲကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်ငူ မြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် ဟောပြောပို့ချပေးနိုင်ခဲ့သည်။ ဟောပြော ဆွေးနွေးပွဲပေါင်း ငါးပွဲကို တောင်ငူမြို့နယ် အတွင်းတွင် လည်း ကောင်း၊ ဟောပြောဆွေးနွေးပွဲပေါင်း နှစ်ပွဲကို ပြည်မြို့နယ်အတွင်းတွင် လည်းကောင်း ဟောပြောဆွေးနွေး ပို့ချပေးခဲ့ပါသည်။ အဆိုပါ ဟောပြော ဆွေးနွေးပွဲများသို့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၃၄၅၀ (သုံးထောင့် လေးရာ ငါးဆယ်) ဦးနှင့် ဆရာ၊ဆရာမများတက်ရောက် နားထောင်ခဲ့ကြပါသည်။

Dr Yu Yu Win

ကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ဌာနမှူး Software ဌာနမှ ဒေါက်တာ ဒေါ်ယုယဝင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တောင်ငူမြို့နယ် အတွင်းရှိ တောင်ငူတက္ကသိုလ်၊ တောင်ငူနည်းပညာ တက္ကသိုလ်၊ တောင်ငူ ကွန်ပျူတာတက္ကသိုလ်၊ တောင်ငူ ပညာရေး ကောလိပ်နှင့် တောင်ငူနည်းပညာအထက်တန်းကျောင်းတို့တွင် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း ငါးပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ပို့ချပေးခဲ့ပါသည်။ တောင်ငူတက္ကသိုလ်တွင် ကျင်းပ ပြုလုပ်သော ဟောပြော ဆွေးနွေးပွဲ္ပ၌ ပဲခူးတိုင်းဒေသကြီး တောင်ငူ အမှတ်() တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမခ နှင့် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးတင်ထွန်း၊ တောင်ငူနည်းပညာတက္ကသိုလ်တွင် ကျင်းပ ပြုလုပ်သောဟောပြောဆွေးနွေးပွဲ၌ တောင်ငူနည်းပညာတက္ကသိုလ် မော်ကွန်းထိန်း ဆရာမ ဒေါ်သင်းသင်းနွယ်၊ တောင်ငူ ကွန်ပျူတာ တက္ကသိုလ်နှင့် တောင်ငူပညာရေးကောလိပ်တို့တွင် ကျင်းပ ပြုလုပ်သော ဟောပြောဆွေးနွေးပွဲ္ပ၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဌ ဒေါက်တာကျော်ကျော်၊ တောင်ငူ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ဌာနမှူး Software ဌာနမှ ဒေါက်တာ ဒေါ်ယုယဝင်း၊ တောင်ငူ အစိုးရ နည်းပညာ အထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်သော ဟောပြောဆွေးနွေးပွဲ၌ နည်းပညာ အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဌေးမြင့်တို့မှ အဖွင့် အမှာစကားပြောကြားပေးခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်းဦးရေ ၂၈၀၀ ဦးနှင့် ဆရာ၊ ဆရာမများတက်ရောက် နားထောင်ခဲ့ကြပြီး ကျောင်းသူ၊ ကျောင်းသား များမှ သိလိုသည်များကို မေးမြန်းခဲ့သည်။ တောင်ငူမြို့နယ်တွင် ကျင်းပ ပြုလုပ်သော ဟောပြောဆွေးနွေးပွဲများတွင် တောင်ငူ တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ တောင်ငူနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ တောင်ငူကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်း (ပဲခူး)မှ ကိုလှဘုန်းဦးတို့မှ ပါဝင် အားဖြည့် ကူညီပေးခဲ့ကြသည်။

HR at EDU collage

          တက်ရောက်လာသည့်ကျောင်းသားများမှလူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲတွင်ပြန်လည်ဆွေးနွေး

