အေအေပီပီ နိုဝင်ဘာလအတွက် လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာအသိပညာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း

အစိုးရကျောင်းများတွင် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြော၊ ဆွေးနွေးပွဲ ပို့ချပေးခြင်း

HR awarness

တောင်ကြီးမြို့၊ တောင်နီ (အထက) တွင် ကျင်းပ ပြုလုပ်ခဲ့သော အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲ

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် လူ့အခွင့်အရေးမှတ်တမ်းတင်ကွန်ရက် (HRDN) (တောင်ကြီး)တို့မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲပေါင်း (၂၆) ပွဲကို တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၃ဝ ရက်နေ့အထိ ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ခြောက်ကျောင်းတွင် ဟောပြောဆွေးနွေးပွဲပေါင်း ခြောက်ပွဲကိုလည်းကောင်း၊ ကလောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း လေးကျောင်းတွင် ဟောပြောဆွေးနွေးပွဲပေါင်း လေးပွဲကို လည်းကောင်း၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်းတွင် ဟောပြောဆွေးနွေးပွဲပေါင်း နှစ်ပွဲနှင့် အခြေခံပညာ အလယ်တန်းကျောင်း တစ်ကျောင်းတွင် ဟောပြောဆွေးနွေးပွဲ တစ်ပွဲကို လည်းကောင်း၊ ရပ်စောက်မြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း လေးကျောင်းတွင်ဟောပြော ဆွေးနွေးပွဲပေါင်း လေးပွဲကိုလည်းကောင်း၊ တောင်ကြီးမြို့ နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ရှစ်ကျောင်းတွင်ဟောပြော ဆွေးနွေးပွဲပေါင်း ကိုးပွဲကိုလည်းကောင်း ဟောပြောပို့ချပေးခဲ့ သည်။ အဆိုပါ ဟောပြောပွဲများသို့ ကျောင်းသူ၊ကျောင်းသား စုစုပေါင်း ၉၃၉၄ ဦးနှင့် ဆရာ၊ဆရာမများ တက်ရောက် နားထောင်ခဲ့ကြသည်။

ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ခြောက် ကျောင်းတွင် ဟောပြောဆွေးနွေးပွဲပေါင်း ခြောက်ပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၁ရ ရက်နေ့အထိဟောပြော ပို့ချပေးခဲ့သည်။ ညောင်ရွှေ မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော ဟောပြောပွဲသို့ ညောင်ရွှေမြို့နယ် ဒုတိယပညာရေးမှူး ဦးဝင်ကြိုင်မှ တက် ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ဟောပြောဆွေးနွေးပွဲများသို့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂၄၂၃ (နှစ်ထောင့်လေးရာ နှစ်ဆယ့်သုံး) ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက် နားထောင်ခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် ကလောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း လေး ကျောင်းတွင် အခြေခံလူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြောပွဲပေါင်း လေးပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ဟောပြောပို့ချပေးခဲ့သည်။ ဟောပြော ဆွေးနွေးပွဲသို့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၂၁၈ (တစ်ထောင့်နှစ်ရာ တစ်ဆယ့်ရှစ်) ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက် နားထောင်ခဲ့ကြ သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် ပင်းတယမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်းတို့တွင် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပေါင်း သုံးပွဲအား နိုဝင်ဘာလ၂၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။ ဟောပြော ဆွေးနွေးပွဲသို့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၂၂၅ (တစ်ထောင့်နှစ်ရာ နှစ်ဆယ့်ငါး) ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက် နားထောင်ခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် ရပ်စောက်မြို့နယ်အတွင်းရှိ   အခြေခံပညာ    အထက်တန်းကျောင်းလေးကျောင်းတွင် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြောပွဲပေါင်း လေးပွဲအား နိုဝင်ဘာလ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့ထိကျင်းပ ပြုလုပ်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၅၉ဝ (တစ်ထောင့်ငါးရာ ကိုးဆယ်) ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက် နားထောင်ခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ရှစ်ကျောင်းတွင် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲပေါင်း ကိုးပွဲအား နိုဝင်ဘာလ ၂ရ ရက်နေ့မှ နိုဝင်ဘာလ ၃ဝ ရက်နေ့ထိ ဟောပြောပို့ချပေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂၉၃၈ (နှစ်ထောင့်ကိုးရာ သုံးဆယ့်ရှစ်) ဦးနှင့် ဆရာ၊ ဆရာမများ တက်ရောက် နားထောင်ခဲ့ကြသည်။

