လူ့အခွင့်အရေးဆောင်ရွက်နေသော CSO များနှင့် Ms. Yan Hee Lee တို့တွေ့ဆုံဆွေးနွေး

၁ရ ဇန်နဝါရီ ၂၀၁ရ တွင် ရန်ကုုန်မြို့ UNDP ရုုံး ဦးသန့်ခန်းမ၌ လူ့အခွင့်အရေးဆောင်ရွက်နေသော CSO များနှင့် Ms. Yan Hee Lee တိုု့ နံနက် ၈နာရီမှ ၁၁နာရီထိ တွေ့ဆုုံ၍ မြန်မာနိုုင်ငံလူ့အခွင့်အရေးအခြေအနများ၊ အစိုုးရနှင့် လွှတ်တော်တို့၏ လုုပ်ဆောင်ချက်များနှင့် ၎င်းတိုု့၏ အခန်းကဏ္ဍတို့ကို တွေ့ဆုုံဆွေးနွေးခဲ့ကြသည်။ ထိုအစည်းအဝေးသိုု့ AAPPမှ ကိုုဇော်မိုုးတက်ရောက်ခဲ့ပြီး၊ LRC မှ Daw Pancy Htun Thein, Equality Myanmar မှ ကိုုအောင်မျိုးမင်း၊ ပြည်ကြီးခင်မှ မနွယ်ဇင်ဝင်း၊ PEN Myanmar မှ မသီတာ (စမ်းချောင်း)၊ CSO forum for Peace မှ ကိုသွင်လင်းအောင်၊ CSO forum for Peace မှ ဒေါ်ခွန်ဂျာ၊ GEN မှ မမေစပယ်ဖြူ၊ KHRG မှ Eh Thaw၊ Colors Rainbow မှ ကိုုလှမြတ်၊ United Against Child Trafficking မှ ကိုုရဲရင့်အောင်၊ HRDF မှ ကိုုထူးကျော်၊ Earthrights International မှ ဦးဦးကျော်သိန်း တိုု့တက်ရောက်ခဲ့သည်။
ကိုုဇော်မိုုး (အေအေပီပီ)မှ အေအေပီပီမှ ပြုစုုထားသော နိုုင်ငံရေးအကျဉ်းသားစာရင်းများအား ပြုစုထားသောစာရင်းအလိုုက် တစ်ခုုချင်း ရှင်းပြပေးအပ်ခဲ့ပြီး၊ နိုုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နိုုင်ငံရေးအကျဉ်းသားအဓိပ္ဗါယ်ဖွင့်ဆိုုချက်၊ ၆၆(ဃ)နှင့် Freedom of Expression အပေါ်သက်ရောက်မှု၊ ပုုဒ်မ ၁၇(၁)နှင့် Human Rights Defenders များအတွက် စိုးရိမ်ချက်၊ အကျဉ်းထောင်လူဦးရေ လျော့ချရေး၊ အကျဉ်းထောင်လူဦးရေးနှင့် မူးယစ်ပုုဒ်မများအပေါ် သုုံးသပ်ချက်၊ တရားရင်ဆိုုင်ရေး ကာလကြာမြင့်ခြင်း၊ အကျဉ်းထောင်စနစ်ပြန်လည်ပြုပြင်ရေး၊ စသည်တိုု့အား ဆွေးနွေးခဲ့သည်။