အကျဉ်းထောင်များအတွင်း သေဆုံးသွားသော နိုင်ငံရေးအကျဉ်းသားများအတွက် ရည်စူးပြီး ပြုလုပ် သည့်အခမ်းအနား

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အကျဉ်းထောင်များအတွင်း သေဆုံးသွားသော နိုင်ငံရေးအကျဉ်းသားများအတွက် ရည်စူးပြီး ပြုလုပ်သည့်အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် အေအေပီပီ မှ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPs) နှင့် ပူးတွဲပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။  အေအေပီပီမှ သေဆုံးသူ နိုင်ငံရေးအကျဉ်းသားတို့၏ မိသားစုဝင်များအား ငွေကြေးထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသည်။