23634758_1218830254917598_739939129_n

ကိုအောင်မျိုးကျော် (အေအေပီပီ) နှင့် ကိုတင့်ထူးလွင် (အေအေပီပီ) တို့မှဟောပြောဆွေးနွေးနေစဉ်

ဟောပြောပွဲများတွင် AAPP မှ ကိုအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုမျိုးထွဋ်အောင်၊ ကိုအောင်ကြီးနှင့် လူ့အခွင့်အရေး မှတ်တမ်းတင် ကွန်ရက် (HRDN)(တောင်ကြီး) မှ ကိုသန့်ဇင်ဦးမှ AAPP အဖွဲ့သား များနှင့်​့ ဦးစွာ မိတ်​ဆက်​​ပေးပြီး ​ဟော​ပြောပွဲပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​များကို ရှင်​းပြပေးခဲ့ပါသည်။ ထို့နောက် AAPP မှ ကိုအောင်မျိုးကျော်၊ ကိုဝဏ္ဏနွယ်၊ ကိုမျိုးထွဋ်အောင်၊ ကိုအောင်ကြီး၊ ကိုကျော်ဦးနှင့် ကိုတင့်ထူးလွင်တို့မှ လူ့အခွင့်​့အ​ရေး သမိုင်း​ကြောင်​းများ၊ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အချက် ၃၀၊ က​လေး သူငယ်​အခွင့်​့အ​ရေးများ နှင်​့ တာဝန်​ယူမှု၊တာဝန်​ခံမှု အ​ကြောင်​းများကို​ ​ဟော​ပြောရှင်​းလင်း​ဆွေး​နွေး​ပေးခဲ့ပြီး ကျောင်​းသား​၊ကျောင်​းသူများမှ အပြန်​အလှန်​​ မေးခွန်​းများ​ မေးမြန်​း​ခဲ့ပါသည်​။ လူ့အခွင့်အရေး မှတ်တမ်းတင်ကွန်ရက် (HRDN)(တောင်ကြီး) မှ ကိုသန့်ဇင်ဦးမှ အဆိုပါ ဟောပြောပွဲများတွင် အားဖြည့် ကူညီခဲ့သည်။

ဟောပြောပွဲများ ပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့် အရေးဆိုင်ရာ အသိ ပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPPမှ အချက် ၃ဝ ပါ အပြည်ပြည်ဆ်ိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း လက်ကမ်းစာစောင်များကို ဝေငှခဲ့သည်။

အထက်ပါဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရန်နှင့် အောင်မြင်စွာ ပြီးမြောက်နိုင်စေရန်အတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ပံ့ပိုးကူညီမှုများ ပေးခဲ့ပါသည်။

မွန်ပြည်နယ်တွင် အခြေခံ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (မွမ်းမံ) သင်တန်းပို့ချပေးခြင်းTraining mon

မွန်ုပြည်နယ်၊ သံဖြူဇရပ် မြို့နယ်တွင် ပို့ချခဲ့သောလူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့်အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (မွမ်းမံ) သင်တန်း

အခြေခံလူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု (မွမ်းမံ) သင်တန်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နိုဝင်ဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၂ဝ ရက်နေ့အထိ (၁၂) ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။

မွမ်းမံ သင်တန်း၌ သင်တန်းနည်းပြများအဖြစ် လူ့အခွင့်အရေး သင်တန်းနည်းပြ ဦးစောသန်းလှိုင်နှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြ ကိုစိုင်းမြင့်သူ တို့မှ သင်တန်း ပို့ချပေးခဲ့သည်။ သင်တန်းသူ အမျိုးသမီး (၁၃) ဦး၊ သင်တန်းသား အမျိုးသား (၉) ဦး၊ စုစုပေါင်း (၂၂) ဦး သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများသည် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း(Human Rights Foundation of Mon Land)၊ Network for Social Development Peace (NSDP)၊ မွန်လူငယ် အစည်းအရုံး (M.Y.O-Zobbu)၊ ထားဝယ် အမျိုးသမီးသမဂ္ဂ၊ ကရင် ကျောင်းသားသမဂ္ဂ၊ လူငယ်ကွန်ရက်၊ ကျုံဒိုး လူငယ်ကွန်ရက်၊ အောင်လံလူငယ်ကွန်ရက်၊ ရေစကြို လူငယ်ကွန်ရက်၊ အညာမြေ ငြိမ်းချမ်းရေးကွန်ရက်၊ လမ်းပြကြယ်စင်၊ မာဃလူငယ်နှင့် Rays of Lights စသည့် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြစ်ကြသည်။