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ပြည်မြို့နယ် အတွင်းရှိ ပြည် နည်းပညာတက္ကသိုလ်၊ ပြည် ကွန်ပျူတာ တက္ကသိုလ်၊ တို့တွင် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း ငါးပွဲကို ဒီဇင်ဘာလ ၂ရ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၈ ရက်နေ့တို့တွင် ဟောပြော ဆွေးနွေးပို့ချပေးခဲ့ပါသည်။ အဆိုပါ ဟောပြော ဆွေးနွေးပွဲများတွင် ပြည်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦးညွန့်စိုး၊  ပြည်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦးမျိုးမင်းသန်းတို့မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားစုစုပေါင်းဦးရေ ၆၅ဝ ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက် နားထောင်ခဲ့ကြသည်။  ထို့ပြင် ကျောင်းသူ၊ ကျောင်းသား များမှ သိလိုသည်များကိုမေးမြန်းခဲ့သည်။ ပြည်မြို့နယ်တွင် ပြုလုပ်ခဲ့သောဟောပြောဆွေးနွေးပွဲများ၌ ပြည် နည်းပညာ တက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ ပြည်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားမသဂ္ဂတို့မှ ကျောင်း သား၊ ကျောင်းသူများ၊ ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုပြည့်လွင် (ခ) ကိုဖြူဖွေး၊ တို့မှ ပါဝင် အားဖြည့် ကူညီပေးခဲ့ကြသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် AAPP မှ ကိုအောင်မျိုးကျော်မှ AAPP ဖြစ်ပေါ်လာပုံအကြောင်းများ၊ AAPP အဖွဲ့သားများနှင့်​့ မိတ်​ဆက်​​ပေးပြီး ​ဟော​ပြောပွဲ ပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​များကို ရှင်းပြပေးခဲ့သည်။ AAPP အဖွဲ့ဝင်များဖြစ်ကြသော ကိုဝဏ္ဏနွယ်၊ ကိုစောသန်းလှိုင်၊ ကိုကျော်ဦးနှင့် ကိုခင်မောင်ဝင်းတို့မှ လူ့အခွင့်​အ​ရေးအ​ကြောင်​းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အချက် ၃ဝ နှင်​့ တာဝန်​ယူမှု၊ တာဝန်​ခံမှု အ​ကြောင်​းများကို​ ​ဟော​ပြောရှင်​းလင်​း​ဆွေး​နွေး​ပေးခဲ့ပါသည်​။

ဟောပြောပွဲများပြီးဆုံးပြီးနောက် တက်ရောက် သူများအကြား လူ့အခွင့် အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPPမှ အချက် ၃ဝ ပါ အပြည်ပြည်ဆ်ိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်း (UDHR) နှင့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (ICCPR)လက်ကမ်းစာစောင်များကို ဝေငှခဲ့သည်။

အထက်ပါ ဟောပြောပွဲများကျင်းပပြုလုပ်နိုင်ရန်နှင့် အောင်မြင်စွာ ပြီး မြောက်နိုင်စေရန်အတွက် အစိုးရမှ AAPP နှင့်အတူပူးပေါင်းဆောင်ရွက် ခဲ့ပြီးပံ့ပိုးကူညီမှုများပေးခဲ့ပါသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် လူ့အခွင့် အရေး ချိုးဖောက်မှု မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း (အခြေခံ) ပို့ချပေးခြင်း

transitional justice tr

တောင်ကြီးမြို့တွင် ကျင်းပ ပြုလုပ်သောလူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု သင်တန်း (အခြေခံ) တွင် သင်တန်းတက်ရောက်သူများမှ ပါဝင် ဆွေးနွေး

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) တို့ ပူးပေါင်းပြုလုပ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှုသင်တန်း (အခြေခံ) ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ငါးရက်တာ ကျင်းပပြုလုပ်ပေးခဲ့သည်။

