ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း သို့ လေ့လာရေး ခရီးစဉ်

16507297_10206223144815919_361725075_n

၂၀၁ရ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် AAPP မှ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် ဦးဆောင်သော AAPP အဖွဲ့သားများသည် ကော့မှူးမြို့နယ် ၊ ငှက်အော်စမ်း ကျေးရွာတွင် တည်ရှိသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း သို့ လေ့လာရေးခရီးစဉ် အဖြစ်ရောက်ရှိခဲ့ကြပါသည်။ အဆိုပါခရီးစဉ်မှာ AAPP နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့် အဖွဲ့ဝင်များ ဒီဇင်ဘာလဆန်းပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့မှုအပြီး နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သွားရောက် ခဲ့ခြင်း ဖြစ်ပါသည်။

AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ AAPP ၏ အကြောင်းနှင့် လုပ်ငန်း စဉ်များ၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အချက်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည့် အချက်များကို ပြန်လည် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် MHAP အကြောင်းနှင့် ပါတ်သက်၍ ဦးကျော်စိုးဝင်းမှ MHAP အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ အကြောင်းနှင့် Counseling Service အကြောင်း၊ ဝန်ကြီးဌာနလက်အောက်ရှိ သင်တန်းကျောင်းအချို့ နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် အပိုင်းများ၊ ဆက်လက်ပြီး ငှက်အော်စမ်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် အကြောင်းများကို ဆွေးနွေးပြောကြားပါသည်။ တွေ့ဆုံပွဲအပြီးတွင် AAPP မှ လှူဒါန်းသော အာဟာရဒါနအလှူငွေနှင့် စာအုပ်စာတမ်းများကို AAPP မှ လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဦးနှင့် တာဝန်ရှိသူများက လက်ခံပေးခဲ့ပြီး AAPP အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

16521763_10206223147135977_1688086878_n

ထို့နောက် သင်တန်းကျောင်းမှ လူငယ်များအား စုစည်းကာ ကျောင်းအုပ်ဆရာကြီးမှ မိတ်ဆက်ပေးပြီး AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှ ကလေးလူငယ်များကို အားပေး နှုတ်ဆက်စကား ပြောကြားပေးပါသည်။ ထို့ပြင် ဆရာမ နှင်းပန်းအိမ်မှ စိတ်ဓါတ်ခွန်အား တိုးမြှင့် စေသော အမှတ်တရ စကားများကို ကလေးများအား ဟောပြောပေးခဲ့ပါသည်။

launch

နေ့လည် ၁၂ နာရီတွင် AAPP အဖွဲ့သားများသည် ကလေးများ စားဆောင်တွင် ကလေးများနှင့် အတူ နေ့လည်စာကို သုံးဆောင်ကြပါသည်။ နေ့လည် ၁နာရီတွင် ကလေးများမှ ၎င်းတို့၏ ဘဝအတွေ့အကြုံများကို ဖွင့်ဟမျှဝေခြင်း၊ တေးသီချင်းများ ဖျော်ဖြေခြင်းတို့ဖြင့် AAPP အဖွဲ့သားများနှင့် တစ်သားတည်း ရှိနေခဲ့ကြပါသည်။ AAPP အဖွဲ့သားများမှလည်း ကလေးငယ်များကို ဆုချီးမြှင့်ခြင်း၊ ရင်းနှီးစွာ စကားပြောဆိုကြခြင်း စသည်တို့ဖြင့် ဖြတ်သန်းခဲ့ကြပါသည်။

16558811_881643025310859_1251671907_n

ထို့နောက် MHAP အကြောင်းနှင့် ပါတ်သက်၍ ဦးကျော်စိုးဝင်းမှ MHAP အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ အကြောင်းနှင့် Counseling Service အကြောင်း၊ ဝန်ကြီးဌာနလက်အောက်ရှိ သင်တန်းကျောင်းအချို့ နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် အပိုင်းများ၊ ဆက်လက်ပြီး ငှက်အော်စမ်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် အကြောင်းများကို ဆွေးနွေးပြောကြားပါသည်။

16521869_881597988648696_1520055654_n

ထို့ပြင် ဆရာမ နှင်းပန်းအိမ်မှ စိတ်ဓါတ်ခွန်အား တိုးမြှင့် စေသော အမှတ်တရ စကားများကို ကလေးများအား ဟောပြောပေးခဲ့ပါသည်။

နိဂုံးချုပ်အားဖြင့် ငှက်အော်စမ်း ကျေးရွာတွင် တည်ရှိသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်း လူငယ်သင်တန်း ကျောင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးတို့အတွက် ကလေးလူငယ်များမှ တဆင့် မီးမောင်းထိုးပြရာနေရာတစ်ခုအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ် တည့်မတ်မှန်ကန်ရေး တို့အတွက် ဘဝ၊ အနာဂတ်တို့နှင့်ရင်းပြီး အရွယ်မတိုင်မီ ပြသနေကြသူတို့နေရာ အဖြစ် လည်းကောင်း၊ နိုင်ငံ၏ ဆင်းရဲမွဲတေမှု နှုန်းမြင့်မားခြင်း အကျိုးဆက် ရလာဒ်များအတွက် ပြယုဂ် တစ်ခုအဖြစ် လည်းကောင်း၊ စာရိတ္တနှင့် ပညာရေး အချိုးညီမှုကို ထက်ပိုင်းချိုးသကဲ့သို့ မျိုးဆက်သစ် တို့အတွက် သံဝေဂရစရာ နေရာတစ်ခုအဖြစ်လည်းကောင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ အလွဲအမှား အောက်တွင် စီမံခန့်ခွဲမှု စေတနာအလွဲများကိုပါ မျက်ဝါးထင်စွာ တွေ့မြင်ရနိုင်သည့် နေရာ တစ်ခု အဖြစ်လည်းကောင်း ထိုခရီးစဉ်မှတဆင့် လေ့လာဆင်ခြင်စရာများ တွေ့ရနိုင်ပါသည်။