လစဉ်သတင်းလွှာ အောက်တိုဘာလ၂၀၁၇

လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း

HR awarness

အောက်တိုဘာလတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) မှ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ဟော ပြောဆွေးနွေးပွဲပေါင်း (၁၀) ပွဲကိုပဲခူးတိုင်းဒေသကြီးအတွင်းရှိပဲခူးမြို့တွင် လည်းကောင်း၊ ဟောပြောဆွေးနွေးပွဲပေါင်း () ပွဲကို တောင်ငူမြို့နယ် အတွင်းရှိကိုယ်ပိုင်အထက်ကျောင်း နှစ်ခုနှင့် အစိုးရ အထက်တန်း ကျောင်း တစ်ခုတို့တွင် လည်းကောင်း ဟောပြောပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ ကျောင်းသူ၊ ကျောင်းသား ၄၁၀၁ (လေးထောင့်တစ်ရာတစ်)ဦးကျော်နှင့် ဆရာ၊ဆရာမများ တက်ရောက် နားထောင်ခဲ့ကြပါသည်။

အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁ရ ရက်နေ့ထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ပဲခူး မြို့အတွင်းရှိ အစိုးရအထက်တန်းကျောင်း (၁၀) ကျောင်းတွင် ဟော ပြောဆွေးနွေးပွဲပေါင်း (၁၀)ပွဲကို ပို့ချပေးခဲ့ပါသည်။ ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ဒုဥက္ကဌ ဦးကြည်ဇင်၊ ပဲခူးတိုင်းဒေသကြီး သစ်တောရေးရာနှင့် သယံဇာတဝန်ကြီးဦးကျော်မင်းစံ၊ ပဲခူးတိုင်းဒေသကြီး ပညာရေး ကော်မတီဥက္ကဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်၊ ပဲခူးတိုင်းဒေသကြီးဒုတိယပညာရေးမှူး ဦးအေးသိန်းတို့မှ အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပဲခူးမြို့နယ် လက်ထောက်ပညာရေးမှူး ဦးနေဝင်းမှလည်း တက်ရောက်အားပေးခဲ့သည်။ ပဲခူးတိုင်းပဲခူးတက္ကသိုလ် လှယဉ်ကျေးမယ် မသော်သော်လမင်းမှကျောင်းသား၊ကျောင်းသူများအား အသိဗဟုသုတ  များ မျှဝေပေးခဲ့ပါသည်။ဆရာမ နှင်းပန်းအိမ်မှ လက်ရှိမြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအပေါ် ဆွေးနွေးပေးပြီးAAPP မှ ကိုအောင်မျိုးကျော်၊ ကိုခင်မောင်ဝင်း ၊ ကိုကျော်ဦး၊ ကိုတင့်ထူးလွင်၊ ကိုမျိုးထွန်း၊ ညောင်​​လေးပင်​မြို့ နိုင်​ငံ​ရေးအကျဉ်​းသား​ဟောင်​း ကိုဘို​တောက်​တို့မှ လူ့ အခွင့်အရေးအကြောင်းအရာများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအချက် (၃၀)၊ ကလေးသူငယ်အခွင့်အရေးများနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အကြောင်းများကိုဆွေးနွေးပေးခဲ့ပါသည်။ ထို့ပြင် ပဲခူးမြို့ အမှတ် (၅) အခြေခံပညာအထက်​တန်​း​ကျောင်း၊ အမှတ် (၆) အခြေခံပညာအထက်​တန်​း​ကျောင်း၊ အမှတ် (၇) အခြေခံပညာ အထက်​တန်​း​ကျောင်း၊ အခြေခံပညာ အထက်​တန်​း​ကျောင်းခွဲ (၁) ကျောက်ကြီးစုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (ဘုရားကြီး) နှင့် အခြေခံပညာအထက်တန်းကျောင်း (ပျဉ်ပုံကြီး) တို့တွင်အနုပညာရှင် ဟာသသရုပ်ဆောင် ကိုဝိုင်းကျော်၊ ပိုးလေး၊ ဦးမိုးကျော်၊ ဦးဗေဒါ နှင့် သားအဂီး(ဖူးသစ်ကြယ်စင်) ပဲခူးလူရွှင်တော်အသင်းဥက္ကဌ ကိုအဲရိုး၊ ပဲခူးလူရွှင်တော်အသင်း ပြန်ကြားရေးမှူး ကိုလှိုင်ဘွားတို့မှ ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အချက်အလက်များ၊ ဗဟုသုတ များနှင့်ကျောင်းသား၊ ကျောင်းသူများကိုစိတ်ပျော်ရွှင်အောင် ဟာသများ နှင့်ဖျော်ဖြေပေးခဲ့ပါသည်။ ပဲခူးအရှေ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နိုင်၊ ပဲခူးမြို့နယ်မှ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ကိုလှဖုန်းဦး၊ ကိုအောင်ကျော်ဦးနှင့် ကိုဇော်နိုင်၊ ပဲခူးမီဒီယာမှ ကိုသန်းဝင်းနိုင်တို့မှ အဆိုပါ ဟောပြောပွဲများတွင် ပါဝင် အားဖြည့် ကူညီခဲ့ကြသည်။ ဟောပြောပွဲများသို့ ကျောင်းသား၊ ကျောင်းသူ ၃၄၂၁ ဦးကျော် နှင့် ဆရာ၊ ဆရာမများတက်ရောက်ခဲ့သည်။