သင်တန်း၌ သင်တန်းနည်းပြများအဖြစ် လူ့အခွင့်အရေးသင်တန်း နည်းပြ ကိုဝဏ္ဏနွယ် နှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း နည်းပြ ကိုကျော်ဦးတို့မှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းသူ အမျိုးသမီး (၂၂) ဦး၊ သင်တန်းသား အမျိုးသား (၂၃) ဦး၊ စုစုပေါင်း (၄၅) ဦး သင်တန်း တက်ရောက်ခဲ့သည်။ ထို့ပြင် သင်တန်းတက်ရောက်သူများသည် ဗမာ၊ ရှမ်း/ကချင်နှင့် ကချင် တိုင်းရင်း သားများဖြစ်ကြသည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည် ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိပညာ များရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်

နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာနနှင့် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းသို့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း သွားရောက်လည်ပတ်လျှက်ရှိသည်။

MHAP မှ အမျိုးသမီး ကောင်ဆယ်လာနှစ်ဦးသည် အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းမှ  နှစ်သိမ့်ဆွေးနွေးရန် လိုအပ်လျှက်ရှိသည့် အမျိုးသမီးများအား အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း နှစ်သိမ့် ဆွေးနွေး ပေးလျှက်ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် အမျိုးသမီး တစ်ဦး ကို  နှစ်သိမ့် ဆွေးနွေးပေးမှုပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ခြောက်ဦး အား နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။  ထို့ပြင် MHAP မှ အမျိုးသမီး စူပါဗိုက်ဆာ တစ်ဦးနှင့် အမျိုးသမီး ကောင်ဆယ်လာ ခြောက်ဦးသည် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဌာနသို့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း သွားရောက် လည်ပတ်လျှက်ရှိပြီး နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိရာ ဒီဇင်ဘာလအတွင်းတွင် အမျိုးသမီး ခုနှစ်ဦးကို နှစ်သိမ့်ဆွေးနွေး ပေးမှု ပြီးမြောက်ခဲ့ပါသည်။ ထို့ကြောင့် ယခု လက်ရှိတွင် အမျိုးသမီး ၁၁ ဦးကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

ထို့ပြင် MHAP မှ စူပါဗိုက်ဆာ တစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် အပတ်စဉ် တနင်္လာနေ့တိုင်း ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေး သင်တန်း ကျောင်းသို့ သွားရောက်၍ ထိုသင်တန်းကျောင်းရှိ လူငယ်များ အား နှစ်သိမ့် ဆွေးနွေး ပေးလျှက်ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် လူငယ် ၁၂ ဦးကို နှစ်သိမ့် ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပြီး နောက်ထပ် လူငယ် ၁၂ ဦးကို နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ ဒီဇင်ဘာလ အတွင်းတွင် ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့မှ ကောင်ဆယ်လာ သုံးဦးသည် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသား သုံးဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးမှု ပြီးမြောက်ခဲ့ပါ သည်။ ထို့ကြောင့် ယခုလက်ရှိတွင် ရွှေ့ပြောင်း မြန်မာ အလုပ်သမား အမျိုးသမီး ၁ဝ ဦးနှင့် အမျိုးသား ၁၂ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ကို နှစ်သိမ့်ဆွေးနွေးပေးလျှက်ရှိသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင်အေအေပီပီမှပါဝင်လှုပ်ရှားမှုများ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

HR day with AAPP

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားသို့ AAPP မှ ကိုဇော်မိုး (အလယ်) တက်ရောက်

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ပန်ဒါ ဟော်တယ်၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ၂၀၁ရ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။အဆိုပါ အခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက် ရေး အသင်း (AAPP)မှ ကိုဇော်မိုးတက်ရောက်ခဲ့သည်။

ရေတာရှည်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ စာပေ ဟောပြောပွဲ ကျင်းပ

Aung Myo Kyaw Yedashe Ts

ရေတာရှည်မြို့နယ်တွင် ကျင်းပ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ စာပေဟောပြောပွဲတွင် AAPP မှ ကိုအောင်မျိုးကျော် အဖွင့်အမှာစကားပြောကြား

