၂၀၁ရ ခုုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့်ညှင်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့့် နိုုင်ငံတကာနေ့ အတွက် သတင်းထုတ်ပြန်ချက်

burmese statement

ညှင်းပန်းနှိပ်စက်မှုများပပျောက်ရေးနှင့် အသက်ရှင်ကျန်ရစ်သူများ၏ လိုုအပ်ချက်များအတွက် ဆောင် ရွက်ပေးခြင်းသည် ဒီမိုုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဓိကကျသည့် လုုပ်ငန်းဖြစ် သည်။

ဝိမုုတ္တတိ အမျိုးသမီးအဖွဲ့ (VWO)၊ နိုုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုုင်ငံ (WLB)၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုုင်ငံ (ND-Burma)၊ အာရှတရားမျှတမှုနှင့် အခွင့်အရေး (AJAR) တိုု့မှ ညှဉ်းပန်းနှိပ်စက်မှုများ အဆုုံးသတ်ရန်နှင့် အသက်ရှင်သန် လွတ်မြောက်လာသူများအတွက် ပြန်လည်ထူထောင်ရေး လုုပ်ငန်းများလုုပ်ဆောင်ရန် ပန်ကြားလိုုက်သည်။

VWO, AAPP, WLB, ND-Burma နှင့် AJAR အဖွဲ့တုို့က ညှဉ်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီ သည့် အခမ်းအနားတစ်ရပ်အား ရန်ကုုန်မြို့၊ အမှတ် ၂၂၁ ရွှေတိဂုုံဘုုရားလမ်းရှိ တော်ဝင်နှင်းဆီခန်းမတွင် ညနေ ၂နာရီမှ ၄ နာရီအထိ ပူးတွဲ စီစဉ်ကျင်းပကြပါသည်။ အခမ်းအနားတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်ရှင်လွတ်မြောက်လာသူများ၊ ၎င်းတိုု့နှင့်ပူးပေါင်းဆောင်ရွက်နေသည့် လူထုုအခြေပြုအဖွဲ့အစည်း များက အတွေ့အကြုံများ ဖလှယ်ဝေငှရန်နှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများအား မည်သိုု့ကူညီပေးနိုုင်သည် တိုု့ကိုု ရှင်းလင်းပြောကြားကြမည် ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုများအား ဆန့်ကျင်သည့် ကုုလသမဂ္ဂစာ ချုပ် (CAT) မြန်မာဘာသာပြန်အားလည်း အခမ်းအနားတွင် ဖြန့်ဝေမည်ဖြစ်သည်။

မြန်မာနိုုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှုများကိုု နိုုင်ငံတော်နှင့် အစိုုးရမဟုုတ်သည့် အဖွဲ့အစည်းများကလည်း အတိတ်တွင်သာမက လက်ရှိကာလတွင်ပင် ကျင့်သုုံးလျှက်ရှိသည်။ လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများ ကြောင့် တိုုင်းရင်းသားဒေသများရှိ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ဖော်ထုုတ်သည့် အစီရင်ခံစာများအ ရလည်း စိတ်ပျက်စရာအခြေအနေများကိုု သိရှိကြရသည်။ ညှဉ်းပန်းနှိပ်စက်မှုများကိုု ထိန်းသိမ်းရေးစ ခန်းများနှင့် စစ်ကြောရေးများတွင် အသုုံးပြုလျှက်ရှိပြီး သတင်းအချက်အလက် ရရှိရန်နှင့် အတင်းအကြပ်ဝန် ခံ ထွက်ဆိုုစေရန် အသုုံးပြုသည်ကိုု မကြာခနတွေ့ရှိရသည်။

ရွာသားများအား တိုုင်းရင်းသားလက်နက်ကိုုင်အဖွဲ့အစည်းများနှင့် ပတ်သက်သည်ဟုု သံသယဖြစ်ကာ စစ်တပ်မှ မကြာခန ဖမ်းဆီးပြီး လက်လွတ်စပယ် ညှဉ်းပန်းနှိပ်စက်မှုများလည်း ရှိသည်။ လိင်ပိုုင်းဆိုုင်ရာ အကြမ်းဖက်မှုသည်လည်း ညှဉ်းပန်းနှိပ် စက်မှုတွင် အကျုံးဝင်သည်။ တရားစီရင်ရေးအာဏာအရ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရန်နှင့် တားဆီးကာကွယ်ရန်မှာ အစိုုးရ၏ တာဝန်ဖြစ်သည်။

အစိုုးရအနေဖြင့် ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာ ရက်စက်မှု (သိုု့မဟုုတ်) ဂုုဏ်သိက္ခာနှင့် မလျော်ညီစွာ ပြုကျင့်ခံရမှု (သိုု့မဟုုတ်) အပြစ်ဒဏ်ပေးမှုတိုု့ကိုု ဆန့်ကျင်သည့် ကုုလသမဂ္ဂစာချုပ် (CAT) ကိုု မဖြစ်မနေ လက်မှတ်ရေးထိုုးရမည် ဖြစ်သည်။ ထိုုသိုု့ပြုလုုပ်ခြင်းဖြင့် မြန်မာနိုုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှု များ ပပျောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတရပ်ကိုု လှမ်းလိုုက်ခြင်းဖြစ်ပြီး အသက်ရှင်ကျန် ရစ်သူများနှင့်လည်း တသားတည်းဖြစ်သည်ဟုု သင်္ကေတအားဖြင့် ကတိကဝတ်ပြုရာလည်းေရောက်သည်။

ညှဉ်းပန်းနှိပ်စက်ခံရသူများအနေဖြင့် ပြန်လည်ကုုစားမှုနှင့် အထောက်အပံ့များ ရယူပိုုင်ခွင့်ရှိသည်။ အများအားဖြင့် လက်ရှိခံစားနေရခြင်းနှင့် ဆိုုးရွားသည့် ကျန်းမာရေးအခြေအနေတိုု့ကြောင့် တချို့နစ်နာခဲ့ ရသူများသည် စောစောစီးစီးနှင့် အချိန်မတိုုင်မီ အသက်ဆုုံးရှုံးရခြင်းများ ရှိနေသည်။ ကျန်းမာရေးစောင့်
ရှောက်မှုရရှိရေးသည် အရေးပေါ် လိုုအပ်မှုဖြစ်သည်။ တခြားလိုုအပ်ချက်များအဖြစ် စိတ်ပိုုင်းဆိုုင်ရာ အားပေးကူညီမှု၊ အသက်မွေးဝမ်းကျောင်းဆိုုင်ရာ သင်တန်းနှင့် အများပြည်သူရှေ့မှောက်တွင် အသိ အမှတ်ပြုပေးခြင်းများပြုလုုပ်ရန်လည်း လိုုအပ်သည်။ ပြန်လည်ကုုစားမှုနှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများ၏ လိုုအပ်ချက်များ ထုုတ်ဖော်ခြင်းသည် အစိုုးရ၏ အဓိကဦးစားပေး ဆောင်ရွက်ရမည့် လုုပ်ငန်းဖြစ်သည်။ အဆိုုပါ အကြောင်းအရာများကိုု လွှတ်တော်တွင် ဆွေးနွေးရမည့် အချက်များအဖြစ် ထားရှိသင့်ပြီး လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွင် မဖြစ်မနေ ထည့်သွင်းဆွေးနွေးရမည်ဖြစ်သည်။

ညှဉ်းပန်းနှိပ်စက်မှုများ ကျင့်သုုံးခြင်း ပပျောက်စေရန် ကတိပြုဆောင်ရွက်စေရေးအတွက် မိမိတိုု့မှမြန်မာအစိုုး ရအား အောက်ပါအကြံပြုချက်များအတိုုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် တုိုက်တွန်း အပ်ပါသည်။

• စစ်တပ်မှ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်နေသော်လည်း အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ် နေမှု အပါအဝင် အရပ်သားများ ညှဉ်းပန်းနှိပ်စက်ခံရခြင်းမှ ကင်းဝေးစေရန်အတွက် စစ်ပွဲများ ရပ်စဲစေပြီး တိုုင်းရင်းသားဒေသများမှ တပ်ဖွဲ့များ ရုုပ်သိမ်းပေးရန်။ • ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကုုလသမဂ္ဂစာချုပ်အား လက်မှတ်ရေးထိုုးရန်နှင့် ဥပဒေအဖြစ် ပြဌာန်း ဆောင်ရွက်ရန်။ • ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးပွဲများတွင် ပြန်လည်ကုုစားမှုနှင့် အသက်ရှင်ကျန်ရစ်သူများအား အကူအညီပေးရေးကိစ္စအား ထည့်သွင်းဆွေးနွေးရန်။ • လက်ကျန်နိုုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန်။ • နိုုင်ငံတကာ နိုုင်ငံသားနှင့် နိုုင်ငံရေးအခွင့်အရေးစာချုပ် (ICCPR) အား လက်မှတ်ရေးထိုုးရန်။

