ရိုက်တာ သတင်းဌာနမှ သတင်းသမား ၂ ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း မှ UN WGAD သို့ တိုင်ကြား

aapp letterhead

သတင်းထုတ်ပြန်ချက်

ရက်စွဲ။  ။ ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁ရ ခုနှစ်

 

ရိုုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖြစ်သူ ကိုသက်ဦးမောင် (ခ) ဝလုုံးနှင့် ကိုကျော်စိုုးဦး (ခ) မိုုးအောင်တိုု့အား ၂၀၁ရ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ မတရားသဖြင့် ဖမ်းဆီးခြင်းခံရသည်ဟု ယူဆသဖြင့် လူတစ်ဦးချင်းစီအတွက် တိုင်ကြားနိုင်သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ လက်အောက်ရှိ မတရားသဖြင့်ဖမ်းဆီးထိမ်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Working Group on Arbitrary Detention) ထံသို့ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် တိုင်ကြားလိုက်ပါသည်။

၂၀၁ရ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ညတွင် ထောက်ကြန့်နယ်မြေ ရဲစခန်းမှ အရေးကြီးလုုံခြုံရေး စာရွက်စာတမ်းများအား တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့သည့်အတွက်  မြန်မာနိုုင်ငံအစိုုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။

ဖမ်းဆီးထိမ်းသိမ်းခံ သတင်းသမား နှစ်ဦးသည် မည့်သည့်နေရာတွင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည် ဆိုသည်ကိုပင် မိသားစုဝင်များ၊ ရှေ့နေများမှ ထိန်းသိမ်းခံရပြီးချိန်မှ ယနေ့အချိန်အထိတိုင် မသိရသေးသည်မှာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း၏ လုပ်ရပ်အပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်။

ထိုသတင်းထောက် နှစ်ဦးသည် ဖွဲ့စည်းပုုံအခြေခံဥပဒေ ပုုဒ်မ ၃၄၇[1] အရ လည်းကောင်း၊ အပြည်ပြည်ဆိုုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် (၁၉) အရလည်းကောင်း၊[2] နိုုင်ငံသားနှင့်နိုုင်ငံရေးအခွင့်အရေးဆိုုင်ရာ နိုုင်ငံတကာ သဘောတူစာချုပ် အပိုုဒ်(၉)[1] အပိုုဒ် (၁၄)[2] နှင့် (၂၆)[3] တို့အရလည်းကောင်း ဖမ်းဆီးထိမ်းသိမ်းခံ သတင်းသမား ၂ ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးသဘောတူစာချုပ်များက ပြဌာန်းထားသော အခွင့်အရေးများကို ဆုံးရှူံးခဲ့ကြောင်း တွေ့ရှိရသည်။

ထို့အပြင် ၂၀၁၄ခုုနှစ် မတ်လတွင် ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေပုုဒ်မ ၂ (က)[4] အရ လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ (ရှာဖွေရယူခွင့်) လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့ကိုလည်း ဆုံးရှုံးခဲ့ပါသည်။

ထိုသတင်းထောက် နှစ်ဦးသည် ဖမ်းဆီးချိန်တွင်လည်း ဝရမ်းပါ မပါ မသေချာသည် ဆိုသည့် အချက်ကလည်း မြန်မာနိုုင်ငံအစိုုးရ လှျို့ဝှက်ချက်အက်ဥပဒေ ပုုဒ်မ (၁၁) အရ ဖမ်းဆီးထိန်းသိမ်းမည်ဆိုုလျှင် တရားသူကြီးထံမှ ဖမ်းဆီးထိန်းသိမ်းရန် ဝရမ်းရယူရန် လိုုအပ်ပြီး၊ သတင်းသမားနှစ်ဦးမှာ သတင်းအချက်အလက်ရယူ၊ ပိုုင်ဆိုုင်ပြီး အချိန်တိုုအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့်အတွက် ၎င်းတိုု့အား ဥပဒေနှင့်အညီ ဖမ်းဆီးခြင်း ဖြစ်၊ မဖြစ်အပေါ် များစွာ သံသယဖြစ်ဖွယ် တွေ့ရှိရပါသည်။

အထက်ဖော်ပြပါ အချက်အများအရ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း  အနေဖြင့် ဖမ်းဆီးခံသတင်းသမား နှစ်ဦးသည် မတရားသဖြင့် ဖမ်းဆီးခြင်းခံရသည်ဟု ယူဆသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ လက်အောက်ရှိ မတရားသဖြင့်ဖမ်းဆီးထိမ်းသိမ်းခြင်းဆိုင်ရာ လူတစ်ဦးချင်းဆီ အတွက် တိုင်ကြားနိုင်သော Working Group on Arbitrary Detention ထံသို့ တိုင်ကြားလိုက်ခြင်း ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်- ကိုတိတ်နိုင် +(၆၆) ၈၁ ၂၈ရ ၈၇၅၁

ကိုဇော်မိုုး + (၉၅) ဝ၉  ၇၉၅၈၈၁၀၁၆

အပြည့်အစုံကိုဒေါင်းလော့ရယူရန်

Media release on Two reporters