အေအေပီပီမှဇွန်လအတွက်လစဉ်အစီရင်ခံထုတ်ပြန်ချက်နှင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်း

cover

လက်ရှိအခြေအနေအကျဉ်းချုပ်
၂၀၁ရ ခုနှစ်၊ ဇွန်လကုန်တွင် မြန်မာနိုင်ငံတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်း သိမ်းခံထားရသူ ၂၁၂ ဦးရှိသည်။ ထိုထဲမှ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၁ ဦး အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၄၉ ဦးသည် ထောင်တွင်းမှ နေ၍ တရားရင်ဆိုင်နေ ရကာ ၁၂၂ ဦးသည် ထောင်ပြင်ပမှနေ၍ တရား ရင်ဆိုင်နေရ သည်။

တစ်လအတွင်းသုံးသပ်ချက်
ဇွန်လတွင်းတွင် တိုင်းရင်းသားဒေသများမှ တိုင်းရင်းသား ၁၅ ဦး၊ လယ်သမား ၈ ဦး၊ သတင်းထောက်လေးဦး၊ အယ်ဒီတာတစ်ဦးနှင့် အရပ်သားငါးဦးတို့ အပါအဝင် စုစုပေါင်း ၃၃ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဇွန်လတွင်း ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၁၁၄ တို့ဖြင့် လယ်သမား ၈ ဦး၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉ ဖြင့် လက်ပံတောင်းဒေသခံ လယ်သမား လေးဦး၊ ကချင်တိုင်းရင်းသား နှစ်ဦး၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် သတင်းထောက် သုံးဦးနှင့် အရပ်သား သုံးဦး၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် သတင်းထောက် လေးဦး၊ အယ်ဒီတာ တစ်ဦး၊ အရပ်သား တစ်ဦးနှင့် ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၅၃၊ ၂၂၈ တို့ဖြင့် လယ်သမားအရေးလှုပ်ရှားသူ ရှေ့နေတစ်ဦးတို့အပါအဝင် စုစုပေါင်း ၂ရ ဦး တရားစွဲဆိုခံခဲ့ရသည်။ ဇွန်လတွင်း စုစုပေါင်း ၅၄ ဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ထို ၅၄ ဦးထဲတွင် ရာဇသတ်ကြီးပုဒ်မ ၂၀၂ ဖြင့် ကချင်တိုင်းရင်းသား ၄၈ ဦး၊ တပ်ပြေးမှုဖြင့် ကချင်တိုင်းရင်းသား တစ်ဦး၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် ကချင်တိုင်းရင်းသား သုံးဦး၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့် ကျောင်းသားတစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၂ဝ ဖြင့် လယ်သမားအရေးလှုပ်ရှားသူ ရှေ့နေ တစ်ဦးတို့ပါဝင်သည်။ ဇွန်လတွင်း စုစုပေါင်း ၅၉ ဦး လွတ်မြောက်ခဲ့သည်။ ထို ၅၉ ဦးသည် ကချင်တိုင်းရင်းသား ၅၁ ဦး၊ ရှမ်းတိုင်းရင်းသား ငါးဦး၊ သတင်း ထောက်တစ်ဦး၊ တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် ဘုန်းတော်ကြီးတစ်ပါးတို့ဖြစ်ကြသည်။ နိုင်ငံရေးအကျဉ်းသားသုံးဦးဖြစ်သည့် ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင် ခေါ် ကိုကတုံး နှင့် ကိုလဖိုင်ဂမ်တို့မှာမှု ကျန်းမာ ရေး ဆိုးရွားလျက်ရှိကြောင်းသိရှိရသည်။
ဇွန်လတွင်းတွင် အရပ်သားများနှင့် သတင်းထောက်များသည် ရှင်းလင်းတိကျမှုမရှိသော၊ အငြင်းပွားဖွယ်ရာ ဆက်သွယ် ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ဆက်လက် ဖမ်းဆီး၊ တရားစွဲဆိုခံနေရသည်။ မကွေးမြို့အခြေစိုက် MGY ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးတင်ရွှေ၊ မြန်မာတိုင်းမ်နှင့် ဒီလှိုင်းဂျာနယ် (ချောက်) သတင်းထောက် မဖူးပွင့်နေခြည်၊ ဒီမိုကရေစီတူဒေးဂျာနယ် သတင်းထောက် မဇာဇာစန်းတို့ သည် လူမှုကွန်ရက်စာမျက်နှာတွင် ကျေးရွာအမည်မှားယွင်းစွာ ဖော်ပြခဲ့ခြင်း၊ သဘောထား မှတ်ချက်ရေးသားခြင်း တို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ ဇွန်လ ၂ ရက်နေ့တွင် The Voice နေ့စဉ်သတင်းစာ ၏ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ကိုကျော်စွာနိုင် ခေါ် ဗြိတိသျှ ကိုကိုမောင်တို့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို မေးခွန်းထုတ်ထားသော သရော်စာဆောင်းပါးနှင့် ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဗဟန်းမြို့နယ်တရားရုံးမှ ကိုကျော်စွာနိုင်၏အမှုအား ရုပ်သိမ်းပေး၍ ပြန်လွှတ်ပေးခဲ့သော်လည်း ကိုကျော်မင်းဆွေကိုမှု အာမခံ လေးကြိမ်ပယ်ချခဲ့သည်။ ထို့ကြောင့် ကိုကျော်မင်းဆွေသည် ဆက်လက်ထိန်းသိမ်းထားခြင်းခံနေရလျက်ရှိသည်။ ဒုတိယဗိုလ်မှူး ကြီးလင်းထွန်းမှ ဦးကျော်မင်းဆွေနှင့် ကိုကျော်စွာနိုင် တို့အား စွဲချက်အသစ်ဖြင့် ထပ်မံတရားစွဲ ဆိုရန် ဗဟန်းမြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည်။ ဇွန်လ ၄ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဇွန်လ ၅ ရက်နေ့တွင် သူ့အား တရားရုံးတင်ခဲ့ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခဲ့သည်။ ပြဇာတ်တွင် အဓိကသရုပ်ဆောင်ခဲ့သည့် ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူထက်တို့မှာမှု ဆက်လက် အမှုရင်ဆိုင်နေရသည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂ ၈၇၈ ၇၅၁
ဦးဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂၅၃ဝ ၈၈၄၀
ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂ ၈၁၁ ၇၃၄၈

တလအတွင်းသုံးသပ်ချက်အပြည့်အစုံဒေါင်းလော့ရယူရန် Burme Month in Review

လစဉ်အစီရင်ခံစာ အပြည့်အစုံဒေါင်းလော့ရယူရန် Burmese Chronology

လစဉ်သတင်းလွှာဒေါင်းလော့ရယူရန်  Burmese Newsletter

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း ဒေါင်းလော့ရယူရန် 41 remainging PP list burmese version Updated on June 30, 17

အမှုရင်ဆိုင်ဆဲအကျဉ်းသားစာရင်း ဒေါင်းလော့ရယူရန် June 171 facing trial list (Bur) updated on June 30, 17 (Updated)

၆၆(ဃ) မှတ်တမ်းပြုစုထားသည့်စာရင်း ဒေါင်းလော့ရယူရန် 66 (D) total list(new) Updated