ထို့ပြင် AAPP မှအောက်တိုဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၂ဝရက်နေ့ထိတောင်ငူမြို့နယ်အတွင်းရှိငြိမ်းချမ်းရေးကိုယ်ပိုင် အထက် တန်းကျောင်းနှင့် မဟာကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ဟော ပြော ဆွေးနွေးပွဲပေါင်း ()ပွဲနှင့် တောင်ငူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်​တန်​း​ကျောင်းတွင် ဟောပြောဆွေးနွေးပွဲ ()ပွဲ ကိုပို့ချပေးခဲ့ပါသည်။ AAPP မှ ကိုဝဏ္ဏနွယ်နှင့် ကိုကျော်ဦးတို့မှ လူ့အခွင့်အရေးအကြောင်းအရာများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်းအချက် (၃၀)၊ ကလေးသူငယ်အခွင့်အရေးများနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အကြောင်းများကိုဆွေးနွေးပေးခဲ့ပါသည်။ တောင်ငူမြို့နယ် အမျိုသားသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစံထွန်းအောင် နှင့် အဖွဲ့ဝင် ကိုဆန်းဂျေးတို့မှ ပူးပေါင်းပါဝင် ကူညီ ပေးခဲ့သည်။  ဟောပြောပွဲများသို့ ကျောင်းသား၊ ကျောင်းသူ ၆၈၀ ဦးကျော် နှင့် ဆရာ၊ ဆရာမများတက်ရောက်ခဲ့သည်။

ပဲခူးမြို့နယ်နှင့် တောင်ငူမြို့နယ်တို့တွင် ပြုလုပ်ခဲ့သော ဟောပြောဆွေး နွေးပွဲများတွင် AAPP အဖွဲ့ဝင်များဖြစ်ကြသော ဦး​အောင်​မျိုး​ကျော်​၊ ကိုဝဏ္ဏနွယ်၊ ကိုလွင်မိုးမြင့်နှင့် ညောင်​​လေးပင်​မြို့ နိုင်​ငံ​ရေးအကျဉ်​းသား​ဟောင်​း ကိုဘို​တောက်​တို့မှ ​ဟောပြောပွဲတက်ရောက် လာသူများကို AAPP အဖွဲ့သားများနှင့် မိတ်ဆက်ပေးပြီး ဟော​ပြော ပွဲပြုလုပ်​ရခြင်​း၏ ရည်​ရွယ်​ချက်​များကို ရှင်​းပြခဲ့သည်။

ဟောပြောပွဲများ ပြီးဆုံးပြီးနောက် တက်ရောက်သူများကြား လူ့အခွင့်အရေးဆိုင်ရာ အသိ ပညာဗဟုသုတများ မြှင့်တင်ရန် ရည်ရွယ်၍ AAPP မှ အချက် ၃ဝ ပါ အပြည်ပြည်ဆ်ိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်း လက်ကမ်းစာ စောင်များကို ဝေငှခဲ့သည်။

အထက်ပါ ဟောပြောပွဲများကျင်းပပြုလုပ်နိုင်ရန်နှင့် အောင်မြင်စွာ ပြီးမြောက်နိုင်စေရန်အတွက် အစိုးရမှ AAPP နှင့်အတူပူးပေါင်းဆောင် ရွက်ခဲ့ပြီးပံ့ပိုးကူညီမှုများပေးခဲ့ပါသည်။

ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းများပို့ချပေးခြင်း

oct photo training

လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူး ပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လစဉ် ပို့ချပေးလျက်ရှိရာ အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့ထိ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌(၁၁) ရက်တာ သင်တန်းတစ်ခုကို လည်းကောင်း၊ အောက်တိုဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၃ဝ ရက်နေ့ထိ (၁၂) ရက်တာသင်တန်းတစ်ခုကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်တွင်လည်းကောင်း ကျင်းပပြုလုပ်ပေးနိုင်ခဲ့သည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ကျင်းပပြုလုပ်ခဲ့သော (၁၁) ရက်တာ သင်တန်း၌ သင်တန်းနည်းပြများအဖြစ် လူ့အခွင့်အရေးသင်တန်းနည်းပြ မဇွန်ပန်းနှင့် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြ ကိုကျော်ဦး တို့မှ သင်တန်းပို့ချ ပေးခဲ့သည်။ သင်တန်းသူ အမျိုးသမီး (၁၇) ဦး၊ သင်တန်းသား အမျိုးသား (၁၁) ဦး၊ စုစုပေါင်း (၂၈) ဦး သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်သူများသည် Grip Hands၊ ကချင်နှစ်ခြင်းအသင်းတော်၊ Good Hope Foundation၊ Buga Ning Shaung၊ ၈၈ သွေးသစ်၊ DPF အဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြစ်ပြီး ကျောင်းသူတစ်ဦးလည်း ပါဝင် တက်ရောက်ခဲ့သည်။ ထို့ပြင် သင်တန်း တက်ရောက်သူများမှာ ဗမာ၊ ရှမ်း/ကချင်နှင့် ကချင်တိုင်းရင်းသားများ ဖြစ်ကြသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်ကျင်းပပြုလုပ်ခဲ့သော (၁၂) ရက်တာ သင်တန်း၌ သင်တန်းနည်းပြများအဖြစ် လူ့အခွင့်အရေး သင်တန်းနည်းပြ ကိုနေဝန်း၊ လူ့အခွင့်အရေး၊ လူ့အခွင့် အရေး မှတ်တမ်း တင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းနည်းပြ ကိုစိုင်းမြင့်သူ တို့မှ ဦးဆောင်၍ သင်တန်းပို့ချ ပေးခဲ့ပြီး သင်တန်းသူ အမျိုးသမီး (၁၅)ဦးနှင့် အမျိုးသား (၅)ဦး၊ စုစုပေါင်း (၂၀)ဦး သင်တန်းတက်ရောက်ခဲ့ ကြသည်။ သင်တန်းတက်ရောက်သူများမှာ မွန်လူငယ်အဖွဲ့အစည်းမှ အဖွဲ့ ဝင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များဖြစ်ကြပြီး မွန်တိုင်းရင်းသားအများစုဖြစ်သည်။ သင်တန်းပို့ချပေးခဲ့သော ကချင်ပြည်နယ်တွင် လယ်ယာမြေ သိမ်းဆည်း ခံရခြင်း၊ မတရားဖမ်းဆီး ချုပ်နှောင်ခံရခြင်းတို့အပါအဝင် လူ့အခွင့် အရေးချိုးဖောက်မှုများကို ရင်ဆိုင်နေရသည်။ သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေးမြှင့်တင်ရန်နှင့် အသိပညာ များရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေး ခြင်းဖြစ်သည်။

စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်

နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Mental Health Assistance Program (MHAP) မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ရန်ကုန်မြို့ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာန၊ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်း၊ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ သွားရောက်လည်ပတ် ၍ နှစ်သိမ့်ဆွေးနွေးပေးလျက်ရှိသည်။

