ပဲခူးတက္ကသိုလ် (လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲ).

IMG_3263

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ၊ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (ပဲခူး) နှင့် ပဲခူးတက္ကသိုလ် ကျောင်းသားသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်) တို့မှ ကြီးမှူးကျင်းပသည့် လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ၁၃ ဇူလိုင်လ ၂၀၁ရ နေ့ နံနက် ၁ဝ နာရီမှ ၁၂ နာရီထိ ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ သယံဇာတနှင့် သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ် ဒေါက်တာမင်းအောင် တို့မှအဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဘိုကြည်၊ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ လူ့အခွင့်အရေး သင်တန်းနည်းပြ ဆရာဦးစောသန်းလှိုင် တို့မှဟောပြောခဲ့ကြပြီး၊ တက်ရောက်လာသော ကျောင်းသားကျောင်းသူများမှလည်း သိလိုသည့်မေးခွန်းများကို မေးမြန်ခဲ့ကြပါသည်။ ပဲခူးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမျိုးဆက်ပိုင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
အခမ်းအနားမှူးအဖြစ် ဦးအောင်မျိုးကျော်မှ ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း (၇၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။

Q and A