ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော (သို့မဟုတ်) လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု (သို့မဟုတ်) ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်။

AAPP ( C A T ) copy

ကျေးဇူးတင်လွှာ
ဤစာအုပ်ဖြစ်မြောက်အောင် အဓိကရံပုံငွေ ထောက်ပံ့ပေးခဲ့သော အန်အီးဒီ (National Endowment for Democracy) နှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဗျူရို (Department of State’s Bureau for Democracy, Human Rights and Labor) အား အထူးကျေးဇူးတင်ရှိပါသည်။
ဤစာအုပ်ဖြစ်မြောက်ရန် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို ပေးသော ကိုအောင်မိုးဇော် (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)၊ ကိုတိုးကျော်လှိုင်၊ ကိုစိုးမြတ်သူ၊ ကိုဘိုကြည် (အေအေပီပီ) နှင့် ကိုဇော်မိုး (အေအေပီပီ)၊ ဝိုင်းဝန်း တည်းဖြတ်ပေးသော ကိုအောင်မျိုးကျော် (အေအေပီပီ)၊ ကိုမိုးကျော် (အေအေပီပီ) နှင့် မလှိုင်လှိုင်မြင့် (အေအေပီပီ)၊ အဖက်ဖက်မှ ပါဝင်ကူညီဆောင်ရွက်ပေးပါသော အေအေပီပီအဖွဲ့သားများ ကိုလည်း ကျေးဇူး တင်ရှိပါသည်။

ညှဉ်းပန်းနှိပ်စက်မှုနှင့်အခြားရက်စက်၍လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်

ဤသဘောတူစာချုပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၃၉/၄၆ ဖြင့် ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အတည်ပြုခဲ့ပြီး သဘောတူလက်မှတ်ရေးထိုးရန်၊ အတည်ပြုချုပ်ဆိုရန်နှင့် ထပ်တိုးအဖွဲ့ဝင်အဖြစ် လက်မှတ် ရေးထိုးရန် ထိုနေ့မှ စတင်ခွင့်ပြုခဲ့သည်။ အပိုဒ် ၂ရ (၁) အရ ၁၉၈ရ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် စာချုပ်စတင် အသက်ဝင်သည်။
ဤသဘောတူစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးထားသော အဖွဲ့ဝင် နိုင်ငံများသည် —
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ထုတ်ပြန်ကြေညာထားသည့် မူဝါဒ များအရ သော်လည်းကောင်း၊ လူသားအားလုံး တွင်ရှိ သည့် ငြင်းပယ်၍ မရသော တူညီမျှတသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် ကမ္ဘာတစ်ဝန်း လွတ်လပ်ခြင်း၊ တရားမျှတခြင်း နှင့် ငြိမ်းချမ်းခြင်းတို့၏ အခြေခံအုတ်မြစ် ဖြစ်သည်ဟု ခံယူ၍သော်လည်းကောင်း၊
ထိုအခွင့်အရေးများသည် လူသားတစ်ဦး၏ မွေးရာပါလူ့ဂုဏ်သိက္ခာမှ ဆင်းသက်လာသည်ကို အသိအမှတ်ပြု၍သော် လည်းကောင်း၊

လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လူသားတိုင်း လေးစား လိုက်နာရေးနှင့် အသိအမှတ်ပြု ရေးတို့ကို မြှင့်တင်ပေးရန် အစိုးရများတွင် တာဝန်ရှိသည်ဆိုသည့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၅၅ အရ သော်လည်းကောင်း၊
မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုမရှိစေရဟု ပြဋ္ဌာန်းထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၅ နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့် အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် အပိုဒ် ရ တို့ကို လေးစား လိုက်နာ၍သော်လည်းကောင်း၊
၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ အတည်ပြုခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ် ပေးမှုမှ လူသားအားလုံးအား အကာအကွယ်ပေးရေး ကြေညာချက်ကို လေးစားလိုက်နာ၍သော်လည်းကောင်း၊
ကမ္ဘာတစ်ဝန်းလုံးတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန် သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပိုမိုထိရောက်စေလိုသော ဆန္ဒဖြင့် သော်လည်းကောင်း၊ အောက်ပါအတိုင်း သဘောတူကြပါသည်။

စာချုပ်အပြည့်အစုံကိုဒေါင်းလော့ရယူနိုင်ပါသည်UNCat-mm

                                                                 UNCAT Myanmar edit-Gray Final