MHAP မှ စူပါဗိုက်ဆာတစ်ဦးနှင့် ကောင်ဆယ်လာငါးဦးသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်း သွားရောက်လည်ပတ်လျက်ရှိပြီး နှစ်သိမ့် ဆွေးနွေးမှု ပြုလုပ် ပေးလျက်ရှိသည်။ အောက်တိုဘာလတွင်းတွင် အမျိုးသမီး ခြောက်ဦးကို နှစ်သိမ့်ဆွေးနွေးပေးမှုပြီးမြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသမီး ၁၅ ဦးအား နှစ်သိမ့်ဆွေးနွေးပေးလျက်ရှိသည်။ MHAP မှ ကောင်ဆယ်လာနှစ်ဦး သည် အမျိုးသမီးသက်မွေး အတတ်ပညာ သင်ကျောင်းမှ  နှစ်သိမ့် ဆွေးနွေးရန် လိုအပ်လျက်ရှိသည့် အမျိုးသမီးများအား အပတ်စဉ် စနေနေ့တိုင်း နှစ်သိမ့်ဆွေးနွေး ပေးလျက်ရှိသည်။ အောက်တိုဘာလ တွင်းတွင် အမျိုးသမီး ငါးဦးသည် နှစ်သိမ့်ဆွေးနွေးခံယူမှု ပြီးမြောက်ခဲ့ပြီး နောက်ထပ် ငါးဦးအား နှစ်သိမ့်ဆွေးနွေးပေးနိုင်ခဲ့သည်။

ထို့ပြင် MHAP မှ ကောင်ဆယ်လာခြောက်ဦးသည် အပတ်စဉ် တနင်္လာနေ့တိုင်း ငှက်အော်စမ်းလူငယ်လေ့ကျင့်ရေး သင်တန်း ကျောင်းရှိ နှစ်သိမ့်ဆွေးနွေးရန်လိုအပ်နေသော လူငယ် ၁၅ ဦးအား နှစ်သိမ့် ဆွေးနွေးပေးလျက်ရှိသည်။ အောက်တိုဘာလတွင်းတွင် ထိုင်းနိုင်ငံ၊ မဲစောက်မြို့ရှိ MHAP အဖွဲ့မှ ကောင်ဆယ်လာသုံးဦးသည် ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသား  ခုနှစ်ဦးနှင့် အမျိုးသမီး ၁၁ ဦးတို့အား နှစ်သိမ့်ဆွေးနွေးပေးနိုင်ခဲ့သည်။ ထို့ပြင် အောက်တိုဘာလ တွင်းတွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦးတို့သည် နှစ်သိမ့်ဆွေးနွေးခံယူမှု ပြီးမြောက်ခဲ့သည်။

Counselling အစီအစဉ်ကို ပြည်သူလူထုများကြား ပိုမိုသိရှိစေရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း

အောက်တိုဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်၊ AAPP ၏ MHAP အစီအစဉ်မှ စူပါဗိုက်ဆာ ဦးဘိုဘိုလင်းနှင့် Dream Boat အဖွဲ့မှ ကိုမောင်မောင်အေးတို့သည် တွေ့ဆုံခဲ့ကြပြီး ကိုမောင်မောင်အေးတို့ တင်ဆက်နေသော Cherry FM ၌ စိတ်ဓာတ်ပြန်လည်လည် မြှင့်တင်ရေး အစီအစဉ်၏ နှစ်သိမ့်ဆွေးနွေးပေးရေးလုပ်ငန်း (Counselling) ကို ပြည်သူလူထုများကြား ပိုမိုသိရှိနိုင်စေရန် မိတ်ဆက်ပေးမည့် အစီအစဉ် နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ထို့နောက် ပထမအဆင့် အနေဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် Cherry FM မှ နှစ်သိမ့်ဆွေးနွေး ပေးရေးလုပ်ငန်း (Counselling)ကို ထုတ်လွှင့်ခဲ့သည်။ ထုတ်လွှင့်ပြီး သည့်နောက်ပိုင်း အနယ်နယ်အရပ်ရပ်မှ လူပေါင်း ၂၉ ယောက်သည် AAPP သို့ ဆက်သွယ်လာခဲ့သည်။ ထို ၂၉ ယောက်အနက် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား လေးဦး တို့ကို MHAP မှ ကောင်ဆယ်လာများသည် ရန်ကုန်၌ နှစ်သိမ့်ဆွေးနွေးပေးလျက်ရှိ သည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင်အတွင်းရေးမှူး +၉၅() ၄၂၈ ၀၂၃ ၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅() ၄၂၅  ၃၀၈ ၈၄၀

ဦးအောင်မျိုးကျော်ရန်ကုန်ရုံးတာဝန်ခံ +၉၅() ၄၂၈ ၁၁ရ ၃၄၈

အေအေပီပီလစဉ်သတင်းလွှာဒေါင်းလော့ရယူရန် October Newsletter (Burmese)