ညှဉ်းပန်းနှိပ်စက်မှုကိုု မည်သည့်ပုုံစံမျိုးမှ ကျူးလွန်ကျင့်သုုံးခြင်းမပြုရန် အစိုုးရနှင့် အစိုုးရမဟုုတ်သည့် အဖွဲ့အစည်းများအားလုုံးအား မိမိတိုု့မှ တောင်းဆိုုလိုုက်ပါသည်။

၂၀၁၇၊ ဇွန်လ ၂၆ ရက်၊ ရန်ကုုန်မြို့ VWO, AAPP, WLB, ND-Burma နှင့် AJAR

ဆက်သွယ်ရန် • ဒေါ်ခင်မိမိခိုုင် (VWO)၊ ဝ၉ ၇၉ ၄၃ရ ၁၄၁၅ • ဦးအောင်မျိုးကျော် (AAPP)၊ ဝ၉ ၄၂ ၈၁၁ ၇၃၄၈ • လိုုည်းပိုုးငယ် (WLB)၊ ဝ၉ ၇၈ ၁၃၂ ၉ ၇၄၂

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုုင်ငံ (ND-Burma) လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုုင်ငံ (ND-Burma) သည် လူ့အခွင့်အရေးမှတ်တမ်းတင် နေသည့် တိုုင်းရင်းသား၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းတိုု့ဖြင့် ၂၀၀၄ ခုုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်အဖွဲ့အစည်း ရ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၉ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး ပြည်တွင်းတွင် ND-Burma အနေဖြင့် အမှန်တရားနှင့် တရားမျှတမှုကို ရှာဖွေရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော် ထုတ်ကာ ပြန်လည်ကုစားမှု လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်နှင့် အတိတ်မှ ဆိုးဝါးသည့်ချိုးဖောက်မှု များ ထပ်မံမဖြစ်ပွားရေးစေရေးအတွက် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ND-Burma သည် ကွင်းဆင်း အချက်အလက်ကောက်ယူသူများအား သင်တန်းပေးခြင်း၊ အဖွဲ့ဝင်များမှ ရရှိလာသည့်အချက်အလက် မှတ် တမ်းများကို Martus Database တွင် ထည့်သွင်းသိမ်းဆည်းခြင်းနှင့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်း များတွင် ပါဝင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် အခြားသော ကဏ္ဍစုံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိသည်။ www.ndburma.org

ဝိမုုတ္တိအမျိုးသမီးအဖွဲ့အစည်း (VWO) ဝိမုုတ္တိလူမှုဝန်ထမ်းအဖွဲ့ကိုု ၂၀၀၉ ခုုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဝိမုုတ္တိဟူသည်မှာ ပါဌိစကား လုုံး ဖြစ်ပြီး လွတ်မြောက်မှုဟုု အဓိပ္ဗါယ်ရသည်။ ဝိမုုတ္တိကိုု စေတနာ့ဝန်ထမ်း အမျိုးသမီးများဖြင့် ဖွဲ့စည်း ထားသည်။ ဝိမုုတ္တိသည် လူမှုရေးလုုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးလျှက်ရှိပြီး ဆင်းရဲနွမ်းပါးသော မိသားစုုများရှိ ကလေးများအတွက် ပညာရေးအထောက်အပံ့ကိုု လည်း စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။ ထိုု့အပြင် အကာအကွယ်မဲ့သူများအတွက် သုုတေသနပြု လုုပ်ခြင်း၊ ကွန်ရက် ချိတ်ဆက်ခြင်း၊ ၎င်းတိုု့၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုုးတက်လာရာမှ တဆင့် သင့်တင့် ကောင်းမွန် သည့် လူမှုပတ်ဝန်းကျင် ဖန်တီးပေးနိုုင်ရန် တိုုက်ရိုုက်ချိတ်ဆက်လျှက်ရှိသည့်အပြင် အမျိုးသမီး နုိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် စိတ်ဓာတ်မြှင့်တင်ရေး အထူးအစီအစဉ်များကိုုလည်း စီစဉ်ဆောင်ရွက် လျှက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အား ၂၀၀ဝ ခုနှစ်တွင် ထိုုင်း-မြန်မာ နယ်စပ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် လုုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။ ၂၀၁၂ ခုနှစ်မှ စတင်ပြီး မိမိတို့အေအေပီပီ၏ ရုံးခွဲများအား မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ လက်ကျန်နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရန်အတွက်နှင့် ထိုနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီးနောက် သူတို့၏ ဘဝများ ပိုမိုကောင်းမွန်လာရန် စည်းရုံးလှုံ့ဆော် တိုက်တွန်းပြောဆိုခဲ့၊ ပြောဆိုလျက်ရှိပါသည်။ နိုုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတိုု့၏ မိသားစုုများအတွက် အကူအညီပေးရေး လုုပ်ငန်းစဉ်များ ရှိပြီး ရည်ရွယ် ချက်မှာ ၎င်းတိုု့အနေဖြင့် ပညာရေး၊ အသက်မွေးဝမ်းကျောင်းဆိုုင်ရာ သင်တန်းများ၊ စိတ်ကျန်းမာရေးအ တွက် နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုတိုု့ ရရှိစေရန်ဖြစ်သည်။ www.aappb.org

အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုုင်ငံ (WLB) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုုင်ငံ) သည် မြန်မာနိုုင်ငံမှ နောက်ခံသမိုုင်းကြောင်း မတူကွဲပြားသည့် တိုုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်း ၁၃ ခုုဖြင့် ဖွဲ့စည်းထားပါသည်။ WLB ကိုု ၁၉ ၉ ၉ ခုုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အမျိုးသမီးများအဖွဲ့ချုုုပ် (မြန်မာနိုုင်ငံသည် အမျိုးသမီးများ အဆင့်အတန်း တိုုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်းပြည့်ဝစေရေးတိုု့အတွက်သာမက အရည် အချင်းမြှင့်တင်ခြင်း၊ စည်းရုုံးချဉ်းကပ်ခြင်း၊ သုုတေသနပြစုုခြင်းနှင့် မှတ်တမ်းတင်ခြင်းများမှတဆင့် ဒီမိုုက ရေစီရေးလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတိုု့အတွက် လှုပ်ရှားဆောင်ရွက်ပါသည်။ www.womenofburma.org

အာရှတရားမျှတမှုနှင့် အခွင့်အရေးများဆိုုင်ရာအဖွဲ့ (AJAR) အာရှတရားမျှတမှုနှင့် အခွင့်အရေးများဆိုုင်ရာအဖွဲ့ (AJAR) သည် အင်ဒိုုနီးရှားနိုုင်ငံ ဂျကာတာမြို့တွင် အခြေစိုုက်သော ဒေသလုုံးဆိုုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည်။ AJAR သည် ပြစ်ဒဏ်ခတ် မခံရခြင်းမှ ကင်းလွတ်နေမှုကိုု ဆန့်ကျင်တိုုက်ခိုုက်နေသည့် ဒေသတွင်းနှင့် နိုုင်ငံလုုံးဆိုုင်ရာအဖွဲ့အစည်း များ၏ စွမ်းဆောင်ရည်ကိုု မြှင့်တင်ပေးနိုုင်ရန်၊ အာရှ-ပစိဖိတ်ဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အများ၏ မူလအကြောင်းခံ အရင်းအမြစ်များမှ သင်ခန်းယူရန် ဆန္ဒရှိရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေးနှင့် တရားမျှတမှုရရှိရေးတိုု့ကိုု အခြေခံ၍ ယဉ်ကျေးသော လူမှုဘဝ တည်ဆောက်နုိုင် စေရန်အတွက် ဖြည့်ဆည်းပံ့ပိုုးပေးရန် ဆောက်ရွက်လျှက်ရှိသည်။ www.asia-ajar.org

ဆက်သွယ်ရန်

ဒေါ်ခင်မိမိခိုုင် (VWO)၊ ဝ၉ ၇၉ ၄၃ရ ၁၄၁၅

ဦးအောင်မျိုးကျော် (AAPP)၊ ဝ၉ ၄၂ ၈၁၁ ၇၃၄၈

လိုုည်းပိုုးငယ် (WLB)၊ ဝ၉ ၇၈ ၁၃၂ ၉ ၇၄၂

ကိုဟန်ကြီး   (ND-Burma) +၆၆(၀) ၈၁၉၆၁ ၅၉၉၂

ထုတ်ပြန်ချက်အပြည့်အစုံဒေါင်းလော့ရယူနိုင်ရန် Torture Survivors Day 2017 statement (Burmese)