ဇန်နဝါရီလအတွက် နိုင်ငံရေးအကျဉ်းသားအခြေအနေပြလစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

Burmese Chronology Jan 2017 cover

လက်ရှိအခြေအနေအကျဉ်းချုပ်
၂၀၁ရ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် မြန်မာနိုင်ငံ တွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထိန်း သိမ်းခံထားရသူ ၂၅ဝ ဦးရှိသည်။ ထိုထဲမှ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၆ ဦး အကျဉ်း ကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၉ဝ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကာ ၇၄ ဦးသည် ထောင်ပြင်ပမှ နေ၍ တရားရင်ဆိုင်နေရ သည်။
တစ်လအတွင်းသုံးသပ်ချက်
ယခုလတွင် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၃ဝ ဦး ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ထဲမှ ၂၅ ဦးသည် လယ်သမားများဖြစ်ကြပြီး လေးဦးသည် တိုင်းရင်းသား ဒေသများမှ တိုင်းရင်းသားများဖြစ်ကာ ကျန်တစ်ဦးသည် ဆယ်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ယခုလတွင် ၃၆ ဦးတရားစွဲဆိုခံခဲ့ရပြီး ထို ၃၆ ဦးထဲမှ ၂၅ ဦးသည် လယ်သမားများဖြစ်ပြီး ကိုးဦးသည် ကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးသည် တိုင်းရင်းသားများဖြစ်ကြသည်။ ယခုလတွင် လယ်သမား ၅၈ ဦး၊ ပုဒ်မ ၆၆(ဃ) ဖြင့်တစ်ဦး၊ တက်ကြွလှုပ်ရှားသူ တစ်ဦး အပါအဝင် စုစုပေါင်း ၆ဝ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားနှစ်ဦးမှာမှု ကျန်းမာရေးဆိုးရွားလျက်ရှိကြောင်း သိရှိရသည်။
ဇန်နဝါရီလတွင်းတွင် လယ်သမားများသည် မတရားသိမ်းဆည်းခံထားရသော လယ်ယာမြေများနှင့် ပတ်သက်ပြီး ဆက်လက်၍ ဖမ်းဆီး၊ ထိန်းသိမ်းခံရလျက်ရှိသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ နဝင်းဂရက် ကျေးရွာမှ လယ်သမား ၃ရ ဦးအား ဗိုလ်ကြီးဟောင်း ဦးသိန်းဝင်း၏ သားဖြစ်သူ ကိုဇေဇေအောင်မှ ၎င်းပိုင်ဆိုင်သော မြေပေါ်တွင် ဝါးခုတ်သည်ဟု စွပ်စွဲကာ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် အမှုဖွင့်ခဲ့သည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ခန်းလူးကျေးရွာမှ လယ်သမား ၂၁ ဦးတို့သည် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် ဖမ်းဆီး၊ တရားစွဲဆိုခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် အမှတ်(၂) စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)က ခန်လူးကျေးရွာသား ၂၄ ဦး ပိုင်ဆိုင် သည့် လယ်ယာမြေဧက ၇ဝ လောက်ကို သီးနှံလျော်ကြေး အနည်းငယ်သာပေးပြီး သိမ်းယူခဲ့ခြင်းမှ အစပြုကာ လယ်ယာမြေ အငြင်းပွားမှုစတင်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ထိုလယ်သမားများသည် အာမခံဖြင့် လွတ်မြောက်ခဲ့သည်။ ထို့ ကြောင့် မြန်မာနိုင်ငံတွင်း လယ်သမားအခွင့်အရေးနှင့် မတရားသိမ်းဆည်းခံ လယ်ယာမြေအရေးသည် ဆက်လက် ရှိနေသည်ကို ထိုအမှုများမှ မီးမောင်းထိုးပြလျက်ရှိသည်။ သို့ဖြစ်ပါ၍ မူလပိုင်လယ်ယာမြေများတွင် ထွန်ယက်ရန်ကြိုးစားသော လယ်သမားများ ကို ပြစ်ဒဏ်ချမှတ်ခြင်းမှ ကာကွယ်နိုင်ရန်၊ သိမ်းဆည်းခံလယ်ယာမြေအရေးကို အမြန်ဆုံးဖြေရှင်းရန် AAPP မှ အစိုးရအား တိုက် တွန်း ပါသည်။