သင်တန်းနည်းပြ ကိုစိုင်းမြင့်သူ၏ ဖိတ်ကြားချက်အရ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း  ( Human Right Foundation of Mon Land ) Program ဒါရိုက်တာ ကိုနိုင်အဲမွန်မှ သင်တန်းတွင် မိတ်ဆက် စကားပြောကြားပေးခဲ့ပြီး ၎င်း၏ အတွေ့အကြုံများနှင့် အသိပညာများကို ဝေမျှပေးခဲ့သည်။ ထို့ပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို လည်း ဆွေးနွေးပေးခဲ့သည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိပညာ များရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေး ခြင်းဖြစ်သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့် တိုက်တွန်းခြင်း

ko bo kyi trip

AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်နှင့် လွတ်လပ်သော အာရှအသံ (RFA) တို့ အင်တာဗျူး ပြုလုပ်ခြင်း

AAPP တွဲဘက်အတွင်းရေးမှူး၏ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ ခရီးစဉ်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိThe Ferencz International Justice မှ ကြီးမှူး ကျင်းပခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မူများအတွက် တရားမျှတမူနှင့်ပွင့်လင်းမြင်သာမူရှာဖွေရေးညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံခဲ့ရသည်။ ထို့ကြောင့် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် နိုဝင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့မှ စတင် ထွက်ခွာခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ညီလာခံတွင် မြန်မာအပါအဝင် အီရတ်၊နိုင်ဂျီးရီးယား နှင့် တောင်ဆူဒန် တို့မှ ကိုယ်စားလှယ်များ၊ ရှေ့နေများ၊ သံတမန်ဟောင်းများ၊ တက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့ကြပါသည်။ သုံးရက်တာကျင်းပခဲ့သောညီလာခံအတွင်း

၁။ Building A Victim – Driven Coalition

၂။ Effective Outreach Strategies During Conflict

၃။ Political and Diplomatic Strategy

၄။ Legal Strategies

၅။ Gathering Evidence and Documentation

၆။ Coordinating with Transitional Justice Measures

၇။ Funding International Justice Coalitionsစသည့် ခေါင်းစဉ်များအားဆွေးနွေးခဲ့ကြသည်။

ညီလာခံတက်ရောက်ပြီးနောက် တွဲဘက် အတွင်းရေးမှူးသည် National Endowment for Democracy (NED), Democracy Human Rights and Labor of State Department, Priscilla Clapp – working dinner with a former ambassador, Michele – Working Dinner with Burma lobbyist, USAID, Bill Richardson Foundation, United State Institute of Peace – USIP စသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး Radio Free Asia (RFA), Voice Of America, (VOA) စသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

AAPP တွဲဘက်အတွင်းရေးမှူးသည် အမေရိကန်နိုင်ငံတွင် ရှိနေစဉ် အတွင်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး အကျဉ်းသားရေးရာ ကိစ္စများအပါအဝင် လူ့အခွင့်အရေးအခြေနေများ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ လက်ရှိ လှုပ်ရှားဆောင်ရွက်နေမှုများအကြောင်းကို ဆွေးနွေးခဲ့သည်။

ငြိမ်းချမ်ရေး ဆောင်ရွက်သူများ သုတေသနညီလာခံ တက်ရောက်ခြင်း

Than htike win

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ CSO Forum ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုသန်းထိုက်ဝင်းသည် နိုဝင်​ဘာလ ၁ရ ရက်နေ့မှ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ              က​မေ႓ာဒီးယားနိုင်​ငံ၊ ဆီရန်ရိ (Siem Reap) မြို့တွင်  ကျင်​းပပြုလုပ်​ခဲ့သည့် ဆဌမအကြိမ်​​မြောက်​ ငြိမ်​းချမ်​း​ရေး ​ဆောင်​ရွက်​သူများ သု​တေသနညီလာခံကို တက်ရောက်ခဲ့သည်။ မြန်​မာနိုင်​ငံမှ ငြိမ်​းချမ်​း​ရေး သု​တေသနပြု အရပ်​ဘက်​အဖွဲ့အစည်​းများ၊ ရခိုင်​ပြည်​နယ်​မှ အရပ်​ဘက်​အဖွဲ့အစည်​းများ ၊ အပစ်​ရပ်​​စောင်​့ကြည်​့​ရေး ပူးတွဲ​ကော်​မတီ (JMC) မှ ကိုယ်​စားလှယ်​များတက်​​ညီလာခံသို့ ရောက်​ခဲ့ပါသည်​။ အခမ်​း အနားတွင်​ ပထဝီနိုင်​ငံ​ရေး၊ အစွန်​​း​ရောက်​ဝါဒ၊နှင်​့ ဖိလစ်​ပိုင်​၊ မြန်​မာနိုင်​ငံ၊ သီရိလင်္ကာနိုင်​ငံ၊ ကိုရီးယားကျွန်​းစွယ်​အ​ရေး၊ အာဖဂန်​နစ္စတန်၊ ထိုင်​းနိုင်​ငံ၊ နီ​ပေါနိုင်​ငံတို့၏ ငြိမ်​းချမ်​း​ရေး တည်​​ဆောက်​မှုဆိုင်​ရာ သု​တေသနအချက်​အလက်​များကို ​ဆွေး​နွေးခဲ့ကြသည်​။

စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်

နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ ကျွမ်းကျင် ကောင်စယ်လာများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်မြို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း နှင့် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ သွားရောက်လျက်ရှိပြီး နှစ်သိမ့်ဆွေးနွေးခြင်းလုပ်ငန်းများကို လုပ်ဆောင် ပေးလျှက်ရှိသည်။

MHAP မှစူပါဗိုက်ဆာတစ်ဦးနှင့် ကောင်ဆယ်လာ ငါးဦးသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်း သွားရောက်၍ နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ပေးလျှက်ရှိသည်။ နိုဝင်ဘာလအတွင်းတွင် အမျိုးသမီး ၁၅ ဦးအား နှစ်သိမ့်ဆွေးနွေးပေး ခဲ့သည်။ MHAP မှ ကောင်ဆယ်လာ နှစ်ဦးသည် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းမှ  နှစ်သိမ့် ဆွေးနွေးရန် လိုအပ် လျှက်ရှိသည့် အမျိုးသမီးများအား အပတ်စဉ် စနေနေ့တိုင်း နှစ်သိမ့် ဆွေးနွေး ပေးလျှက်ရှိပြီး နိုဝင်ဘာလ အတွင်းတွင် အမျိုးသမီး ငါးဦးအား နှစ်သိမ့်ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် MHAP မှကောင်ဆယ်လာ ခြောက်ဦးသည် အပတ်စဉ် တနင်္လာနေ့တိုင်း ငှက်အော်စမ်းလူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းရှိ နှစ်သိမ့်ဆွေးနွေးရန်လိုအပ်နေသော လူငယ် ၁၅ ဦးအား နှစ်သိမ့် ဆွေးနွေးပေးလျှက်ရှိသည်။ နိုဝင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ MHAP အဖွဲ့မှ ကောင်ဆယ်လာသုံးဦးသည် ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသမီး ၁ဝ ဦးနှင့်  အမျိုးသား ရှစ်ဦးတို့အား နှစ်သိမ့်ဆွေးနွေးပေးနိုင်ခဲ့သည်။ ထို့ပြင် နိုဝင်ဘာလ အတွင်းတွင် အမျိုးသမီး ငါးဦးနှင့် အမျိုးသား သုံးဦးတို့သည် နှစ်သိမ့်ဆွေးနွေးမှု ရယူခြင်းပြီးမြောက်ခဲ့သည်။

 

ပဲခူးမြို့သို့ လေ့လာရေး ဘုရားဖူး ခရီးစဉ် သွားရောက်ခြင်း

Expo trip

ပဲခူးမြို့၊ လေ့လာရေး ဘုရားဖူး ခရီးစဉ် သွားရောက်ခဲ့ကြသော အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသူ အမျိုးသမီးများနှင့် MHAP မှ ဆူပါဗိုက်ဆာများနှင့် ကောင်ဆယ်လာများ

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်​ကုန်​မြို့၊ သံလွင်လမ်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်​​ရေး​ဌာန (သံလွင်​​ကျောင်​း) မှ  ဝန်ထမ်းများ၊ သင်တန်းသူ အမျိုးသမီး တစ်ရာ ဝန်းကျင်ခန့်နှင့် နိုင်ငံရေး အကျဉ်သားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)၏ MHAP မှ ဆူပါဗိုက်ဆာများ၊ ကောင်ဆယ်လာများသည် ပဲခူးမြို့သို့ လေ့လာရေး ဘုရားဖူး ခရီးစဉ် သွားရောက်ခဲ့သည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၆၆() ၈၁၂ ၈၇၈ ၇၅၁

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆() ၈၁၉ ၆၂၈ ၇၁၃

အောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန် November Newsletter (Burmese)