စက်တင်ဘာလအတွက်လစဉ်အစီရင်ခံစာနှင့်လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်
စက်တင်ဘာလတွင်းတွင် ရှမ်းပြည်နယ်မှ အရပ်သားတစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂၊ ၄၄၀၊ ၄၄၇၊ ၂၉၄ တို့ဖြင့် လယ်သမား အရေးလှုပ်ရှားသူ တစ်ဦး၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ)ဥပဒေ ပုဒ်မ ၁၉ ဖြင့် တက်ကြွလှုပ်ရှားသူ တစ်ဦး အပါအဝင် စုစုပေါင်း သုံးဦး ဖမ်းဆီးခံခဲ့ရသည်။ စက်တင်ဘာလတွင်း အသရေဖျက်မှုဖြင့် NLD အဖွဲ့ဝင် နှစ်ဦး၊ ကျောက် မျက်လုပ်ငန်းရှင် တစ်ဦး၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမျိုးသမီး နှစ်ဦးတို့သည် တရားစွဲဆိုခြင်းခံခဲ့ရသည်။ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားရင်ဆိုင်နေရသော မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဗဟို ကော်မတီဝင် ကိုမင်းဌေး၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် တက်ကြွလှုပ်ရှားသူတစ်ဦး၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ပုသိမ်မြို့နယ်၊ NLD ပါတီဒုဥက္ကဌ တစ်ဦး တို့သည် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ပုဒ်မ ၁၇(၁) ဖြင့် ရှမ်းပြည်နယ် သီပေါမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသော သတင်းထောက်သုံးဦးနှင့် အရပ်သား သုံးဦး၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) တို့ဖြင့် ဗဟန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသော The Voice နေ့စဉ် သတင်းစာမှ အယ်ဒီတာချုပ် တစ်ဦး၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) ဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော The Voice Daily နေ့စဉ်သတင်းစာမှ သရော်စာ ဆောင်းပါးရှင်တစ်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၂ ဖြင့် ဝန်းသိုမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသော The Daily Eleven သတင်းစာမှ အယ်ဒီတာချုပ်တစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော တက်ကြွလှုပ်ရှားသူ တစ်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တောင်ငူမြို့နယ်တရားရုံး၌ တရားစွဲဆိုထားသော တောင်ငူ ဗကသ ကျောင်းသားဟောင်းနှစ်ဦးတို့အား စွဲဆိုထားသော စွဲချက်များကို တပ်မတော်မှ ရုပ်သိမ်းပေးခဲ့သဖြင့် ၎င်းတို့သည် ပြန်လည် လွတ်မြောက်လာခဲ့သည်။ စက်တင်ဘာလတွင်းတွင် ABSDF ဗဟို ကော်မတီဝင် တစ်ဦးဖြစ်သော ကိုမင်းဌေးသည် ပြန်လည် လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသား လေးဦး ဖြစ်သည့် ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး၊ ကိုလဖိုင်ဂမ်နှင့် ဦးဒွမ်ဒေါ့နောင်လတ်တို့မှာမှု ကျန်းမာရေး ဆိုးရွား လျက်ရှိကြောင်းသိရှိရသည်။
စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရွှေဝါရောင် တော်လှန်ရေး ဆယ်နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဓမ္မပိယ သာသနာ့ရိပ်သာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး သံဃာတော်များမှ အရပ်သားအစိုးရအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲရန် တောင်းဆိုခဲ့သည်။ ရွှေဝါရောင် တော်လှန်ရေး၏ အဓိက ရည်မှန်းချက်ဖြစ်သော တပ်မတော်မှ နိုင်ငံရေးတွင် ပါဝင်မှု အဆုံးသတ်ရန် ဆက်လက်တောင်းဆိုလျက်ရှိသော်လည်း ထိုတောင်းဆိုချက်သည် ယခုအချိန်ထိ ပြည့်မြောက်ခြင်း မရှိသေးပါ။ ၂၀၀ရ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပွားခဲ့သော သံဃာတော်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ ဦဆောင်သည့် များစွာသော ဆန္ဒပြပွဲများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အတွက် နိုင်ငံ၏ ရုန်းကန်နေမူ (ကြိုးပမ်းဆောင်ရွက်နေမှု) ကို ပြသနေသော အရေးပါသည့် အမှတ်အသား (ပြယုဂ်) တစ်ခု ဖြစ်ခဲ့ပါသည်။ ၂၀၀ရ ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းတွင် စစ်အစိုးရမှ ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းခဲ့သောကြောင့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံခဲ့ကြရပြီး ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာသည် အသက်ဆုံးရှုံးခဲ့ကြရသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ ရွှေဝါရောင်တော်လှန်ရေးအတွင်း အကြမ်းဖက်ခံခဲ့ရမှုကြောင့် ထိခိုက်နစ်နာခဲ့ရသူ များနှင့်အတူ ရပ်တည်၍ ဂုဏ်ပြုပါသည်။
စက်တင်ဘာလတွင်းတွင် ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် ပုသိမ်မြို့နယ်၊ NLD ပါတီ ဒုဥက္ကဌ ဦးဆန်းရွှေသည် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား အသရေဖျက်ခြင်းအတွက် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ပါတီဝင် ဦးခိုင်ဇော်အောင်မှ မစုစုကြည်ဆွေကို တရားစွဲဆိုခဲ့သည်။ နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ရာဇဝတ်မှုမြောက်စေ သော ပုဒ်မ ၆၆(ဃ)အား ဆက်လက် အသုံးပြုနေခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ဩဂုတ်လ၌ ပြင်ဆင်မှု အနည်းငယ်သာ ပြုလုပ်၍ ပြဋ္ဌာန်းခဲ့သော ဆယ်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေသည် ပြည့်စုံမှု မရှိသည်ကို ပြသနေပြီး နိုင်ငံသားတိုင်း၏ လူ့အခွင့်အရေးများကို ကာကွယ်မှု မပေးနိုင်သည်ကို ညွှန်းဆိုပြနေပါသည်။ ပုဒ်မ ၆၆(ဃ) ကို ပို၍ကောင်းမွန် အောင် ပြင်ဆင်၊ဖြည့်စွက်ခဲ့ပြီးဖြစ်သည့်အတွက် ဝေဖန်မှုများမရှိတော့သော်လည်း ထိုပုဒ်မသည် ဆက်လက်၍ ချိုးဖောက် နေဆဲဖြစ်သည်။ ထိုဥပဒေဖြင့် စွဲချက်များသည် ပြစ်မှုမြောက်ဆဲဖြစ်ပြီး လူတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဆက်လက် ကန့်သတ်ထားလျက်ရှိသည်။ ပုဒ်မ ၆၆(ဃ) ဖြင့် အသရေဖျက်ခြင်း၊ အနိုင်အထက်ပြုုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ မလျော်ဩဇာ သုံးခြင်းအပါအဝင် ပြစ်မှုများကို ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိသေးဘဲ ထိုပုဒ်မ ၆၆(ဃ)ကို အလွန် လွတ်လပ်စွာ အသုံးပြုနိုင်ရန် ခွင့်ပြုထားခြင်းကြောင့် နိုင်ငံသားများကို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်ထားလျက်ရှိသည်။
အသရေဖျက်မှုသည် လူတစ်ဦးတစ်ယောက်၏ လွတ်လပ်ခွင့် တန်ဖိုးကို ကျဆင်းစေရန် သိသာထင်ရှားစွာ စွမ်းဆောင်နိုင်ခြင်း မရှိ သောကြောင့် များစွာသော နိုင်ငံသားများ တရားစွဲဆိုခြင်းခံနေရသည့် အသရေဖျက်မှု၊ ပုဒ်မ ၆၆(ဃ)ကို ရာဇဝတ်မှုမြောက်သော ပြစ်မှုတစ်ခုအဖြစ် စဉ်းစားသုံးသပ်ခြင်းမပြုသင့်ပါဟု AAPP မှ ဆက်လက်၍ အလေးပေးပြောကြားအပ်ပါသည်။ တိကျသော ရည်ညွှန်းချက်များပါရှိသည့် အသရေဖျက်မှုစင်စစ်ကို တရားမရေးရာဆိုင်ရာ လက်ခံနိုင်ခြင်းမရှိသော အပြုအမူအဖြစ်သာ စဉ်းစား သုံးသပ်သင့်ပြီး တရားမရေးရာဆိုင်ရာ ဆောင်ရွက်မှုများဖြင့်သာ ဖြေရှင်းသင့်ပါသည်၊ ရာဇဝတ်မှုမြောက်သော ပြစ်ဒဏ်ချမှတ်ကာ အပြစ်ပေးသော ရာဇဝတ်မှုတစ်ခုအဖြစ် စဉ်းစားသုံးသပ်ခြင်းမပြုသင့်ပါ။ AAPP မှ အစိုးရအား ဆက်သွယ်ရေးဥပဒေ၏ ရာဇဝတ်မှုမြောက်စေမှုကို ဖယ်ရှားခြင်းအားဖြင့် ပုဒ်မ ၆၆(ဃ) ကို ဖျက်သိမ်းရန် သို့မဟုတ် သိသာထင်ရှားစွာ ပြင်ဆင်၊ ဖြည့်စွက်ရန် တိုက်တွန်းပြီး စွဲချက်များကို ပို၍ တိကျစွာ အဓိပ္ပာယ် သတ်မှတ်၊ ဖွင့်ဆိုရန် တိုက်တွန်းပါသည်။ မကြာသေးမီက ပြဋ္ဌာန်းခဲ့သော ပုဒ်မ ၆၆(ဃ) ဖြင့် အများဆုံး ထေင်ဒဏ် နှစ်နှစ်ချမှတ်နိုင်သည်ဟူသည့် ပြစ်ဒဏ်သည် အလွန် ပြင်းထန်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ခွင့်ပြုနေခြင်းဖြစ်သည်သာမက အကျဉ်းထောင်များအား ဝန်ထုပ်ဝန်ပိုးဖြစ်စေသော အကျဉ်းထောင်တွင်း လူဦးရေ ပြည့်ကျပ်နေခြင်းစသည့် ကိစ္စရပ်များကို ဖြစ်ပွားစေပါသည်။
ပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် နှစ်နှစ်သို့ လျော့ချ၍ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ထိုပုဒ်မဖြင့် ပြစ်မှုများကို အာမခံပေးသောကြောင့် စက်တင်ဘာလတွင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ နယ်စပ် ဝင်ပေါက်များ ကြီးကြပ်ရေး အထူးကိုယ်စားလှယ် ဦးမင်းအောင်၊ မဇ္ဈိမသတင်းဌာနမှ သတင်းထောက် နိုင်ကျော်စွာမျိုး (ခေါ်) ဒေါင်းလူ နှင့် ဒီဗွီဘီ သတင်းဌာနမှ သတင်းထောက် ကိုဘဦး နှင့် အောင်လံဒေသခံ ငါးဦးတို့သည် အာမခံရရှိခဲ့သည်။ ထိုဥပဒေကို ပြင်ဆင်ဖြည့်စွက်ခဲ့ပြီးသည့်နောက်ပိုင်း