မတရားအသင်းအက်ဥပဒေအား ဆက်လက်အသုံးပြု၍ နိုင်ငံသားများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် ပါဝင်သည်ဟု စွပ်စွဲကာ ဖမ်းဆီး၊ ထိန်းသိမ်းလျက်ရှိသည်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့သော မုန်းကိုးမြို့နယ်မှ သင်းအုပ်ဆရာနှစ်ဦးဖြစ်သည့် ဦးဒွယ်ဒေါ့နောင်လတ် နှင့် ဦးဂျော်ဂမ်ဆိုင်းတို့အား ဖမ်းဆီးထားကြောင်း စစ်တပ် မှ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ၎င်းတို့အား မှုဆယ်ရဲစခန်းသို့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လွှဲပြောင်းခြင်းမပြုမီ တစ်လနီးပါး ကြာ တရားစွဲဆိုခြင်းမရှိပဲ ထိန်းသိမ်းထားခဲ့သည်။ ယခုလက်ရှိတွင် ၎င်းတို့နှစ်ဦးအား မတရားအသင်းအက်ဥပဒေ ၁၇(၁)(၂)တို့ဖြင့် မှုဆယ်မြို့နယ်ရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိ သည်။ စစ်တပ်မှ ၎င်းတို့နှစ်ဦးအား ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အတွက် ဓာတ်ဆီများ သယ်ယူပို့ဆောင်ပေးခြင်း၊ သတင်းပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ခြင်းတို့ ပြုလုပ်ကြောင်း စွပ်စွဲထားသည်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအရ တိကျသော အကြောင်းပြချက်များမရှိပဲ ဖမ်းဆီး၊ ထိန်းသိမ်းထားခြင်းသည် တရားဝင်ခြင်းမရှိပါ။ ထိုကဲ့သို့မတရားထိန်းသိမ်းထားခြင်းသည် လူ့အခွင့် အရေးချိုးဖောက်မှုကို ဖြစ်စေပြီး ထိုသူများကို ပြင်းထန်သော ထိခိုက်မှုဖြစ်စေသည်။ နိုင်ငံတကာမှ ဖိအားများပေးပြီးနောက် သင်းအုပ်ဆရာနှစ်ဦး၏ အခြေအနေအား စစ်တပ်မှ ထုတ်ဖော်ပြောဆိုရန် တစ်လနီးပါးကြာမြင့်ခဲ့သည်။ AAPP မှ သက်ဆိုင်ရာ တာဝန်ရှိသူများအား လုပ်ငန်း စဉ်များအတိုင်း ဆောင်ရွက်ရန်၊ ပွင့်လင်းမြင်သာမှုရှိရန်နှင့် နိုင်ငံသားများအား လူ့အခွင့်အရေးချိုး ဖောက်မှုများမှ ကာကွယ်ရန် အတွက် ဖမ်းဆီး၊ ထိန်းသိမ်းထားမှုအားလုံးကို မှတ်တမ်းတင်ရန် တိုက်တွန်းပါသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာတနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုမင်းဌေးသည် အစိုးရစစ်ဆေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။ သူ့အား ကချင် လွတ်မြောက်ရေး တပ်မတော်နှင့် ဆက်သွယ်သည်ဟူသော စွဲချက်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ ဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။ ရက္ခိုင့်လွတ်မြောက်ရေးပါတီ (ALP)၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ၊ လူ့အခွင့်အရေးလုပ်ရှား သူတစ်ဦးဖြစ် သည့် ကိုခိုင်မျိုးထွန်း၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသော်လည်း ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သူ၏ အာမခံေ လျှာက်ထားမှု သည် ဒုတိယအကြိမ် ငြင်းပယ်ခြင်းခံခဲ့ရသည်။ ALP မှ စစ်တပ်အား ဂျနီဗာစာချုပ်အား ချိုးဖောက်ကာ ဒေသခံများအား အဓမ္မ လုပ်အားပေး ခိုင်းစေခဲ့ခြင်း၊ နှိပ်စက်ညှဉ်းပန်းခဲ့ခြင်းတို့ ပြုလုပ်နေကြောင်း စွပ်စွဲခဲ့ပြီးနောက် ကိုခိုင်မျိုးထွန်းသည် နိုင်ငံတော်အား အကြည်အညိုပျက်စေမှု၊ မမှန်မကန် သွေးထိုးလှုံ့ဆော်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နှင့် ၅၀၅(ဂ) တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရ သည်။ မတရားအသင်းအက်ဥပဒေ ၁၇(၁)ဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ထောင်ဒဏ်လေးနှစ်ချမှတ် ခြင်းခံခဲ့ရသော ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့၏ အာမခံလျှောက်ထားမှုအား မန္တလေးတိုင်း တရားရုံးမှပယ်ချခဲ့သည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ပလောင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟူးမန်းကျေးရွာတွင် နေထိုင်သော ရွာသားနှစ်ဦးအား စစ်တပ်မှ ဖမ်းဆီး၊ ထိန်းသိမ်းခဲ့သည်။ စစ်တပ်မှ ၎င်းတို့နှစ်ဦးအား လက်နက် ကိုင်အဖွဲ့၏ အဖွဲ့ဝင်များဖြစ်သည်ဟု သံသယရှိခဲ့သည်။ ထိုဖမ်းဆီး၊ ထိန်းသိမ်းမှုများသည် အစိုးရမှ အကောင်အထည်ဖော်လျက်ရှိ သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို နှောင့်နှေးစေသည်သာမက နိုင်ငံသားများ၏ အခြေခံအခွင့်အရေးဖြစ် သော လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့ခွင့်ကိုပါ ချိုးဖောက်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း ပုဒ်မ ၂ဝ (၁) တွင် လူတိုင်း လွတ်လပ်စွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့ခွင့်ရှိ သည်ဟုဖော်ပြထား သည်။ ထို့ကြောင့် AAPP မှ အစိုးရအား မတရားအသင်းအက်ဥပဒေအား ပြင်ဆင်ဖြည့်စွက်ရန် တိုက်တွန်းပြီး တရားစွဲဆိုခြင်းမပြုမီ ထိန်းသိမ်းထားခြင်းအား နောက်ဆုံး ရွေးချယ်စရာနည်းလမ်းအဖြစ် သုံးသင့်ကြောင်း တိုက်တွန်းပါသည်။ AAPP မှ ကျန်းမာရေး အခြေအနေကောင်းမွန်ခြင်းမရှိသူများကို အာမခံပေးသင့်ကြောင်း တိုက်တွန်းပြီး ထိန်းသိမ်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းများအား မျှတမှုရှိစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရန်လည်း တိုက်တွန်းအကြံပြု ပါသည်။
နိုင်ငံသားများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှ ရပ်တန့်သွားစေရန် အသရေဖျက်မှုဥပဒေများဖြစ်သည့် ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ)၊ ရာဇသတ်ကြီးပုဒ်မ ၅၀ဝ တို့အား ဆက်လက် အသုံးပြုလျက်ရှိသည်။ ဇန်နဝါရီလ ၁ရ ရက်နေ့တွင် စစ်တပ်မှ ရာဇသတ်ကြီးပုဒ်မ ၅၀ဝ ဖြင့် ကျောင်းသား ကိုးဦးအား တရားစွဲဆိုခဲ့သည်။ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ နယ်၊ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ဖြစ်ပွားနေသော ပဋိပက္ခများကို