ရေတာရှည်မြို့နယ်လုံးဆိုင်ရာ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲအခမ်းအနားနှင့် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ စီစဉ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် စာပေဟော ပြောပွဲအား ဒီဇင်ဘာလ ၉ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ဝ ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် စာရေးဆရာမ ဒေါ်ရွှေစင်ထိုက်၊ ဆရာ ဗေလုဝ၊ စာရေးဆရာမ နှင်းပန်းအိမ်၊ စာရေးဆရာ ချစ်ဦးညိုတို့မှ ဟောပြောခဲ့ကြပြီး၊ ဒေသခံများမှ တက်ရောက် နားထောင်ခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင်အေအေပီပီမှ ပါဝင် ဆွေးနွေး

HR day at South Okkalapa

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် AAPP မှ ကိုဝဏ္ဏနွယ်မှ အပြောင်းအလဲကာလ လူ့အခွင့်အရေးကဏ္ဍကိုပါဝင် ဆွေးနွေး

ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ဝိမုတ္တိအဖွဲ့မှ ကြီးမှူးကျင်​းပ​သောအပြည်​ပြည်​ဆိုင်​ရာလူ့အခွင်​့အ​ရေး​နေ့အခမ်းအနားကို ​တောင်​ဥက္ကလာပ မြို့နယ် စိတ်​တိုင်​းကျ လ္ဖက်ရည်​ဆိုင်​တွင် ကျင်​းပခဲ့သည်။ အဆိုပါ အခမ်​း အနားတွင် ​ဝိမုတ္တိအဖွဲ့မှ ဒါရိုက်​တာ ​ဒေါ်မိမိခိုင်​မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​ကို ရှင်​းပြ​ပေးပြီး ​ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)မှ ကိုဝဏ္ဏနွယ်​မှ အ​ပြောင်​းအလဲကာလ လူ့အခွင်​့အ​ရေး အခန်​း ကဏ္ဍကို ပါဝင်​​ဆွေး​နွေး​ပေးခဲ့ပါသည်​။ အနာဂတ်​အလင်​းတန်​းအဖွဲ့မှ မသက်​သက်​​အောင်​မှ အလုပ်​သမားအခွင်​့အရေးအ​ကြောင်​း၊ အလုပ်​သမား၊ လယ်​သမားအ​ရေးတက်​ကြွလှုပ်​ရှားသူ ဦး​ဇော်​ရမ်​းမှ နိုင်​ငံအရပ်​ရပ်​ရှိ လူ့အခွင့်​အ​ရေးအ​ခြေအ​နေများ၊ အမျိုးသမီးများအဖွဲ့ချုပ်​(မြန်​မာနိုင်​ငံ)မှ အတွင်​း​ရေးမှူး လိုည်​းပိုးညိုဝ်​ မှ အမျိုးသမီးအခွင်​့အ​ရေးများ အ​ကြောင်​းများကို ​ပြောကြား​ ပေးခဲ့ကြသည်​။

အင်းစိန်ထောင်ရှိနိုင်ငံရေးအကျဉ်းသားရှစ်ဦးအတွက် ထောက်ပံ့ငွေများပေးအပ်

support to insein prison

အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားရှစ်ဦးအတွက် AAPP မှ ထောက်ပံငွေကိုအင်းစိန် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ကိုယ်စားပြု ပေးအပ်

အင်းစိန်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသား ကိုအောင်မျိုးသူ အပါအဝင် နိုင်ငံရေးအကျဉ်းသား ရှစ်ဦးအတွက် နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထောက်ပံ့ငွေများကို အင်းစိန် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ကိုယ်စားပြု ပေးသွင်းခဲ့ ပါသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး  +၉၅(၄၂၈ ၀၂၃ ၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅() ၄၂၅၃၀၈၈၄၀

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈

အေအေပီပီလစဉ်သတင်းလွှာဒေါင်းလော့ရယူရန် December Newsletter (Burmese Template)