ကျဆုံးနိုင်ငံရေးအကျဉ်းသားများအတွက် ရည်စူးပြီးပြုလုပ်သည့် ဂုဏ်ပြုပွဲအခန်းအနား

၁၉၈၈ မှ ယခုအချိန်အထိ နိုင်ငံရေးအကျဉ်းသား (၁၇၅) ဦးသည် မတရားသဖြင့် နှိပ်စက်ခံရမှုကြောင့် အကျဉ်းထောင်များအတွင်း သေဆုံးခဲ့ရပါသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျဆုံးနိုင်ငံရေးအကျဉ်းသားများအတွက် ရည်စူးပြီးပြုလုပ်သည့် ဂုဏ်ပြုပွဲအခန်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပခဲ့ပါသည်။