ပြဇာတ်ကပြခဲ့ပြီးနောက် ထိုကျောင်းသားများသည် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ ဇန်နဝါရီလ ရ ရက်၊ ၁၁ ရက်နှင့် ၁ရ ရက်နေ့တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သုတေသနဌာန၏ အတွင်းရေးမှူးဖြစ်သူ ကိုမျိူးရန်နောင်သိမ်း၏ အာမခံလျှောက်ထားမှုသည် ငြင်းပယ်ခြင်းခံခဲ့ရသည်။ ကိုမျိုးရန်နောင်သိမ်းသည် သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အသရေဖျက်ခဲ့ခြင်းအတွက် ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆/ဃ ဖြင့် တရားရင်ဆိုင်နေရသည်။ သူသည် မောင်တော နယ်စပ်တိုက်ခိုက်မှုများနှင့် ဆက်နွယ်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းနှင့် သားဖြစ်သူ ဦးတိုးနိုင်မန်းတို့ကို အသရေဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် အပတ်စဉ်ထုတ် သူရိယနေဝန်းဂျာနယ်သည် အမှုဖွင့်ခြင်းခံခဲ့ရသည်။ အငြိမ်းစားတပ်မတော်အရာရှိ ဦးမြင့်ဇော်က သူရိယနေဝန်းဂျာနယ် ထုတ်ဝေသူ ဦးခင်အေး၊ ဂျာနယ်တိုက် အုပ်ချုပ်သူ ဦးကျော်တင့်နှင့် ဆောင်းပါးရှင် ထောင်သူရဲဘအုပ်တို့ကို ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆ (ဃ)ဖြင့် မင်္ဂလာဒုံမြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ဒေသဆိုင်ရာ ရခိုင်အမျိုးသားပါတီ (ANP) ၏ ဥက္ကဖြစ်သူ၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဆိတ်ကျေးရွာမှ ဦးမောင်တင်ထွန်းသည် ဦးသာလှထွန်းအား ဆက်သွယ်ရေးဥပဒေ၊ ဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် စစ်တွေမြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ ဦးသာလှထွန်းသည် ခွင့်ပြုချက်မရှိပဲ လူမှုကွန်ရက်စာမျက်နှာ၌ ဦးမောင်တင်ထွန်း၏ ဓာတ်ပုံကို အသုံးပြုခဲ့ခြင်း၊ ANP ဥက္ကဌ ဦးအောင်မောင်းအပါအဝင် ANP ၏ အဆင့်မြင့်အရာရှိများကို အသရေဖျက်ခဲ့ခြင်းများပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ စုံစမ်းစစ်ဆေးမှုများ စတင်ပြီဖြစ်သော်လည်း ဦးသာလှထွန်းသည် ဖမ်းဆီးခံရခြင်းမရှိသေးပါ၊
လူမှုအသိုင်းအဝိုင်းအတွင်းဖြစ်ပွားလျက်ရှိသော ပြဿနာများအတွက် ပုဒ်မ ၆၆(ဃ) အား လက်နက်သဖွယ် ဆက်လက် အသုံး ပြုကာ မတရား ဖမ်းဆီး၊ ထိန်းသိမ်းလျက်ရှိသည်။ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသော ကိုရှိုင်းထက်အောင်၏ အာမခံလျှောက်ထားမှုအား ဇန်နဝါရီလ ၅ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားသူကြီးမှ ပယ်ချခဲ့သည်။ လေလွင့်ခွေးများ ချစ်သူများအဖွဲ့မှ အဖွဲ့ဝင် ဒေါ်ကြူကြူသိန်းလွင်မှ သူမအား အသရေဖျက်ခြင်းအတွက် ကိုရှိုင်းထက်အောင်အား အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀ဝ တို့သည် လွဲမှားစွာ ဆက်လက် အသုံးပြုခြင်းခံရလျက်ရှိသည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကတည်းမှ လက်ရှိကာလထိ AAPP မှ ပုဒ်မ ၆၆(ဃ) အမှုများအား မှတ်တမ်းပြုလျက်ရှိပြီး ၇၅ ရာခိုင်နှုန်းသော