နိုင်ငံသားများသည် အာမခံဖြင့် လွတ်မြောက်ခဲ့သော်လည်း ထိုဥပဒေမှ စွပ်စွဲခံရသူကို အာမခံခွင့်ပြုကောင်း ခွင့်ပြုရမည်ဟု ဖော်ပြထားသောကြောင့် စွပ်စွဲခံရသူသည် အာမခံ ရရှိရန် သေချာခြင်းမရှိသည်ကို သိရှိနားလည်ရန်မှာ အရေးကြီးပြီး ထိုဥပဒေသည် တရားသူကြီးများအား လုပ်ပိုင်ခွင့်များပေးထားဆဲဖြစ်သည်။ ၂၀၁၅ ခုနှစ်ကတည်းက AAPP မှ ထိုအမှုများကို မှတ်တမ်းပြုလျက်ရှိပြီး ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခြင်းခံရသူများအတွက် အာမခံခွင့်ပြုချင်းဆိုင်ရာ သတ်မှတ်ထားသော စံချိန်၊ စံညွှန်းများ မရှိသည်ကို တွေ့ရှိရ သည်။
အပြစ်ရှိသည်ဟု သက်သေမပြနိုင်သည့်တိုင် စွပ်စွဲခံရသူသည် အပြစ်မရှိဟု သတ်မှတ်နိုင်သည့်အတွက် အာမခံသည် ရာဇဝတ်မှု ဆိုင်ရာ တရားရေးစနစ်၏ အခြေခံကျသော ဆောင်ရွက်မှုတစ်ခုဖြစ်သည်။ စွဲချက်များကို ရုပ်သိမ်းခြင်း သို့မဟုတ် ပြစ်ဒဏ်ချမှတ် သည့်တိုင်အောင် စွပ်စွဲခံရသူအား ထိုနည်းလမ်းဖြင့် ရှုမြင်သင့်ပါသည်။ ထိုအခြင်းအရာသည် စွပ်စွဲခံရသူအတွက် ၎င်းတို့၏ နေ့စဉ်ဘဝများကို တည်ဆောက်နိုင်ရန်နှင့် ၎င်းတို့၏ မိသားစုများကို ပံ့ပိုးမှုပေးနိုင်ရန် အလွန် အရေးကြီးပါသည်။ စွပ်စွဲခံရသူကို ဝန်ခံချက်ပေးရန်အတွက် အကြပ်ကိုင်ရန် သို့မဟုတ် စွပ်စွဲခံရသူကို ဥပဒေဆိုင်ရာ ဆွေးနွေးမှုရရှိခြင်းမှ ကန့်သတ်ထားရန် ကြာရှည်စွာ တရားခွင် ကြားနာစစ်ဆေးမှုများရှိနေခြင်းကြောင့် အာမခံပေးခြင်းသည် အရေးကြီးပါသည်။ တရားရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းသည် အကျဉ်းထောင်စနစ်ကို ပို၍တာဝန်ပိစေပြီး အကျဉ်းထောင်တွင်း လူဦးရေ ပြည့်ကျပ်ခြင်း ပြဿနာများ ကိုလည်း ဖြစ်ပွားစေပါသည်။
ရှင်းလင်းစွာ သတ်မှတ်ထားသော အာမခံမပေးနိုင်သည့် ပြစ်မှုများမှလွဲ၍ တရားရုံးများ လက်စွဲ သို့မဟုတ် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများတွင် အာမခံ ငြင်းပယ်ခြင်း သို့မဟုတ် အာမခံ ခွင့်ပြုခြင်းအတွက် ရှင်းလင်းသော ရည်ညွှန်းချက်၊ သတ်မှတ် ချက်များ မရှိသည့်အတွက် ထိုအခြင်းအရာနှင့် ပတ်သက်ပြီး တရားသူကြီးများအား လုပ်ပိုင်ခွင့်များစွာ ပေးထားသည့် အဓိပ္ပာယ် သက်ရောက်ပါသည်။ မြန်မာနိုင်ငံသည် ၎င်း၏ ပြစ်မှု ဆိုင်ရာ ဥပဒေများကို ပြုပြင်ပြောင်းလဲသင့်ပြီး တခြားနိုင်ငံများနှင့် အလားတူသော ရှင်းလင်း၊တိကျသော အာမခံဆိုင်ရာ ရည်ညွှန်းချက်များကို ရေးဆွဲသင့်သည်။ ဥပမာအားဖြင့် အင်္ဂလန်နိုင်ငံတွင် ၁၉၇၆ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သော အာမခံအက်ဥပဒေ၊ ပုဒ်မ ၄ ၌ အာမခံပေးရန်အတွက် သတ်မှတ်ထားသော ချပ်လှပ်ထားမှုများ သို့မဟုတ် ခြွင်းချက်များမရှိလျှင် မည်သည့်အခြေအနေတွင်မဆို စွပ်စွဲခံရသူသည် အာမခံရရှိရမည်ဖြစ်သည်။ ထိုအာမခံအက် ဥပဒေတွင် အာမခံ ချန်လှပ်ထားခွင့်ကို ရှင်းလင်းစွာ ပြဋ္ဌာန်းထားပြီး လူသတ်မှုများ (လူသတ်ရန်ကြိုးပမ်းမှု သို့မဟုတ် လူသတ်ရန် လျှို့ ဝှက် ပူးပေါင်းကြံစည်မှုများ မပါဝင်ဘဲ)၊ လူသေမှုများ၊ ပြင်းထန်သော လိင်ပိုင်းဆိုင်ရာ ပြစ်မှုများနှင့် အဆင့် (က) သတ်မှတ်ထားသော မူးယစ်ဆေးဝါးသုံးစွဲသူများကို အာမခံ ချန်လှပ်ထားခွင့်ရှိသည်။ ထိုမျှသာမက စွပ်စွဲခံရသူသည် ပြန်လည် တရားရင်ဆိုင်ခြင်းပြုမည်မဟုတ်ဟု ယုံကြည်လျှင်၊ အာမခံရရှိချိန်တွင် တခြား ပြစ်မှု ကျူးလွန်ခြင်း သို့မဟုတ် သက်သေနှင့်အတူ ဝင်ရောက် စွက်ဖက် နှောင့်ယှက်ခြင်း သို့မဟုတ် တရားစီရင်မှုကို နှောင့်ယှက်ခြင်းတို့ ပြုလုပ်လျှင် အာမခံငြင်းပယ်နိုင်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ (UDHR) စာတမ်း ပုဒ်မ ၁၁ တွင် အပြစ်ရှိသည်ဟု ခိုင်လုံသော အထောက်အထားမရှိလျှင် ထိုသူသည် အပြစ်မရှိဟု ဖော်ပြထားသည့်အတွက် ပို၍ ရှင်းလင်း ပြည့်စုံသော အာမခံဥပဒေကို ပြဋ္ဌာန်းခြင်းအားဖြင့် လူတိုင်း မျှတသော တရားစီရင်မှုရရှိရန် သေချာစေပါသည်။
ဩဂုတ်လအစောပိုင်းတွင် ကလေးစစ်သားဟောင်းကိုအောင်ကိုထွေးသည် ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်းခံခဲ့ရစဉ်က အတွေ့အကြုံများနှင့် ၁ဝ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရစဉ်က ကြုံတွေ့ခဲ့ရသော အကျဉ်းထောင်တွင်း အတွေ့အကြုံများကို လွတ်လပ်သောအာရှအသံ (RFA) သတင်းဌာနနှင့် အမေး၊ အဖြေပြုလုပ်ခဲ့သောကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ရာဇသတ် ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားရင်ဆိုင်နေရသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ ပုဒ်မ ၁၉ တွင် လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်ဟု ဖော်ပြထားသည့်အတွက် ကိုအောင်ကိုထွေးကို တရားစွဲဆိုထားခြင်းသည် သူ၏ အခွင့်အရေးကို ချိုးဖောက်ခံရခြင်းဖြစ်သည်။.
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး+၆၆(၀) ၈၁ ၂၈၇ ၈၇၅၁
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၃၀ ၈၈၄၀
ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂ ၈၁၁ ၇၃၄၈
တလအတွင်းသုံးသပ်ချက်ဒေါင်းလော့ရယူရန် September MiR (Burmese)
လစဉ်သတင်းအချက်အလက်များဒေါင်းလော့ရယူရန် September Chronology (Burmese)
အေအေပီပီလစဉ်သတင်းလွှာဒေါင်းလော့ရယူရန် September Newsletter (Burmese)
လက်ကျန်နိုင်ငံရေးအကျဉ်းသားများစာရင်းဒေါင်းလော့ရယူရန် 42 remainging PP (burmese) Updated on Sep 30, 17
အမှုရင်ဆိုင်ဆဲစာရင်း SEP 178 facing trial list updated on Sep 30, 17 (burmese)
၆၆(ဃ) မှတ်တမ်းပြုစုထားသည့်စာရင်း 66 (D) total list(new) Updated