တိုင်ကြားမှုများတွင် အသရေဖျက်ခံရသောသူမှ တိုင်ကြား ခြင်းမရှိပဲ တခြားသူတစ်ဦးမှ တိုင်ကြားခြင်းဖြစ်သည်။ တိကျသေချာမှုမရှိ သော အသရေဖျက်မှုဥပဒေကို လိုသလိုအသုံးပြုနေသည်ကို ထိုအခြင်း အရာများမှ ထင်ဟပ်ပြနေသည်။ ထိုဥပဒေများကို ရာဇဝတ်မှုဆိုင်ရာ ဥပဒေ များကဲ့သို့ သုံးစွဲနေသည်မှာ သင့်တော်ခြင်းမရှိပဲ အခြေခံလူ့အခွင့်အရေးကို လည်း ထိခိုက်စေသည်။ ဇန်နဝါရီလ အစီရင်ခံစာတွင် ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသော လူမှုအသိုင်းအဝိုင်းပြဿနာတစ်ခုအား ဥပမာအနေ ဖြင့် ထည့်သွင်းဖော်ပြထားသည်။ ထိုအမှုများသည် နိုင်ငံရေးဆိုင်ရာ လွတ် လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် တိုက်ရိုက် ဆက်နွယ်ခြင်းမရှိသော်လည်း လူမှု့ရေးရာဆိုင်ရာ ထင်မြင် ယူဆချက်များမှ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ကို ဖိနှိပ်ရန် ပုဒ်မ ၆၆(ဃ)ကို ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသည်။ အကျိုးဆက်အနေဖြင့် မလိုလားအပ်သော ထိန်းသိမ်း ထားမှုများဖြစ်ပေါ်လာသည်။ အသရေဖျက်သော အမှုများသည် အချိန်တိုင်း ဖြစ်ပေါ်လျက်ရှိသည်ကို AAPP မှ သိရှိပြီး ပြစ်မှုမြောက် သော အမှုများဖြစ်စေရန် အသုံးပြုခြင်းမှ အဆုံးသတ်ရန် ပုဒ်မ ၆၆(ဃ) အား ချက်ခြင်း ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ပါသည်။ တရားစွဲဆိုခြင်းမပြုမီ ထိန်းသိမ်းရာတွင် များစွာသော ပမာဏကို ကျခံသုံးစွဲခြင်းရခြင်းကြောင့် ထိုပမာဏကို ကျခံသုံးစွဲရခြင်းမှ လျော့နည်းစေရန် အသရေဖျက်မှုစွဲချက်များကို လူမှုရေးဆိုင်ရာအမှုကိစ္စများကဲ့သို့သာဖြေရှင်းသင့်ပြီး ရာဇဝတ်မှုဆိုင်ရာ တရားစီရင် ရေးကဲ့သို့ ထိုပြဿနာများကို ဖြေရှင်းရန်မသင့်ပါ။ ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများအား လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းမှ တားမြစ်ထားသော ထိုဥပဒေများအား ခြွင်းချက်မရှိ အမြန်ဆုံး ပြင်ဆင်ဖြည့်စွက်ရန် သို့ မဟုတ် ဖျက်သိမ်းရန် တိုက်တွန်းပါသည်။
ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂၈၇၈ ၇၅၁
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၄၂၅၃ဝ ၈၈၄၀
ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈၁၁၇၃၄၈

လစဉ်အစီရင်ခံစာ ဒေါင်းလော့ရယူရန် January Chronology Template

တလအတွင်း သုံးသပ်ချက် ဒေါင်းလော့ရယူရန် January Month in review Burmese Template

တလအတွင်းသတင်းစဉ် ဒေါင်းလော့ရယူရန် January Burmese Newsletter

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း ဒေါင်းလော့ရယူရန် 86 remainging PP list burmese version Updated on Jan 31, 2017

အမှုရင်ဆိုင်နေရသည့် စာရင်းဒေါင်းလော့ရယူရန် 164 facing trial list updated on 31 Jan 17

၆၆(ဃ) နှင့် ပတ်သက်သည့်မှတ်တမ်းပြုစုထားသည့်စာရင်းဒေါင်းလော့ရယူရန် 66 (D) total list(new) Updated